Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 10:3

Judson Bible

မော​ရှေ​နှင့် အာ​ရုန်​တို့​သည်၊ ဖာ​ရော​ဘု​ရင်​ထံ​သို့​ဝင်​ပြီး​လျှင်၊ ဟေ​ဗြဲ​လူ​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ငါ့​ရှေ့​မှာ ကိုယ်​ကို​ကိုယ်​မ​နှိမ့်​ချ​ဘဲ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး​နေ​လိမ့်​မည်​နည်း။ ငါ၏​လူ​တို့​သည် ငါ့​အား​ဝတ်​ပြု​မည်​အ​ကြောင်း၊ သွား​ရ​သော​အ​ခွင့်​ကို​ပေး​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

28 ပူးပေါင်းရင်းမြစ်များ  

ဧ​လိ​ယ​သည် လူ​များ​ရှိ​ရာ​သို့​လာ၍၊ သင်​တို့​သည် ဘာ​သာ​နှစ်​ပါး​စပ်​ကြား​မှာ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ယုံ​မှား​သော​စိတ်​နှင့် နေ​ကြ​လိမ့်​မည်​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​သ​ခင်​မှန်​လျှင် ထို​ဘု​ရား​ကို ဆည်း​ကပ်​ကြ​လော့။ ဗာ​လ​သည် ဘု​ရား​သ​ခင်​မှန်​လျှင် ထို​ဘု​ရား​ကို ဆည်း​ကပ်​ကြ​လော့​ဟု​ဆို​လျှင်၊ လူ​များ​တို့​သည် တိတ်​ဆိတ်​စွာ​နေ​ကြ၏။

အာ​ဟပ်​သည် ငါ့​ရှေ့​မှာ​နှိမ့်​ချ​သည်​ကို မြင်​ပြီ​လော။ ထို​သို့ ငါ့​ရှေ့​မှာ​နှိမ့်​ချ​သော​ကြောင့်၊ သူ့​လက်​ထက်၌ ထို​ဘေး​ဥ​ပဒ်​ကို ငါ​မ​ရောက်​စေ။ သူ့​သား​လက်​ထက်၌ သူ့​အ​မျိုး​အ​ပေါ်​သို့ ရောက်​စေ​မည်​ဟု မိန့်​တော်​မူ၏။

ဤ​အ​ရပ်​သား​တို့​သည် ဖျက်​ဆီး​ရာ​နှင့် ကျိန်​ဆဲ​ရာ​ဖြစ်​ရ​ကြ​လိမ့်​မည်​ဟု ဤ​အ​ရပ်​ကို​လည်း​ကောင်း၊ ဤ​အ​ရပ်​သား​တို့​ကို​လည်း​ကောင်း၊ ငါ​ခြိမ်း​ခြောက်​သော​စ​ကား​ကို သင်​သည် ကြား​သော​အ​ခါ၊ နူး​ညံ့​သော​စိတ်​ရှိ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကိုယ်​ကို​နှိမ့်​ချ​ခြင်း၊ ကိုယ်​အ​ဝတ်​ကို​ဆုတ်​ခြင်း၊ ငါ့​ရှေ့​မှာ ငို​ကြွေး​ခြင်း​ကို​ပြု​သော​ကြောင့် သင့်​စ​ကား​ကို ငါ​နား​ထောင်၏။

ထို​သို့​မ​နာ​ရှေ​သည် ဆင်း​ရဲ​ဒု​က္ခ​ကို ခံ​ရ​သော​အ​ခါ၊ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​တောင်း​ပန်၍၊ ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင့်​ရှေ့​မှာ ကိုယ်​ကို အ​လွန်​နှိမ့်​ချ​လျက်၊

သူ​ဆု​တောင်း​ခြင်း၊ ဘု​ရား​သ​ခင်​နား​ထောင်​တော်​မူ​ခြင်း၊ အ​မှု​မ​ရောက်​မီ ပြစ်​မှား​လွန်​ကျူး​ခြင်း၊ မြင့်​သော​အ​ရပ်​တို့​ကို တည်​ခြင်း၊ အာ​ရှ​ရ​ပင်​နှင့် ရုပ်​တု​ဆင်း​တု​တို့​ကို တည်​ထောင်​ခြင်း​အ​ရာ​တို့​သည်၊ ဟော​ဇဲ၏​ကျမ်း​စ​ကား​တွင် ရေး​ထား​လျက်​ရှိ၏။

ဤ​အ​ရပ်​ကို​လည်း​ကောင်း၊ ဤ​အ​ရပ်​သား​တို့​ကို​လည်း​ကောင်း၊ ငါ​ခြိမ်း​ခြောက်​သော​စ​ကား​ကို သင်​သည်​ကြား​သော​အ​ခါ၊ နူး​ညံ့​သော​စိတ်​ရှိ၍၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ကိုယ်​ကို​နှိမ့်​ချ​ခြင်း၊ ကိုယ်​အ​ဝတ်​ကို​ဆုတ်​ခြင်း၊ ငါ့​ရှေ့​မှာ ငို​ကြွေး​ခြင်း​ကို ပြု​သော​ကြောင့်၊ သင့်​စ​ကား​ကို ငါ​နား​ထောင်၏။

ငါ့​နာ​မ​ဖြင့်​သ​မုတ်​သော ငါ့​လူ​တို့​သည် ကိုယ်​ကို​နှိမ့်​ချ​သ​ဖြင့်၊ ငါ့​မျက်​နှာ​ကို​ရှာ​လျက် ဆု​တောင်း​ပ​တ္ထ​နာ​ပြု၍ အ​ဓ​မ္မ​လမ်း​ကို​လွှဲ​ရှောင်​လျှင် ငါ​သည် ကောင်း​ကင်​ဘုံ၌ နား​ထောင်​မည်။ သူ​တို့​အ​ပြစ်​ကို​ဖြေ၍ သူ​တို့​ပြည်​ကို ချမ်း​သာ​ပေး​မည်။

ထို​ကြောင့် အ​ကျွန်ုပ်​သည် ကိုယ်​ကို​ရွံ​ရှာ​ပါ၏။ မြေ​မှုန့်​နှင့် မီး​ဖို​ပြာ၌​ထိုင်၍ နောင်​တ​ရ​ပါ၏​ဟု လျှောက်​လေ၏။

သို့​မ​ဟုတ် ငါ၏​လူ​တို့​ကို​မ​လွှတ်​ဘဲ​နေ​လျှင်၊ ကြည့်​ရှု​လော့။ ကျိုင်း​ကောင်​တို့​ကို သင်၏​ပြည်​သို့ နက်​ဖြန်​ငါ​ဆောင်​ခဲ့​မည်။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​တို့​သည်​ငါ့​ပ​ညတ်​တ​ရား​များ​တို့​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ငြင်း​ပယ်​ကြ​လိမ့်​မည်​နည်း။

ငါ့​သား​သည် ငါ့​အား​ဝတ်​ပြု​သော​အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ လွှတ်​လော့။ မ​လွှတ်​ဘူး​ဟု ငြင်း​လျှင်၊ သင်၏​သား၊ သင်၏​သား​ဦး​ကို​ပင်​ငါ​ကွပ်​မျက်​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို​လော့​ဟု မော​ရှေ​အား​မှာ​ထား​တော်​မူ၏။

ထို​နောက်​မှ၊ မော​ရှေ​နှင့် အာ​ရုန်​သည် ဖာ​ရော​ဘု​ရင်​ထံ​သို့​ဝင်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘုရား​က၊ ငါ၏​လူ​တို့​သည် တော၌​ငါ့​အ​ဖို့ ပွဲ​ခံ​စေ​ခြင်း​ငှာ​လွှတ်​ရ​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို လျှောက်​၏။

သင်​သည်​ငါ၏​လူ​တို့​ကို​မ​လွှတ်​ဘဲ၊ သူ​တို့​ကို​စော်​ကား​သေး​သ​လော။

အို​လူ​မိုက်​တို့၊ သင်​တို့​သည် မိုက်​သော​အ​ကျင့်​ကို နှစ်​သက်​လျက်၊ ကဲ့​ရဲ့​သော​သူ​တို့​သည် ကဲ့​ရဲ့​ခြင်း၌​မွေ့​လျော်​လျက်၊ မိုက်​မဲ​သော​သူ​တို့​သည် ပ​ညာ​အ​တတ်​ကို​မုန်း​လျက်၊ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး နေ​ကြ​လိမ့်​မည်​နည်း။

ငါ​သည်​ခေါ်၍ သင်​တို့​သည်​ငြင်း​ပယ်​သော​ကြောင့်​လည်း​ကောင်း၊ ငါ့​လက်​ကို​ဆန့်၍ အ​ဘယ်​သူ​မျှ မ​မှတ်​သော​ကြောင့်​လည်း​ကောင်း၊

ပျက်​စီး​ခြင်း​အ​ရင်၌ လူ​သည် စိတ်​မြင့်​ခြင်း၏​နေ​ရာ၊ ဂုဏ်​အ​သ​ရေ​အ​ရင်၌ နှိမ့်​ချ​ခြင်း၏​နေ​ရာ​ရှိ၏။

သူ​တို့​ကို​အ​ဘယ်​သို့ ဒဏ်​ပေး​ရ​ဦး​မည်​နည်း။ အ​ဘယ်​သို့ ထပ်​၍ ဆုံး​မ​ရ​ဦး​မည်​နည်း။ ဦး​ခေါင်း​သည် အ​နာ​သက်​သက်​ရှိ​၏။ နှ​လုံး​သည်​လည်း ခွန်​အား​အ​လျှင်း​မ​ရှိ။

ထို​ကာ​လ၌ လူ​တို့၏​မော်​သော​မျက်​နှာ​ကို နှိမ့်​ရ​မည်။ လူ​တို့၏​မာ​န​ကို​လည်း ရှုတ်​ချ​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း​သာ ချီး​မြှောက်​ခြင်း​သို့ ရောက်​တော်​မူ​လိမ့်​မည်။

ငါ့​စ​ကား​ကို နား​မ​ထောင်၊ မိ​မိ​စိတ်​နှ​လုံး ခိုင်​မာ​သော​သ​ဘော​အ​တိုင်း​ကျင့်၍၊ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​ငှာ လိုက်​သွား​သော ဤ​လူ​ဆိုး​မျိုး​သည်၊ အ​သုံး​မ​ရ​သော ဤ​ခါး​ပန်း​ကဲ့​သို့​ဖြစ်​လိမ့်​မည်။

ကိုယ်​ကို​ကိုယ်​နှိမ့်​ချ၍ ထိုင်​ကြ​လော့။ သင်​တို့၌ ဘုန်း​ကြီး​သော​သ​ရ​ဖူ​သည် သင်​တို့၏​ခေါင်း​ပေါ်​မှ ဆင်း​ရ​လိမ့်​မည်​ဟု၊ ရှင်​ဘု​ရင်​နှင့် မိ​ဖု​ရား​တို့​အား ပြော​လော့။

လေး​သ​မား​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့ ခေါ်​ကြ​လော့။ ပစ်​တတ်​သော​သူ​အ​ပေါင်း​တို့၊ မြို့​ပတ်​ဝန်း​ကျင်၌ တပ်​ချ​ကြ​လော့။ မြို့​သူ​မြို့​သား တစ်​ယောက်​ကို​မျှ မ​လွတ်​စေ​နှင့်။ ထို​မြို့​ကျင့်​သော အ​ကျင့်​နှင့်​အ​လျောက် အ​ပြစ်​ပေး​ကြ​လော့။ သူ​ပြု​ဖူး​သ​မျှ​အ​တိုင်း သူ၌​ပြု​ကြ​လော့။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​တော်​မူ​သော​ဘု​ရား၊ ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ ဝါ​ကြွား​ပြီ​တ​ကား။

ပတ်​လည်၌​ရှိ​သော တိုင်း​သူ​ပြည်​သား​တို့​သည် ငါ၏​စီ​ရင်​ထုံး​ဖွဲ့​ချက်​ပ​ညတ်​တ​ရား​ကို လွန်​ကျူး​သည်​ထက်၊ ထို​မြို့​သား​တို့​သည် သာ၍ မ​တ​ရား​သ​ဖြင့် လွန်​ကျူး​ကြ​ပြီ။ ထို​ပ​ညတ်​တ​ရား​တော်​လမ်း​သို့ မ​လိုက်​ဘဲ ငြင်း​ပယ်​ကြ​ပြီ။

အ​ရှင်​သား​တော် ဗေ​လ​ရှာ​ဇာ၊ ကိုယ်​တော်​သည် ထို​အ​မှု​အ​လုံး​စုံ​တို့​ကို သိ​သော်​လည်း၊ စိတ်​နှ​လုံး​ကို မ​နှိမ့်​ချ​ဘဲ၊

ငါ့​ကို​အ​ပြစ်​တင်၍၊ မြည်​တမ်း​သော ဤ​ပ​ရိ​သတ်​ဆိုး​တို့​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ငါ​သည်​သည်း​ခံ​ရ​အံ့​နည်း။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ငါ့​ကို​အ​ပြစ်​တင်၍ မြည်​တမ်း​သော​စ​ကား​တို့​ကို ငါ​ကြား​ရ​ပြီ။

ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သည် သင့်​ကို နောင်​တ​လမ်း​သို့ သွေး​ဆောင်​သည်​ကို မ​သိ​မ​မှတ်​ဘဲ၊ ကြွယ်​ဝ​စွာ ကျေး​ဇူး​ပြု​တော်​မူ​ခြင်း၊ သည်း​ခံ​တော်​မူ​ခြင်း၊ စိတ်​ရှည်​တော်​မူ​ခြင်း​တို့​ကို မ​ထီ​မဲ့​မြင်​ပြု​သ​လော။-

သင်​တို့​သည် မိန့်​တော်​မူ​သော​သူ၏ စ​ကား​တော်​ကို မ​ငြင်း​မ​ပယ်​မည်​အ​ကြောင်း သ​တိ​ပြု​ကြ​လော့။ မြေ​ကြီး​ပေါ်​မှာ ဗျာ​ဒိတ်​တော်​ကို ဆင့်​ဆို​သော​သူ၏​စ​ကား​ကို ငြင်း​ပယ်​သော​သူ​တို့​သည် အ​ပြစ်​မ​လွတ်​ရ​သည်​မှန်​လျှင်၊ ထို​မျှ​မ​က၊ ကောင်း​ကင်​ဘုံ​က မိန့်​တော်​မူ​သော​သူ၏ စ​ကား​ကို ငါ​တို့​သည် နား​မ​ထောင်​ဘဲ​နေ​လျှင်၊ သာ၍​ကြီး​စွာ​သော​အ​ပြစ်​နှင့် အ​ဘယ်​သို့ ကင်း​လွတ်​နိုင်​မည်​နည်း။-

ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ကိုယ်​ကို​ကိုယ် နှိမ့်​ချ​ကြ​လော့။ သို့​ပြု​လျှင်၊ သင်​တို့​ကို ချီး​မြှောက်​တော် မူ​လိမ့်​မည်။

ထို​ကြောင့် ကာ​လ​အ​ချိန်​တန်​လျှင်၊ ဘု​ရား​သ​ခင်​သည် သင်​တို့​ကို ချီး​မြှောက်​တော်​မူ​မည်​အ​ကြောင်း၊ တန်​ခိုး​ကြီး​သော လက်​တော်​အောက်၌ ကိုယ်​ကို​ကိုယ် နှိမ့်​ချ​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ