Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 12:11

Judson Bible

အ​ဘယ်​သို့​စား​ရ​မည်​နည်း​ဟူ​မူ​ကား၊ ခါး​စည်း​ကို​စည်း​လျက်၊ ခြေ​နင်း​ကို​စီး​လျက်၊ တောင်​ဝှေး​ကို​ကိုင်​လျက် အ​လျင်​အ​မြန်​စား​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​၏ ပ​သ​ခါ​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန် ရှင်​ဘု​ရင်​က​လည်း၊ ဤ​ပ​ဋိ​ညာဉ်​ကျမ်း​စာ၌​လာ​သည်​အ​တိုင်း၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ပ​သ​ခါ​ပွဲ​ကို​ဆောင်​ကြ​လော့​ဟု လူ​အ​ပေါင်း​တို့​ကို​မိန့်​တော်​မူ၏။

သိုး​သ​ငယ်​၏​အ​သွေး​သည် သင်​တို့​နေ​ရာ​အိမ်၌ သင်​တို့၏​လ​က္ခ​ဏာ​သက်​သေ​ဖြစ်၍၊ ထို​အ​သွေး​ကို​ငါ​မြင်​သော​အ​ခါ၊ သင်​တို့​ကို ငါ​လွန်​သွား​မည်။ ထို​သို့​အဲ​ဂု​တ္တု​ပြည်​ကို ငါ​သည်​ဒဏ်​ခတ်​သော​အ​ခါ၊ ဖျက်​ဆီး​ခြင်း ဘေး​ဥ​ပဒ်​သည် သင်​တို့​ကို​မ​သင့်​မ​ရောက်​ရ။

ထို​အ​ခါ မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​ကို​ခေါ်၍၊ သင်​တို့​သည် အိမ်​ထောင်​များ​အ​သီး​အ​သီး ကိုယ်​စီ​ကိုယ်​စီ သိုး​သ​ငယ်​တို့​ကို​ယူ၍ ပ​သ​ခါ​ပွဲ​ဖို့​သတ်​ကြ​လော့။

ထာ​ဝ​ရ​ဘု​ရား​သည် အဲ​ဂု​တ္တု​လူ​တို့​ကို​ဒဏ်​ခတ်၍၊ ငါ​တို့​အိမ်​များ​ကို ချမ်း​သာ​ပေး​တော်​မူ​သော​အ​ခါ၊ အဲ​ဂု​တ္တု​ပြည်​၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏​အိမ်​များ​ကို လွန်​သွား​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏ ပ​သ​ခါ​ယဇ်​ဖြစ်​သ​တည်း​ဟု ပြန်​ပြော​ရ​ကြ​မည်​ဟု မော​ရှေ​ဆို​ပြီး​လျှင်၊ ထို​သူ​တို့​သည်​ဦး​ညွှတ်​ချ၍ ကိုး​ကွယ်​ကြ​၏။

ပ​သ​ခါ​ပွဲ​တ​ရား​ဟူ​မူ​ကား၊ တစ်​ပါး​အ​မျိုး​သား​မ​စား​ရ။

သင်​တို့​သည် အ​လျင်​အ​မြန် မ​ထွက်​ရ​ကြ။ ပြေး၍ မ​သွား​ရ​ကြ။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ရှေ့၌ ကြွ​တော်​မူ​မည်။ နောက်၌​လည်း ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​သည် သင်​တို့​အ​ကွယ်​အ​ကာ ဖြစ်​တော်​မူ​မည်။

ပ​ထ​မ​လ တစ်​ဆယ်​လေး​ရက်​နေ့​တွင်၊ ပ​သ​ခါ​ပွဲ​ကို ခံ​ရ​မည်။ ခု​နစ်​ရက်​ပတ်​လုံး​ပွဲ​ခံ​စဉ်​တွင် တ​ဆေး​မဲ့​မုန့်​ကို​သာ စား​ရ​မည်။

ပ​ထ​မ​လ​ဆယ်​လေး​ရက်​နေ့ ညဉ့်​ဦး​ယံ၌ ထာ​ဝ​ရ​ဘု​ရား၏​ပ​သ​ခါ​ပွဲ​ဖြစ်၏။

ပ​ထ​မ​လ တစ်​ဆယ်​လေး​ရက်​နေ့၌၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​သ​ခါ​ပွဲ​ဖြစ်၏။

အဲ​ဂု​တ္တု​ပြည်​မှ​ထွက်၍ ဒု​တိ​ယ​နှစ်၊ ပ​ထ​မ​လ၌ သိန်​တော​တွင် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊

သင်​တို့​သည် ခါး​ပန်း​စည်း​လျက်၊ ဆီ​မီး​ထွန်း​လျက်​နေ​သ​ဖြင့်၊-

အ​ဘ​က၊ မြတ်​သော​ဝတ်​လုံ​ကို ယူ​ခဲ့၍ သူ့​ကို​ခြုံ​ကြ၊ သူ၏​လက်၌ လက်​စွပ်​တန်​ဆာ​ကို ဆင်​ကြ။-

မိ​ဘ​တို့​သည် နှစ်​တိုင်း​အ​စဉ် ပ​သ​ခါ​ပွဲ​ခံ​ချိန် ရောက်​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ကြ၏။-

နောက်​တော်၌ ခြေ​တော်​အ​နီး​မှာ​ရပ်​လျက် ငို​ကြွေး၍ ခြေ​တော်​ပေါ်​သို့ မျက်​ရည်​ကျ​လျှင် မိ​မိ​ဆံ​ပင်​နှင့်​သုတ်​လေ၏။ ခြေ​တော်​ကို​လည်း နမ်း၍ ဆီ​မွှေး​နှင့် လိမ်း​လျက်​နေ​လေ၏။-

သင်​တို့​သည် တ​ဆေး​မဲ့​ဖြစ်​သည်​နှင့်​အ​ညီ၊ အ​သစ်​သော မုန့်​စိမ်း​ဖြစ်​မည်​အ​ကြောင်း၊ ဟောင်း​သော​တ​ဆေး​ကို သုတ်​သင်​ပယ်​ရှင်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​တည်း​ဟူ​သော ငါ​တို့​ပ​သ​ခါ သိုး​သ​ငယ်​သည် ငါ​တို့​အ​ဖို့ ယဇ်​ပူ​ဇော်​ရာ​ဖြစ်၏။-

ငြိမ်​သက်​ခြင်း​နှင့်​ယှဉ်​သော ဧ​ဝံ​ဂ​လိ​တ​ရား​ကို ဟော​ပြော​အံ့​သော​ငှာ ပြင်​ဆင်​သော အ​ဖြစ်​တည်း​ဟူ​သော ခြေ​စွပ်​ကို​စွပ်​လျက် ခံ​ရပ်​ကြ​လော့။-

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် အ​ဗိ​ဗ​လ၊ ည​အ​ခါ၌ သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​သော​ကြောင့်၊ အ​ဗိ​ဗ​လ​ကို​မှတ်၍၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ပ​သ​ခါ​ပွဲ​ကို​ခံ​လော့။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဂိ​လ​ဂါ​လ​အ​ရပ်​တွင်​တပ်​ချ၍၊ ထို​လ တစ်​ဆယ်​လေး​ရက်​နေ့၊ ညဉ့်​ဦး​ယံ၌ ယေ​ရိ​ခေါ​လွင်​ပြင်​မှာ ပ​သ​ခါ​ပွဲ​ကို​ခံ​ကြ၏။

သို့​ဖြစ်၍၊ သင်​တို့​စိတ်​နှ​လုံး​ကို ခါး​ပန်း​စည်း၍ သ​မ္မာ​သ​တိ​ရှိ​ကြ​လော့။ ယေ​ရှု​ခ​ရစ် ပေါ်​ထွန်း​တော်​မူ​သော​အ​ခါ၊ သင်​တို့​ဆီ​သို့​ရောက်​လ​တ္တံ့​သော ဆု​ကျေး​ဇူး​ကို အ​ဆုံး​တိုင်​အောင် မျှော်​လ​င့်​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ