Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 12:51

Judson Bible

ထို​နေ့​ချင်း​တွင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ဗိုလ်​ခြေ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​ဆောင်​သွား​တော်​မူ​ပြီး​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

ယော​သပ်​က​လည်း၊ ကျွန်ုပ်​သေ​တော့​မည်။ အ​ကယ်​စင်​စစ်​ဘု​ရား​သ​ခင်​သည် သင်​တို့​ကို အ​ကြည့်​အ​ရှု​ကြွ​လာ​တော်​မူ​မည်။ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်​သို့၊ ဤ​ပြည်​မှ​ဆောင်​သွား​တော်​မူ​မည်​ဟု အစ်​ကို​တို့​အား​ဆို၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ ထွက်​သော သ​က္က​ရာဇ်​လေး​ရာ​ရှစ်​ဆယ်​ပြည့်၊ ရှော​လ​မုန်​မင်း နန်း​စံ​လေး​နှစ်၊ ဇိ​ဖ​အ​မည်​ရှိ​သော ဒု​တိ​ယ​လ​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ကို တည်​စ​ပြု​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ကု​ရှ​လူ​တို့​ကို အာ​သ​နှင့် ယု​ဒ​လူ​တို့​ရှေ့​မှာ ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ပြေး​ကြ၏။

ဣ​သ​ရေ​လ​အ​မျိုး၊ ယာ​ကုပ်​အ​နွယ်​သည် ရိုင်း​သော​လူ​မျိုး​နေ​ရာ အဲ​ဂု​တ္တု​ပြည်​က​ထွက်​သွား​သော​အ​ခါ၊

က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သည်​ဖြစ်၍၊ အား​ကြီး​သော​လက်၊ ဆန့်​သော​လက်​ရုံး​တော်​ကို လက်​နက်​ပြု​တော်​မူ​ထ​သော၊

အ​နှစ်​လေး​ရာ​သုံး​ဆယ်​စေ့​သော​နေ့​ချင်း​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ ဗိုလ်​ခြေ​အ​ပေါင်း​တို့​သည်၊ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သွား​ကြ​၏။

ထို​သို့ မော​ရှေ​နှင့်​အာ​ရုန်၌ ထာ​ဝ​ရ​ဘု​ရား​ပ​ညတ်​ထား​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ပြု​ကြ၏။

မော​ရှေ​ကို​ခေါ်၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် အ​ဦး​ဖွား​သော​သူ၊

တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်၊ ဧ​လိမ်​အ​ရပ်​မှ​ထွက်၍ ခ​ရီး​သွား​ကြ၏။ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သွား​သော​နောက်၊ ဒု​တိ​ယ​လ​ဆယ်​ငါး​ရက်​နေ့​တွင်၊ ဧ​လိမ်​အ​ရပ်​နှင့် သိ​နာ​တောင်​စပ်​ကြား​မှာ သိန်​တော​သို့​ရောက်​ကြ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သွား​သော​နောက်၊ တ​တိ​ယ​လ တစ်​ရက်​နေ့၌ သိ​နာ​တော​သို့​ရောက်​ကြ​၏။

သူ​တို့​ကို​အဲ​ဂု​တ္တု​ပြည်၊ အဲ​ဂု​တ္တု​လူ​တို့​လက်​မှ​ကယ်​နုတ်၍၊ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ အာ​မော​ရိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​နေ​ရာ၊ နို့​နှင့်​ပျား​ရည်​စီး​တတ်​သော ပြည်​သို့​ပို့​ဆောင်​ခြင်း​ငှာ ငါ​ဆင်း​လာ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​က ဣ​သ​ရေ​လ​အ​မျိုး​သား​ဗိုလ်​ပါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​လော့​ဟု မိန့်​တော်​မူ​သော​စ​ကား​ကို​ခံ​သော​သူ၊

ထို​ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြော​ရ​သော​စ​ကား​ဟူ​မူ​ကား၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ငါ​သည်​လည်း သင်​တို့​ကို အဲ​ဂု​တ္တု​လူ​တို့​လက်​မှ​လွှတ်၍၊ သူ​တို့၏ ညှဉ်း​ဆဲ​ခြင်း​ထဲ​က နုတ်​ယူ​မည်။ လက်​ဆန့်​ခြင်း၊ ကြီး​စွာ​သော​ဒဏ်​ခတ်​ခြင်း​အား​ဖြင့် သင်​တို့​ကို​ငါ​ရွေး​မည်။

သို့​သော်​လည်း ဖာ​ရော​မင်း​သည်​သင်​တို့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​လိမ့်​မည်။ ငါ​သည်​လည်း ငါ့​လက်​ကို​အဲ​ဂု​တ္တု​ပြည်​အ​ပေါ်​မှာ​တင်၍ ကြီး​စွာ​သော​ဒဏ်​ခတ်​ခြင်း​အား​ဖြင့် ငါ၏​ဗိုလ်​ပါ​များ၊ ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​မည်။

သစ်​ခက်​တဲ၌​နေ​စေ​ကြောင်း​ကို သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​တို့​သည် သိ​မှတ်​မည်​အ​ကြောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် သစ်​ခက်​တဲ၌ ခု​နစ်​ရက်​ပတ်​လုံး​နေ​ရ​ကြ​မည်။ ငါ​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။

သင်​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ယူ၍ အာ​မော​ရိ​ပြည်​ကို ဝင်​စား​စေ​ခြင်း​ငှာ၊ အ​နှစ်​လေး​ဆယ်​ပတ်​လုံး တော၌​ပို့​ဆောင်​ပြီ။

သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ ငါ​ဆောင်​ခဲ့​ပြီ။ ကျွန်​ခံ​နေ​ရာ​အ​ရပ်​မှ ရွေး​နုတ်​ပြီ။ သင့်​ရှေ့​မှာ မော​ရှေ၊ အာ​ရုန်၊ မိ​ရိ​အံ​တို့​ကို ငါ​စေ​လွှတ်​လေ​ပြီ။

ဘု​ရား​သ​ခင်​သည် အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​သည်​ဖြစ်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သည် ကြံ့​အား​ကြီး​သ​ကဲ့​သို့ အား​ကြီး၏။

အ​သက်​နှစ်​ဆယ်​လွန်​သော​သူ​တို့​ကို စာ​ရင်း​ယူ​ရ​မည်​အ​ကြောင်း ဆင့်​ဆို​ကြ၏။

မော​ရှေ​နှင့်​အာ​ရုန်​စီ​ရင်၍ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​လာ​သော ဣ​သ​ရေ​လ​အ​မျိုး​သား အ​လုံး​အ​ရင်း​တို့​သည် ခ​ရီး​သွား​ခြင်း​အ​ကြောင်း​အ​ရာ​များ​ကို၊

ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​သည် ငါ​တို့​ဘိုး​ဘေး​များ​ကို ရွေး​ကောက်​တော်​မူ၍၊ အဲ​ဂု​တ္တု​ပြည်၌ ဧည့်​သည်​ဖြစ်​သော ထို​လူ​မျိုး​ကို ချီး​မြှောက်​သ​ဖြင့်၊ ထင်​ရှား​သော လက်​တော်​နှင့် ထို​ပြည်​မှ နုတ်​ဆောင်​တော်​မူ၏။-

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် အ​ဗိ​ဗ​လ၊ ည​အ​ခါ၌ သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​သော​ကြောင့်၊ အ​ဗိ​ဗ​လ​ကို​မှတ်၍၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ပ​သ​ခါ​ပွဲ​ကို​ခံ​လော့။

သင်​တို့​ဘိုး​ဘေး​များ​ကို ချစ်​တော်​မူ​သော​ကြောင့်၊ သူ​တို့​အ​မျိုး​အ​နွယ်​ကို ရွေး​ကောက်​တော်​မူ​ပြီ။

မော​ရှေ​နှင့်​အာ​ရုန်​ကို ငါ​စေ​လွှတ်၍ အဲ​ဂု​တ္တု​လူ​တို့၌ ပြု​သည်​အ​တိုင်း၊ အဲ​ဂု​တ္တု​ပြည်​ကို ဆုံး​မ​သော​နောက်၊ သင်​တို့​ကို နုတ်​ဆောင်​လေ၏။

ထို​ကြောင့် သင်​တို့​သည် သိ​နှင့်​သော်​လည်း ငါ​သည် သ​တိ​ပေး၍ ပြော​ချင်​သော အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​လူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ ကယ်​လွှတ်​တော်​မူ​ပြီး​လျှင်၊ မ​ယုံ​ကြည်​သော သူ​တို့​ကို တစ်​ဖန် ဖျက်​ဆီး​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ