Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 12:22

Judson Bible

ဟုဿုပ်​ပင်​ညွန့်​တစ်​စည်း​ကို​ယူ၍ အင်​တုံ၌​ထည့်​သော အ​သွေး​ထဲ​မှာ​နှစ်​ပြီး​လျှင်၊ တံ​ခါး​ထုပ်​တံ​ခါး​တိုင်​နှစ်​ဖက်​တို့​ကို ထိုး​သုတ်​ကြ​လော့။ ထို​နောက်​မှ နံ​နက်​တိုင်​အောင် အ​ဘယ်​သူ​မျှ မိ​မိ​အိမ်​တံ​ခါး​ပြင်​သို့ မ​ထွက်​မ​သွား​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​ကို စင်​ကြယ်​စေ​ခြင်း​ငှာ၊ ဟုဿုပ်​ပင်​ညွန့်​နှင့် သန့်​ရှင်း​ခြင်း​မင်္ဂ​လာ​ကို ပေး​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို မိုး​ပွင့်​ထက်​သာ၍ ဖြူ​စေ​ခြင်း​ငှာ ဆေး​ကြော​တော်​မူ​ပါ။

သိုး​သ​ငယ်၏​အ​သား​ကို စား​ရ​သော​အိမ်​၏ တံ​ခါး​ထုပ်​နှင့် တံ​ခါး​တိုင်​နှစ်​ဖက်၌၊ သိုး​သ​ငယ်၏​အ​သွေး​ကို​ယူ​၍ ထိုး​ရ​မည်။

ငါ၏​လူ​တို့၊ လာ​ကြ။ အ​တွင်း​အ​ခန်း​ထဲ​သို့ ဝင်၍၊ သင်​တို့​ကို ကွယ်​ကာ​သော တံ​ခါး​များ​ကို ပိတ်​ထား​ကြ။ အ​မျက်​ကာ​လ လွန်​သည်​တိုင်​အောင် ခ​ဏ​သာ​ပုန်း​ရှောင်၍ နေ​ကြ​လော့။

စင်​ကြယ်​သော​သူ​သည်၊ ဟုဿုပ်​ပင်​ညွန့်​ကို ရေ၌​နှစ်၍​တဲ​ပေါ်​မှာ​လည်း​ကောင်း၊ တန်​ဆာ​များ၊ တဲ၌​ရှိ​သော​လူ​များ​ပေါ်​မှာ​လည်း​ကောင်း၊ လူ​သေ​အ​ရိုး၊ သတ်၍​သေ​သော​သူ၊ နာ၍​သေ​သော​သူ၊ လူ​သင်္ချိုင်း​ကို​ထိ​သော​သူ​ပေါ်​မှာ​လည်း​ကောင်း၊ ထို​ရေ​ကို​ဖျန်း​ရ​မည်။

ထို​နောက် သီ​ချင်း​ဆို​ကြ​ပြီး​မှ သံ​လွင်​တောင်​သို့ ထွက်​သွား​ကြ၏။-

သား​ဦး​များ​ကို ဖျက်​ဆီး​သော​သူ​သည် ဣ​သ​ရေ​လ​လူ​တို့​ကို ဒဏ်​မ​ခတ်​စေ​ခြင်း​ငှာ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ပ​သ​ခါ​ပွဲ​ကို​လည်း​ကောင်း၊ အ​သွေး​ဖျန်း​ဆွတ်​ခြင်း​ကို​လည်း​ကောင်း စောင့်​လေ၏။-

ပ​ဋိ​ညာဉ်​တ​ရား​သစ်၏ အာ​မ​ခံ​တည်း​ဟူ​သော ယေ​ရှု​ထံ​တော်​သို့​လည်း​ကောင်း၊ အာ​ဗေ​လ၏​အ​သွေး ပြော​ဆို​သော​အ​ရာ​ထက် သာ၍ မြတ်​သော​အ​ရာ​ကို ပြော​ဆို​သော ဖျန်း​ဆွတ်​ခြင်း၏ အ​သွေး​ထံ​သို့​လည်း​ကောင်း ရောက်​ကြ၏။

တစ်​နည်း​ကား၊ ပ​ထ​မ​ပ​ဋိ​ညာဉ်​တ​ရား​သည် ဝတ်​ပြု​ရာ​စီ​ရင်​ချက်​နှင့်​လည်း​ကောင်း၊ လော​ကီ​သန့်​ရှင်း​ရာ ဌာ​န​တော်​နှင့်​လည်း​ကောင်း စပ်​ဆိုင်၏။-

ထို​မျှ​မ​က၊ အ​ပြစ်​ကင်း​သော ကိုယ်​တော်​ကို၊ ထာ​ဝ​ရ​ဝိ​ညာဉ်​တော် အား​ဖြင့်၊ ဘု​ရား​သ​ခင့်​ရှေ့၌ တင်​လှူ​ပူ​ဇော်​သော ခ​ရစ်​တော်၏​အ​သွေး​သည်၊ သေ​ခြင်း​နှင့် စပ်​ဆိုင်​သော​အ​ကျင့်​ကို ပယ်​ရှင်း၍၊ သင်​တို့​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ဝတ်​ပြု​မည်​အ​ကြောင်း၊ သင်​တို့၌ ကိုယ်​ကို​ကိုယ်​သိ​သော စိတ်​ကို စင်​ကြယ်​စေ​ခြင်း​ငှာ၊ သာ၍​တတ်​နိုင်​တော်​မူ​သည် မ​ဟုတ်​လော။-

တ​ရား​တော်၌ ပါ​သ​မျှ​သော ပ​ညတ်​တို့​ကို မော​ရှေ​သည် လူ​အ​ပေါင်း​တို့​အား ဟော​ပြော​ပြီး​မှ၊ ရေ​နှင့်​ရော​နှော​သော​နွား၊ ဆိတ်၏​အ​သွေး​ကို​ယူ၍၊ အ​နီ​ဆိုး​သော သိုး​မွေး​တပ်​သော ဟုဿုပ်​ပင်​ညွန့်​နှင့်၊ ကျမ်း​စာ​ကို​လည်း​ကောင်း၊ လူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ဖျန်း​လျက်၊-

ထို​အ​ခါ သင့်​အိမ်​ထဲ​က လမ်း​သို့​ထွက်​သွား​သော​သူ မည်​သည်​ကား၊ သေ​လျှင်​သေ​ပြစ်​ကို ကိုယ်​တိုင်​ခံ​စေ၊ ငါ​တို့​သည် အ​ပြစ်​လွတ်​စေ။ သင့်​အိမ်၌ ရှိ​သော​သူ​မည်​သည်​ကို အ​သေ​သတ်​လျှင် သေ​ပြစ်​ကို ငါ​တို့​သည်​ခံ​စေ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ