Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 12:50

Judson Bible

ထို​သို့ မော​ရှေ​နှင့်​အာ​ရုန်၌ ထာ​ဝ​ရ​ဘု​ရား​ပ​ညတ်​ထား​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ပြု​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

အ​နှစ်​လေး​ရာ​သုံး​ဆယ်​စေ့​သော​နေ့​ချင်း​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ ဗိုလ်​ခြေ​အ​ပေါင်း​တို့​သည်၊ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သွား​ကြ​၏။

အ​မျိုး​သား​ချင်း​ဖြစ်​သော​သူ၊ သင်​တို့​တွင်​တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​သော​သူ​တို့​သည်၊ တစ်​ပါး​တည်း​သော​တ​ရား​နှင့်​ဆိုင်​ကြ၏​ဟု ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့်​အာ​ရုန်၌ ပ​ညတ်​ထား​တော်​မူ၏။

ထို​နေ့​ချင်း​တွင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ဗိုလ်​ခြေ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​ဆောင်​သွား​တော်​မူ​ပြီး​လျှင်၊

ထာ​ဝ​ရ​ဘု​ရား​က ဣ​သ​ရေ​လ​အ​မျိုး​သား​ဗိုလ်​ပါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​လော့​ဟု မိန့်​တော်​မူ​သော​စ​ကား​ကို​ခံ​သော​သူ၊

သို့​သော်​လည်း ဖာ​ရော​မင်း​သည်​သင်​တို့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​လိမ့်​မည်။ ငါ​သည်​လည်း ငါ့​လက်​ကို​အဲ​ဂု​တ္တု​ပြည်​အ​ပေါ်​မှာ​တင်၍ ကြီး​စွာ​သော​ဒဏ်​ခတ်​ခြင်း​အား​ဖြင့် ငါ၏​ဗိုလ်​ပါ​များ၊ ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​မည်။

ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သော စ​ကား​တော်​အ​တိုင်း ထို​အ​ရွေး​ငွေ​ကို အာ​ရုန်​နှင့် သူ၏​သား​တို့​အား ပေး​လေ၏။

ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဇ​လော​ဖဒ်၏​သ​မီး​မာ​လာ၊

မော​ရှေ​အား​မိန့်​တော်​မူ​သည်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ပြု​ကြ၏။

သူ​တို့​သည်​လည်း ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌၊ ဣ​သ​ရေ​လ​အ​မျိုး​သား ဆောင်​ရွက်​ရ​သော​အ​မှု​ကို ဆောင်​ရွက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​သို့ ချဉ်း​ကပ်​သော​အ​ခါ၊ ဘေး​ဒဏ်​နှင့်​လွတ်​မည်​အ​ကြောင်း၊ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​ထဲ​က လေ​ဝိ​သား​တို့​ကို အာ​ရုန်​နှင့်​သူ၏​သား​တို့​အား စွန့်​ကြဲ​ပေး​ကမ်း​သည်​ဟု၊

လေ​ဝိ​သား​အ​မှု၌၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း မော​ရှေ​နှင့်​အာ​ရုန်​အ​စ​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် လေ​ဝိ​သား​တို့​ကို​ပြု​ကြ​လျှင်၊

ထို​နောက်​မှ လေ​ဝိ​သား​တို့​သည် အာ​ရုန်​နှင့် သူ၏​သား​တို့​ရှေ့၌ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​မှု​ကို ဆောင်​ရွက်​ခြင်း​ငှာ ဝင်​ကြ၏။ လေ​ဝိ​သား​တို့​အ​မှု၌ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း လူ​အ​ပေါင်း​တို့​သည် ပြု​ကြ၏။

သိန်​တော​တွင် ပ​ထ​မ​လ တစ်​ဆယ်​လေး​ရက်​နေ့ ညဉ့်​ဦး​ယံ၌ ပ​သ​ခါ​ပွဲ​ကို​ခံ​ရ​ကြ၏။ မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သ​မျှ​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြု​ကြ၏။

ငါ​သည် သင်​တို့​အား ပေး​သ​မျှ​သော ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ကြ​လော့။ ငါ​သည်​လည်း ကပ်​က​မ္ဘာ​ကုန်​သည်​တိုင်​အောင် သင်​တို့​နှင့်​အ​တူ အ​စဉ်​မ​ပြတ် ရှိ​သည်​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။ ရှင်​မဿဲ​ခ​ရစ်​ဝင်​ပြီး၏။

ဤ​အ​ရာ​များ​ကို သင်​တို့​သိ၍ သိ​သည်​အ​တိုင်း​ကျင့်​လျှင် မင်္ဂ​လာ​ရှိ​ကြ၏။-

သင်​တို့​သည် ငါ​ပ​ညတ်​သ​မျှ​တို့​ကို ကျင့်​ဆောင်​လျှင် ငါ၏​အ​ဆွေ​ဖြစ်​ကြ၏။-

မယ်​တော်​က​လည်း၊ သူ​စေ​ခိုင်း​သ​မျှ​တို့​ကို ပြု​ကြ​လော့​ဟု အ​စေ​ခံ​တို့​အား​ဆို​လေ၏။-

ငါ​မှာ​ထား​သ​မျှ​တို့​ကို ကျင့်​အံ့​သော​ငှာ စောင့်​ရှောက်​လော့။ ထပ်၍ မ​ပို​ရ၊ နုတ်၍ မ​လျော့​စေ​ရ။

ယုံ​ကြည်​ခြင်း​အား​ဖြင့် ရှင်​ဘု​ရင်​အ​မျက်​ကို မ​ကြောက်​ဘဲ၊ အဲ​ဂု​တ္တု​ပြည်​ကို စွန့်​သွား၏။ အ​ကြောင်း​မူ​ကား၊ မျက်​မြင်​မ​ရ​သော ဘု​ရား​သ​ခင်​ကို မြင်​ရ​ဘိ​သ​ကဲ့​သို့ တည်​ကြည်​ခြင်း​ရှိ၏။-

ပြင်၌​ကား၊ ခွေး​ဖြစ်​သော​သူ၊ ပြု​စား​တတ်​သော​သူ၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ လူ​အ​သက်​ကို သတ်​သော​သူ၊ ရုပ်​ထု​ကို ကိုး​ကွယ်​သော​သူ၊ သ​စ္စာ​ပျက်​ခြင်း​ကို​နှစ်​သက်၍ ပြု​သော​သူ​အ​ပေါင်း​တို့​သည် ရှိ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ