Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 12:21

Judson Bible

ထို​အ​ခါ မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​ကို​ခေါ်၍၊ သင်​တို့​သည် အိမ်​ထောင်​များ​အ​သီး​အ​သီး ကိုယ်​စီ​ကိုယ်​စီ သိုး​သ​ငယ်​တို့​ကို​ယူ၍ ပ​သ​ခါ​ပွဲ​ဖို့​သတ်​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန် ရှင်​ဘု​ရင်​က​လည်း၊ ဤ​ပ​ဋိ​ညာဉ်​ကျမ်း​စာ၌​လာ​သည်​အ​တိုင်း၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ပ​သ​ခါ​ပွဲ​ကို​ဆောင်​ကြ​လော့​ဟု လူ​အ​ပေါင်း​တို့​ကို​မိန့်​တော်​မူ၏။

ယဇ်​ပု​ရော​ဟိတ်​နှင့် လေ​ဝိ​သား​တို့​သည် တ​ညီ​တ​ညွတ်​တည်း ကိုယ်​ကို​သန့်​ရှင်း​စေ၍၊ အ​လုံး​စုံ​တို့​သည် သန့်​ရှင်း​သ​ဖြင့်၊ မိ​မိ​တို့​အ​ဖို့​မှ​စ၍ ပေါက်​ဖော်​ချင်း ယဇ်​ပု​ရော​ဟိတ်​တို့​အ​ဖို့​နှင့် သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော အ​မျိုး​သား​အ​ပေါင်း​တို့​အ​ဖို့ ပ​သ​ခါ​သိုး​သ​ငယ်​ကို သတ်​ကြ၏။

အ​ဘယ်​သို့​စား​ရ​မည်​နည်း​ဟူ​မူ​ကား၊ ခါး​စည်း​ကို​စည်း​လျက်၊ ခြေ​နင်း​ကို​စီး​လျက်၊ တောင်​ဝှေး​ကို​ကိုင်​လျက် အ​လျင်​အ​မြန်​စား​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​၏ ပ​သ​ခါ​ဖြစ်​သ​တည်း။

သင်​တို့​နေ​ရာ​အ​ရပ်​ရပ်​တို့၌ တ​ဆေး​ပါ​သော​မုန့်​ကို မ​စား​ရ။ တ​ဆေး​မ​ပါ​သော​မုန့်​ကို​သာ​စား​ရ​မည်​ဟု မိန့်​တော်​မူ၏။

သင်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​ပ​ရိ​သတ်​အ​ပေါင်း​တို့​ကို မှာ​ထား​ရ​သော​စ​ကား​ဟူ​မူ​ကား၊ ဤ​လ​ဆယ်​ရက်​နေ့၌ သင်​တို့​ရှိ​သ​မျှ​သည်၊ မိ​မိ​အိမ်​ထောင်​အ​သီး​အ​သီး​အ​တိုင်း တစ်​အိမ်​ထောင်​လျှင် သိုး​သ​ငယ်​တစ်​ကောင်​စီ ယူ​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ လူ​များ​ရှေ့​သို့​သွား၍ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​တို့​ကို​ခေါ်​လော့။ မြစ်​ကို​ရိုက်​သော သင်၏​လှံ​တံ​ကို​ကိုင်​လျက်၊ ဟော​ရပ်​အ​ရပ်​သို့​သွား​လော့။

မော​ရှေ​သည်​ပြန်​လာ၍ လူ​တို့​တွင် အ​သက်​ကြီး​သူ​တို့​ကို​ခေါ်​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သော စ​ကား​အ​လုံး​စုံ​တို့​ကို ပြန်​ပြော​လေ​၏။

သွား၍ ဣ​သ​ရေ​လ​အ​မျိုး​အ​သက်​ကြီး​သူ​တို့​ကို​စု​ဝေး​စေ​ပြီး​လျှင်၊ သင်​တို့​ဘိုး​ဘေး​များ၏​ဘု​ရား​သ​ခင်၊ အာ​ဗြ​ဟံ၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား၊ ယာ​ကုပ်၏​ဘု​ရား​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ထင်​ရှား​တော်​မူ​လျက်၊ အ​ကယ်​စင်​စစ် သင်​တို့​ကို​ငါ​အ​ကြည့်​အ​ရှု​လာ၍၊ အဲ​ဂု​တ္တု​ပြည်၌ သင်​တို့​အား​ပြု​သော​အ​မှု​ကို ငါ​မြင်​ပြီ။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​ကျွမ်း​ကျင်​သော ဣ​သ​ရေ​လ​အ​မျိုး​သား အ​သက်​ကြီး​သူ​ခု​နစ်​ကျိပ်​တို့​ကို ငါ့​ရှေ့​မှာ​စု​ဝေး​စေ​ပြီး​လျှင်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​သို့ ခေါ်​ခဲ့၍ သင်​နှင့်​အ​တူ​ရပ်​နေ​ကြ​စေ​လော့။

ထို​သူ​တို့​နောက်၌ လိုက်​သော​ဓ​မ္မ​ကျောက်​မှ ထွက်​သော​ရေ​ကို သောက်​ကြ၏။ ထို​ကျောက်​ကား ခ​ရစ်​တော်​ဖြစ်​သ​တည်း။-

သား​ဦး​များ​ကို ဖျက်​ဆီး​သော​သူ​သည် ဣ​သ​ရေ​လ​လူ​တို့​ကို ဒဏ်​မ​ခတ်​စေ​ခြင်း​ငှာ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ပ​သ​ခါ​ပွဲ​ကို​လည်း​ကောင်း၊ အ​သွေး​ဖျန်း​ဆွတ်​ခြင်း​ကို​လည်း​ကောင်း စောင့်​လေ၏။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဂိ​လ​ဂါ​လ​အ​ရပ်​တွင်​တပ်​ချ၍၊ ထို​လ တစ်​ဆယ်​လေး​ရက်​နေ့၊ ညဉ့်​ဦး​ယံ၌ ယေ​ရိ​ခေါ​လွင်​ပြင်​မှာ ပ​သ​ခါ​ပွဲ​ကို​ခံ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ