Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 11:4

Judson Bible

ထို​အ​ခါ မော​ရှေ​က၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သန်း​ခေါင်​အ​ချိန်၌ အဲ​ဂု​တ္တု​ပြည်​အ​လယ်​သို့​ငါ​ထွက်​သွား​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ပိုး​စာ​ပင်​ဖျား၌ စစ်​ချီ​သံ​ကို​ကြား​သော​အ​ခါ ကြိုး​စား​လော့။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ဖိ​လိ​တ္တိ​တပ်​ကို လုပ်​ကြံ​ခြင်း​ငှာ သင့်​ရှေ့​မှာ ကြွ​သွား​လိမ့်​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊

တစ်​ခ​ဏ​ချင်း​တွင် သ​တ္တ​ဝါ​တို့​သည် သေ​တတ်​ကြ၏။ သန်း​ခေါင်​အ​ချိန်၌ လူ​မျိုး​တစ်​စုံ​တစ်​မျိုး တုန်​လှုပ်​ကွယ်​ပျောက်၍၊ အား​ကြီး​သော​သူ​သော်​လည်း အ​ဘယ်​သူ​မျှ​မ​ပြု​ဘဲ သုတ်​သင်​ပယ်​ရှင်း​ခြင်း​သို့ ရောက်​တတ်၏။

အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့​ကို စွန့်​ပစ်​တော်​မူ​သော ကိုယ်​တော်​သည် ပြု​တော်​မူ​မည် မ​ဟုတ်​လော။ အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့​ဗိုလ်​ခြေ​နှင့်​အ​တူ ကြွ​တော်​မ​မူ​သော ကိုယ်​တော်​သည် ပြု​တော်​မူ​မည် မ​ဟုတ်​လော။

နား​မ​လည်​သော​စ​ကား​ကို ကြား​ရာ​အ​ရပ်၊ အဲ​ဂု​တ္တု​ပြည်​တစ်​ဖက်၌ ကြွ​သွား​တော်​မူ​သော​အ​ခါ၊ ယော​သပ်​အ​မျိုး၌ ထို​သို့​သော​သက်​သေ​ခံ​ချက်​ကို စီ​ရင်​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ ယ​နေ့​ည​တွင် အဲ​ဂု​တ္တု​ပြည်​ကို ငါ​သည် ထုတ်​ချင်း​ခပ်​သွား၍၊ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော လူ​တို့၏​သား​ဦး​များ​နှင့် တိ​ရ​စ္ဆာန်​တို့၏ သား​ဦး​များ​အ​ပေါင်း​တို့​ကို​ဒဏ်​ခတ်၍၊ အဲ​ဂု​တ္တု​ပြည်၏​ဘု​ရား​တို့​ကို တ​ရား​စီ​ရင်​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။

အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် အဲ​ဂု​တ္တု​လူ​တို့​ကို​ဒဏ်​ခတ်​ခြင်း​ငှာ ထုတ်​ချင်း​ခပ်​သွား​တော်​မူ​မည်။ တံ​ခါး​ထုပ်​နှင့် တံ​ခါး​တိုင်​နှစ်​ဖက်​၌​ရှိ​သော အ​သွေး​ကို​မြင်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် တံ​ခါး​ကို​လွန်​သွား​တော်​မူ​မည်။ ဖျက်​ဆီး​သော​သူ​သည် သင်​တို့​ကို​ဒဏ်​ခတ်​ခြင်း​ငှာ၊ အိမ်​ထဲ​သို့​ဝင်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မ​မူ။

သန်း​ခေါင်​အ​ချိန်​၌၊ ထာ​ဝ​ရ​ဘု​ရား​သည် နန်း​ထိုင်​သော​ဖာ​ရော​ဘု​ရင်၏​သား​ဦး​မှ​စ၍ ထောင်​ထဲ​မှာ​အ​ချုပ်​ခံ​ရ​သော သူ၏​သား​ဦး​တိုင်​အောင်၊ အဲ​ဂု​တ္တု​ပြည်၌ သား​ဦး​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ တိ​ရ​စ္ဆာန်​တို့၏​သား​ဦး​ရှိ​သ​မျှ​ကို​လည်း​ကောင်း ဒဏ်​ခတ်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် သူ​ရဲ​ကဲ့​သို့ ထွက်​ကြွ၍၊ စစ်​သူ​ရဲ​ကဲ့​သို့ ကိုယ်​စိတ်​ကို ကိုယ်​နှိုး​ဆော်​တော်​မူ​လိမ့်​မည်။ အော်​ဟစ်​ကြွေး​ကြော်၍ ရန်​သူ​တို့​တစ်​ဖက်၌ အား​ထုတ်​တော်​မူ​လိမ့်​မည်။

အဲ​ဂု​တ္တု​ပြည်​ခံ​ရ​သော ကာ​လ​နာ​ဘေး​ကို သင်​တို့​ရှိ​ရာ​သို့ ငါ​စေ​လွှတ်​လေ​ပြီ။ လု​လင်​တို့​ကို ဓား​ဖြင့် ကွပ်​မျက်​စေ​ပြီ။ မြင်း​တို့​ကို သိမ်း​သွား​စေ​ပြီ။ သင်​တို့​တပ်၌ ပုပ်​စပ်​သော​အ​နံ့​ကို သင်​တို့​နှာ​ခေါင်း၌ လှိုင်​စေ​ပြီ။ သို့​သော်​လည်း၊ ငါ့​ထံ​သို့ ပြန်၍​မ​လာ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ခပ်​သိမ်း​သော စ​ပျစ်​ဥ​ယျာဉ်​တို့၌​လည်း မြည်​တမ်း​ခြင်း​ရှိ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် သင်​တို့​အ​လယ်၌ လျှောက်​သွား​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အ​နိုင်​အ​ထက် ဖွင့်​သော​သူ​သည် သူ​တို့​ရှေ့​မှာ​သွား၏။ သူ​တို့​သည်​လည်း အ​နိုင်​အ​ထက်​ဖွင့်၍ တံ​ခါး​ဝ​ဖြင့် လျှောက်​သွား​ကြ၏။ သူ​တို့ ရှင်​ဘု​ရင်​သည် သူ​တို့​ရှေ့​မှာ​သွား၍ ထာ​ဝ​ရ​ဘု​ရား​သည် လမ်း​ပြ​တော်​မူ၏။

သန်း​ခေါင်​ယံ၌ ကြည့်​ပါ။ မင်္ဂ​လာ​ဆောင်​လု​လင်​သည် လာ​ပြီ။ ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ ထွက်​သွား​ကြ​ကုန်​ဟု ကြွေး​ကြော်​လျှင်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ