Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 13:7

Judson Bible

တ​ဆေး​မ​ပါ​သော​မုန့်​ကို​စား​ရ​သော​ခု​နစ်​ရက်​ပတ်​လုံး သင်​တို့​၌ တ​ဆေး​ကို မ​တွေ့​မ​မြင်​ရ။ သင်​တို့​နေ​သော​အ​ရပ်​ရပ်​တို့၌​လည်း မ​တွေ့​မ​မြင်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ခု​နစ်​ရက်​ပတ်​လုံး တ​ဆေး​မ​ပါ​သော​မုန့်​ကို​စား​ရ​မည်။ ပ​ထ​မ​နေ့​ရက်၌ တ​ဆေး​ကို အိမ်​များ​မှ​ပယ်​ရ​မည်။ ပ​ထ​မ​နေ့​မှ​စ၍ ခု​နစ်​ရက်​နေ့​တိုင်​အောင်၊ တ​ဆေး​ပါ​သော​မုန့်​ကို စား​သော​သူ​မည်​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​မှ ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​မည်။

ခု​နစ်​ရက်​ပတ်​လုံး သင်​တို့​အိမ်​များ​၌ တ​ဆေး​မ​ရှိ​ရ။ တ​ဆေး​ပါ​သော​မုန့်​ကို စား​သော​သူ​မည်​သည်​ကား၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​ဖြစ်​စေ၊ ပြည်​သား​ဖြစ်​စေ၊ ဣ​သ​ရေ​လ​အ​မျိုး​ပ​ရိ​သတ်​မှ ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​မည်။

ယေ​ရှု​က​လည်း၊ ဖာ​ရိ​ရှဲ​နှင့် ဇ​ဒ္ဒု​ကဲ​တို့၏​တ​ဆေး​ကို သ​တိ​နှင့် ကြဉ်​ရှောင်​ကြ​ဟု မိန့်​တော်​မူ၏။-

ထို​ကြောင့်၊ ဟောင်း​သော​တ​ဆေး၊ ဆိုး​ညစ် မိုက်​မဲ​ခြင်း​တ​ဆေး​တို့​ကို ပယ်​ပစ်၍၊ တ​ဆေး​မဲ့​မုန့်​တည်း​ဟူ​သော ကြည်​ဖြူ​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း​နှင့် ပွဲ​ခံ​ကြ​ကုန်​အံ့။-

ခု​နစ်​ရက်​ပတ်​လုံး၊ သင့်​နေ​ရာ​ပြည်၌ တ​ဆေး​ပါ​သော​မုန့် မ​ရှိ​ရ။ ပ​ထ​မ​နေ့​ညဉ့်​ဦး​ယံ၌ ပူ​ဇော်​သော​ယဇ်၏​အ​သား​ကို တစ်​ည​လုံး နံ​နက်​တိုင်​အောင် မ​ကျန်​ကြွင်း​စေ​ရ။

ပ​သ​ခါ​ပွဲ​ကို ခံ​ပြီး​မှ၊ နက်​ဖြန်​နေ့၌ ခါ​နာန်​စ​ပါး​ဖြင့်​လုပ်​သော တ​ဆေး​မဲ့​မုန့်​နှင့် ပေါက်​ပေါက်​ကို တစ်​နေ့​ချင်း​တွင် စား​ရ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ