Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 12:10

Judson Bible

နံ​နက်​တိုင်​အောင် ထို​အ​သား​ကို​မ​ကြွင်း​စေ​ရ။ အ​နည်း​ငယ်​ကြွင်း​လျှင် မီး​နှင့်​ရှို့​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

မော​ရှေ​က​လည်း၊ နံ​နက်​တိုင်​အောင် အ​ဘယ်​သူ​မျှ​မ​ကျန်​စေ​နှင့်​ဟု ဆို​သော်​လည်း၊

ငါ့​ယဇ်​ကောင်၏​အ​သွေး​ကို၊ တ​ဆေး​ပါ​သော​မုန့်​နှင့်​ရော၍ မ​ပူ​ဇော်​ရ။ ငါ့​ယဇ်​ကောင်​ဆီ​ဥ​ကို နံ​နက်​တိုင်​အောင် မ​ကြွင်း​စေ​ရ။

အ​ရာ၌​ခန့်​ထား​ရာ​နှင့်​ဆိုင်​သော အ​မဲ​သား​ဖြစ်​စေ၊ မုန့်​ဖြစ်​စေ၊ နံ​နက်​တိုင်​အောင် ကျန်​ကြွင်း​လျှင်၊ ထို​အ​ကြွင်း​ကို​မီး​ရှို့​ရ​မည်။ သန့်​ရှင်း​သော​ကြောင့်၊ အ​ဘယ်​သူ​မျှ မ​စား​ရ။

ငါ့​ယဇ်​ကောင်​အ​သွေး​ကို တ​ဆေး​နှင့် ရော၍ မ​ပူ​ဇော်​ရ။ ပ​သ​ခါ​ပွဲ​ယဇ်​ကောင်​ကို၊ နံ​နက်​တိုင်​အောင်​မ​ကြွင်း​စေ​ရ။

ပူ​ဇော်​သော​နေ့​နှင့် နက်​ဖြန်​နေ့၌ စား​ရ​မည်။ သန်​ဘက်​နေ့​တိုင်​အောင် ကျန်​ကြွင်း​လျှင် မီး​ရှို့​ရ​မည်။

သင်​တို့​သည် ငါ့​ပ​ညတ်​တို့​ကို ကျင့်​စောင့်​ရ​ကြ​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

ထို​အ​သား​ကို နံ​နက်​တိုင်​အောင်​မ​ကြွင်း​စေ​ရ။ အ​ရိုး​ကို​လည်း​မ​ချိုး​ရ။ ပ​သ​ခါ​ပွဲ​နှင့် ဆိုင်​သော အ​ထုံး​အ​ဖွဲ့​ရှိ​သ​မျှ​တို့​ကို​လိုက်၍ ပွဲ​ခံ​ရ​သော​အ​ခွင့်​ရှိ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ