Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 13:8

Judson Bible

ငါ​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သော​ကာ​လ၊ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော ကျေး​ဇူး​တော်​ကြောင့်​ဤ​သို့​ပြု​ရ၏​ဟု ထို​နေ့​၌​သား​မြေး​တို့​အား ကြား​ပြော​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

အို​ဘု​ရား​သ​ခင်၊ ရှေး​လွန်​လေ​ပြီး​သော​ကာ​လ​တွင်၊ ဘိုး​ဘေး​တို့​လက်​ထက်၌ ပြု​တော်​မူ​သော​အ​မှု​ကို သူ​တို့​ပြော၍၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တိုင်​ကြား​ရ​ကြ​ပါ​ပြီ။

အဲ​ဂု​တ္တု​ပြည်၌​ငါ​ပြု​သော​အ​မှု၊ အဲ​ဂု​တ္တု​လူ​တို့​တွင် ငါ​ပြ​သော​နိ​မိတ်​တို့​ကို၊ သင်၏​သား​မြေး​တို့​အား​ကြား​ပြော​သ​ဖြင့်၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သူ၏​နှ​လုံး၊ သူ၏​ကျွန်​တို့​နှ​လုံး​ကို ငါ​ခိုင်​မာ​စေ​ပြီ​ဟု မော​ရှေ​အား မိန့်​တော်​မူ​၏။

နောင်​ကာ​လ၌​သင်၏​သား​က​လည်း၊ အ​ဘယ်​သို့​နည်း​ဟု​မေး​မြန်း​လျှင်၊ သင်​က​လည်း​ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ၊ ထာ​ဝ​ရ​ဘု​ရား​သည် အား​ကြီး​သော လက်​တော်​ဖြင့် ငါ​တို့​ကို​နုတ်​ဆောင်​တော်​မူ၏။

အ​သက်​ရှင်​သော​သူ၊ အ​သက်​ရှင်​သော​သူ​သာ​လျှင်၊ ယ​နေ့​အ​ကျွန်ုပ်​ပြု​သ​ကဲ့​သို့၊ ဂုဏ်​တော်​ကို ချီး​မွမ်း​ရ​ပါ​လိမ့်​မည်။ အ​ဘ​သည် သား​တို့​အား သ​စ္စာ​တော်​ကို ဖော်​ပြ​ရ​ပါ​လိမ့်​မည်။

အ​ဘ​တို့၊ ကိုယ်​သား​သ​မီး​ကို စိတ်​ဆိုး​စေ​ခြင်း​ငှာ မ​ပြု​ကြ​နှင့်။ သ​ခင်​ဘု​ရား၏ အ​လို​တော်​နှင့်​ညီ​သော ဆုံး​မ သွန်​သင်​ခြင်း​ကို​ပြု​လျက် ကျွေး​မွေး​ကြ​လော့။

နောင်​ကာ​လ၌ သင်၏​သား​က၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထား​တော်​မူ​သော ဤ​သက်​သေ​ခံ​ချက်၊ စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​သည် အ​ဘယ်​သို့​ဆို​လို​သ​နည်း​ဟု မေး​မြန်း​လျှင်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ