Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 12:31

Judson Bible

ထို​ည​ချင်း​တွင် မော​ရှေ​နှင့် အာ​ရုန်​ကို​ခေါ်​တော်​မူ​လျှင်၊ သင်​တို့​မှ​စ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ထ၍ ငါ့​လူ​စု​ထဲ​က​ထွက်​သွား​ကြ​လော့။ သင်​တို့​တောင်း​သည်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​အား​သွား၍ ဝတ်​ပြု​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

အဲ​ဂု​တ္တု​ပြည်​သည် သူ​တို့​ကို​ကြောက်​သော​ကြောင့်၊ သူ​တို့​သည် ထွက်​သွား​သော​အ​ခါ တစ်​ပြည်​လုံး ဝမ်း​မြောက်၏။

မော​ရှေ​က​လည်း၊ မိန့်​တော်​မူ​ချက်​သည် လျောက်​ပတ်​ပါ၏။ မျက်​နှာ​တော်​ကို နောက်​တစ်​ဖန်​မ​မြင်​ပါ​ဟု လျှောက်​ဆို၏။

မော​ရှေ​က၊ အ​ကျွန်ုပ်​တို့​သည် သူ​ငယ်၊ သူ​အို၊ သား​သ​မီး၊ သိုး၊ နွား​ပါ​လျက် သွား​ပါ​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ပွဲ​ခံ​ရ​ပါ​မည်​ဟု ပြန်​ဆို​လေ​သော်၊

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​က၊ ဖာ​ရော​ဘု​ရင်​နှင့် အဲ​ဂု​တ္တု​ပြည်​အ​ပေါ်​မှာ ဘေး​တစ်​ပါး​ကို ငါ​ရောက်​စေ​ဦး​မည်။ ထို​နောက် သင်​တို့​ကို​လွှတ်​လိမ့်​မည်။ လွှတ်​သော​အ​ခါ၌​လည်း၊ အ​ကယ်၍ သင်​တို့​ကို​တစ်​ပြိုင်​နက်​နှင်​လိမ့်​မည်။

ကိုယ်​တော်၏​ကျွန်​ဖြစ်​သော ဤ​လူ​အ​ပေါင်း​တို့​သည်​လည်း ကျွန်ုပ်​ထံ​သို့​လာ၍ ပျပ်​ဝပ်​လျက် ထွက်​သွား​ပါ။ ကိုယ်​တော်​နှင့် ကိုယ်​တော်​နောက်၌​လိုက်​သော လူ​အ​ပေါင်း​တို့ ထွက်​သွား​ကြ​ပါ​ဟု ပြော​ဆို​ပြီး​မှ ကျွန်ုပ်​ထွက်​သွား​ပါ​မည်​ဟု လျှောက်​ဆို​သ​ဖြင့်၊ အ​မျက်​ထွက်၍ ဖာ​ရော​ဘု​ရင်​ထံ​မှ​ထွက်​သွား​လေ၏။

တ​ဆေး​မ​ရော​ဘဲ အဲ​ဂု​တ္တု​ပြည်​မှ​ဆောင်​ခဲ့​သော မုန့်​စိမ်း​ကို​ယူ၍၊ တ​ဆေး​မ​ပါ​သော​မုန့်​ကို​ဖုတ်​ရ​ကြ​၏။ အ​ကြောင်း​မူ​ကား၊ အဲ​ဂု​တ္တု​ပြည်၌ မ​နွှဲ​မ​ဖင့် အ​နှင်​ခံ​ရ​သော​ကြောင့်၊ ကိုယ်​စား​စ​ရာ​ကို​မ​ပြင်​မီ​ကြ။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​သည်​ဖာ​ရော​မင်း၌ အ​ဘယ်​သို့​ပြု​မည်​ကို သင်​သည် ယ​ခု​သိ​လိမ့်​မည်။ သူ​သည်​ကြီး​စွာ​သော​တန်​ခိုး​ကို​တွေ့​မြင်၍၊ ငါ​၏​လူ​တို့​ကို လွှတ်​ရ​လိမ့်​မည်။ ကြီး​စွာ​သော တန်​ခိုး​ကို​တွေ့​မြင်၍ သူ​တို့​ကို မိ​မိ​ပြည်​မှ​နှင်​ရ​လိမ့်​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​၏။

ထို​အ​ခါ၊ ဖာ​ရော​ဘု​ရင်​သည် မော​ရှေ​နှင့် အာ​ရုန်​ကို​ခေါ်​ပြီး​လျှင်၊ သင်​တို့​သည် ဤ​ပြည်၌ သင်​တို့၏​ဘု​ရား​သ​ခင်​အား ယဇ်​ပူ​ဇော်​သွား​ကြ​လော့​ဟု မိန့်​တော်​မူ​သော်၊

ထို​အ​ခါ​ဖာ​ရော​မင်း​သည်၊ မော​ရှေ​နှင့်​အာ​ရုန်​ကို​ခေါ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဖား​တို့​ကို​ငါ​နှင့် ငါ့​လူ​တို့​ထံ​မှ​ပယ်​ရှား​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​လော့။ ဣ​သ​ရေ​လ​လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ရ​သော​အ​ခွင့်​ကို ငါ​ပေး​မည်​ဟု​ဆို၏။

သို့​ဖြစ်၍ ဖာ​ရော​ဘု​ရင်​နှင့် အဲ​ဂု​တ္တု​လူ​တို့​သည် ခိုင်​မာ​သော စိတ်​နှ​လုံး​ရှိ​သ​ကဲ့​သို့ အ​ဘယ်​ကြောင့် ခိုင်​မာ​သော စိတ်​နှ​လုံး​ရှိ​ကြ​သ​နည်း။ သူ​တို့​တွင် အ​ထူး​သ​ဖြင့် ပြု​တော်​မူ​သော​အ​ခါ၊ သူ​တို့​သည် လွှတ်​လိုက်၍ ဣ​သ​ရေ​လ​လူ​တို့​သည် သွား​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ