ထွက်မြောက် 12:32Judson Bibleသင်တို့တောင်းသည်အတိုင်း သိုးနွားများကိုယူ၍သွားကြလော့။ ငါ့ကိုလည်း ကောင်းချီးပေးကြလော့ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ရှင်ဘုရင်အသက်၊ ဆွေတော်မျိုးတော်တို့၏ အသက်အဖို့ ဆုတောင်းစေခြင်းငှာ၊ သူတို့လိုချင်သမျှ ယေရုရှလင်မြို့ ယဇ်ပုရောဟိတ်တို့ စီရင်သည်အတိုင်း၊ ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်အား မီးရှို့ရာယဇ်ပူဇော်စရာဖို့ နွား၊ သိုးထီး၊ သိုးသငယ်၊ စပါး၊ ဆား၊ စပျစ်ရည်၊ ဆီတို့ကို နေ့တိုင်းအစဉ်အပြတ် ပေးစေ။
ကျွန်ုပ်တို့သည် တိရစ္ဆာန်များကိုဆောင်သွားရမည်။ တစ်ကောင်မျှ မကျန်ရစ်ရ။ အကြောင်းမူကား၊ သူတို့အထဲက ကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားအား ဝတ်ပြုစရာဖို့ ရွေးယူရမည်။ ထာဝရဘုရားအား အဘယ်မည်သောအကောင်နှင့် ဝတ်ပြုရမည်ကို ထိုအရပ်သို့မရောက်မီ မသိပါဟုဆိုလေသော်၊