Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 11:3

Judson Bible

သူ​တို့​တောင်း​သည်​အ​တိုင်း၊ အဲ​ဂု​တ္တု​လူ​တို့​သည် ပေး​ချင်​သော​စေ​တ​နာ​စိတ်​ကို ထာ​ဝ​ရ​ဘု​ရား​ဖြစ်​စေ​တော်​မူ၏။ မော​ရှေ​သည်​လည်း၊ အဲ​ဂု​တ္တု​ပြည်​တွင် ဖာ​ရော​ဘု​ရင်၏​ကျွန်​များ၊ လူ​များ​ရှေ့၌ ကြီး​စွာ​သော​အ​သ​ရေ​ရှိ​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် သင့်​ကို လူ​မျိုး​ကြီး​ဖြစ်​စေ​မည်။ ငါ​ကောင်း​ချီး​ပေး၍ သင်၏​နာ​မ​ကို ကြီး​မြတ်​စေ​မည်။ သင်​သည် ကောင်း​ချီး​ခံ​ရ​သော​သူ​ဖြစ်​လိမ့်​မည်။

သို့​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​ဘက်၌​ရှိ၍ ကယ်​မ​သ​နား​တော်​မူ​သ​ဖြင့်၊ ထောင်​မှူး​ထံ​မျက်​နှာ​ရ​စေ​တော်​မူ၏။

သင်​သွား​လေ​ရာ​ရာ၌ ငါ​လိုက်၍ သင်၏​ရန်​သူ​အ​ပေါင်း​တို့​ကို သင့်​ရှေ့​မှ​ပယ်​ရှား​သ​ဖြင့်၊ မြေ​ကြီး​သား​တို့​တွင် လူ​ကြီး၏​ဂုဏ်​အ​သ​ရေ​ကဲ့​သို့ သင်၌​ကြီး​စွာ​သော ဂုဏ်​အ​သ​ရေ​ကို​ငါ​ပေး​ပြီ။

အ​ကြောင်း​မူ​ကား၊ မော်​ဒ​ကဲ​သည် နန်း​တော်​တွင် ဘုန်း​ကြီး​လျက်၊ အ​တိုင်း​တိုင်း​အ​ပြည်​ပြည်၌ သ​တင်း​နှံ့​ပြား၍၊ တစ်​နေ့​ထက်​တစ်​နေ့ ကြီး​မြင့်​ရာ​သို့ ရောက်​သ​တည်း။

သူ​တို့​ကို ချုပ်​ထား​သိမ်း​သွား​သော သူ​အ​ပေါင်း​တို့​သည် သ​နား​ရ​ကြ​မည်​အ​ကြောင်း ပြု​တော်​မူ၏။

မော​ရှေ​စီ​ရင်​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ငွေ​တန်​ဆာ၊ ရွှေ​တန်​ဆာ၊ အ​ဝတ်​တန်​ဆာ​များ​ကို အဲ​ဂု​တ္တု​လူ​တို့၌​တောင်း​ကြ၏။

တောင်း​သည်​အ​တိုင်း​လည်း၊ ပေး​ချင်​သော​စေ​တ​နာ​စိတ်​ကို အဲ​ဂု​တ္တု​လူ​တို့​အား ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သ​ဖြင့်၊ အဲ​ဂု​တ္တု​လူ​တို့၏ ဥ​စ္စာ​များ​ကို​လု​ယူ​ကြ၏။

ထို​လူ​မျိုး​သည် အဲ​ဂု​တ္တု​လူ​တို့​ထံ၌ မျက်​နှာ​ရ​သော​အ​ခွင့်​ကို​ငါ​ပေး၍၊ သင်​တို့​သည် ထွက်​သွား​သော​အ​ခါ လက်​ချည်း​မ​သွား​ရ​ကြ။

သင့်​ကို ညှဉ်း​ဆဲ​သော​သူ​တို့၏​သား​တို့​သည် သင့်​ထံ​သို့​လာ၍ ဦး​ချ​ကြ​လိမ့်​မည်။ သင့်​ကို မ​ထီ​မဲ့​မြင်​ပြု​သော​သူ အ​ပေါင်း​တို့​သည် သင်၏​ခြေ​ရင်း၌ ဝပ်​နေ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​မြို့၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား၏ ဇိ​အုန်​မြို့​ဟူ၍၊ သင့်​ကို သ​မုတ်​ကြ​လိမ့်​မည်။

မော​ရှေ​သည်​လည် အဲ​ဂု​တ္တု အ​တတ်​ပ​ညာ အ​လုံး​စုံ​တို့​ကို​သင်၍၊ နှုတ်​သ​တ္တိ၊ လက်​သ​တ္တိ​ရှိ၏။-

ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော်​မူ၍၊ အဲ​ဂု​တ္တု​ပြည်​တွင် ဖာ​ရော​ဘု​ရင်​နှင့် သူ၏​ကျွန်​မှ​စ၍ ပြည်​သား​အ​ပေါင်း​တို့၌ နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု အ​လုံး​စုံ​တို့​ကို​ပြု၍၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ရှေ့​မှာ မ​ဟာ​တန်​ခိုး​တော်​နှင့် အ​လွန်​ကြောက်​မက်​ဖွယ်​သော အ​မှု​အ​ရာ​အ​ပေါင်း​တို့​ကို ပြ​လေ​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ မျက်​နှာ​တော်​ကို ကိုယ်​တိုင်​ကိုယ်​ကြပ်​ဖူး​မြင်​ရ​သော ပ​ရော​ဖက်​မော​ရှေ​ကဲ့​သို့ နောက်​တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး၌ သူ​နှင့်​တူ​သော ပ​ရော​ဖက်​တစ်​စုံ​တစ်​ပါး​မျှ မ​ပေါ်​မ​ထွန်း။ ရှင်​မော​ရှေ​စီ​ရင်​ရေး​ထား​သော တ​ရား​ဟော​ရာ​ကျမ်း​ပြီး၏။

ထို​နေ့၌ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ရှေ့​မှာ ယော​ရှု​ကို​ချီး​မြှင့်​တော်​မူ၍၊ သူ​တို့​သည် မော​ရှေ​ကို​ကြောက်​ရွံ့​သ​ကဲ့​သို့ ယော​ရှု​ကို​လည်း သူ၏​အ​သက်​တည်​သည်​ကာ​လ​ပတ်​လုံး ကြောက်​ရွံ့​ကြ၏။

ငါ၏​နာ​မ​ကို​လည်း မ​စွန့်​မ​ပယ်။ ယု​ဒ​လူ ဖြစ်​ယောင်​ဆောင်၍ အ​မှန်​မ​ဟုတ်​ဘဲ၊ မု​သား​စ​ကား​ကို ပြော​သော​သူ​တည်း​ဟူ​သော၊ စာ​တန်၏ အ​ပေါင်း​အ​သင်း​ဝင်​သူ အ​ချို့​တို့​ကို သင်၌​ငါ​အပ်​ပေး​မည်။ သူ​တို့​သည်​လာ၍ သင်၏​ခြေ​ရင်း၌ ပျပ်​ဝပ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​သည် သင့်​ကို​ချစ်​သည်​ဟု သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း ငါ​ပြု​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ