Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 10:2

Judson Bible

အဲ​ဂု​တ္တု​ပြည်၌​ငါ​ပြု​သော​အ​မှု၊ အဲ​ဂု​တ္တု​လူ​တို့​တွင် ငါ​ပြ​သော​နိ​မိတ်​တို့​ကို၊ သင်၏​သား​မြေး​တို့​အား​ကြား​ပြော​သ​ဖြင့်၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သူ၏​နှ​လုံး၊ သူ၏​ကျွန်​တို့​နှ​လုံး​ကို ငါ​ခိုင်​မာ​စေ​ပြီ​ဟု မော​ရှေ​အား မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်၍ အို​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် ကြီး​မြတ်​တော်​မူ၏။ အ​ကျွန်ုပ်​တို့ ကြား​သ​မျှ​အ​တိုင်း ကိုယ်​တော်​နှင့် တူ​သော​ဘု​ရား၊ ကိုယ်​တော်​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​မည်​မျှ​မ​ရှိ​ပါ။

အို​ဘု​ရား​သ​ခင်၊ ရှေး​လွန်​လေ​ပြီး​သော​ကာ​လ​တွင်၊ ဘိုး​ဘေး​တို့​လက်​ထက်၌ ပြု​တော်​မူ​သော​အ​မှု​ကို သူ​တို့​ပြော၍၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တိုင်​ကြား​ရ​ကြ​ပါ​ပြီ။

တစ်​ပါး​အ​မျိုး​သား​တို့​ကို လက်​တော်​ဖြင့်​နှင်​ထုတ်၍ အ​ကျွန်ုပ်​တို့၏​ဘိုး​ဘေး​များ​ကို နေ​ရာ​ချ​တော်​မူ၏။ တစ်​ပါး​အ​မျိုး​သား​တို့​ကို နှိပ်​စက်၍ ဘိုး​ဘေး​များ​ကို ပြန့်​ပွား​စေ​တော်​မူ၏။

သူ​တစ်​ပါး​က​လည်း၊ ဖြောင့်​မတ်​သော​သူ​သည် အ​ကျိုး​ကို ဧ​ကန်​အ​မှန်​ခံ​ရ၏။ မြေ​ကြီး​ပေါ်​မှာ တ​ရား​စီ​ရင်​သော ဘု​ရား​သ​ခင်​သည် ဧ​ကန်​အ​မှန်​ရှိ​တော်​မူ​သည်​ဟု ဝန်​ခံ​ကြ​ပါ​လိမ့်​မည်။

တစ်​ဖန်​တုံ အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​အ​သက်​ကြီး၍ ဆံ​ပင်​ဖြူ​သည်​ကာ​လ​တိုင်​အောင်၊ ယ​ခု​လူ​များ​တို့​အား ကိုယ်​တော်၏​အ​စွမ်း​သ​တ္တိ​ကို​လည်း​ကောင်း၊ နောက်​ဖြစ်​လ​တ္တံ့​သော​သူ​အ​ပေါင်း​တို့​အား တန်​ခိုး​တော်​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​မ​ပြ​မီ​တွင်၊ အ​ကျွန်ုပ်​ကို စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။

ဘိုး​ဘေး​တို့​သည်​ပြော၍ ငါ​တို့​သည် ကြား​သိ​ရ​သော ထို​အ​ရာ​များ​ကို၊

နောင်​ကာ​လ၌​သင်၏​သား​က​လည်း၊ အ​ဘယ်​သို့​နည်း​ဟု​မေး​မြန်း​လျှင်၊ သင်​က​လည်း​ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ၊ ထာ​ဝ​ရ​ဘု​ရား​သည် အား​ကြီး​သော လက်​တော်​ဖြင့် ငါ​တို့​ကို​နုတ်​ဆောင်​တော်​မူ၏။

ထို​သို့​ဖာ​ရော​ဘု​ရင်​နှင့် သူ၏​ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ​အား​ဖြင့် ငါ့​ဘုန်း​ပွင့်​သော​အ​ခါ၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို၊ အဲ​ဂု​တ္တု​လူ​တို့​သည် သိ​ရ​ကြ​လိမ့်​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​၏။

ငါ​သည်​လည်း၊ ဖာ​ရော​ဘု​ရင်၏​နှ​လုံး​ကို​ခိုင်​မာ​စေ​၍၊ သူ​သည် ဣ​သ​ရေ​လ​တို့​ကို လိုက်​လိမ့်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို အဲ​ဂု​တ္တု​လူ​တို့​သည် သိ​စေ​ခြင်း​ငှာ၊ ထို​မင်း​နှင့် သူ​၏​စစ်​သူ​ရဲ​အ​လုံး​အ​ရင်း​အား​ဖြင့် ငါ့​ဘုန်း​ပွင့်​လိမ့်​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ထို​သူ​တို့​သည် ပြု​ကြ​၏။

ထာ​ဝ​ရ​ဘု​ရား​က၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​သည်​အ​ဘယ်​သို့ သိ​ရ​မည်​နည်း​ဟူ​မူ​ကား၊ ငါ​ကိုင်​သော​လှံ​တံ​နှင့် မြစ်​ရေ​ကို​ရိုက်၍ ထို​ရေ​သည် အ​သွေး​ဖြစ်​လိမ့်​မည်။

ထို​သို့​အဲ​ဂု​တ္တု​ပြည်​အ​ပေါ်​မှာ ငါ့​လက်​ကို​ဆန့်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို သူ​တို့​အ​ထဲ​မှ နုတ်​ဆောင်​သော​အ​ခါ၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို အဲ​ဂု​တ္တု​လူ​တို့​သည်​သိ​ကြ​လိမ့်​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။

အာ​ရုန်​သည် အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော​ရေ​အ​ပေါ်​မှာ လက်​ကို​ဆန့်​သ​ဖြင့်၊ ဖား​တို့​သည်​တက်၍ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး​ကို ဖုံး​လွှမ်း​ကြ၏။

အ​သက်​ရှင်​သော​သူ၊ အ​သက်​ရှင်​သော​သူ​သာ​လျှင်၊ ယ​နေ့​အ​ကျွန်ုပ်​ပြု​သ​ကဲ့​သို့၊ ဂုဏ်​တော်​ကို ချီး​မွမ်း​ရ​ပါ​လိမ့်​မည်။ အ​ဘ​သည် သား​တို့​အား သ​စ္စာ​တော်​ကို ဖော်​ပြ​ရ​ပါ​လိမ့်​မည်။

ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ကို သူ​တို့​သည် သိ​မည်​အ​ကြောင်း၊ သူ​တို့​ကို​ဖျက်​ဆီး​ခြင်း​ငှာ၊ သူ​တို့​သည် သား​ဦး​အ​ပေါင်း​တို့​ကို မီး​ဖြင့် ပူ​ဇော်​ရာ​တွင်၊ သူ​တို့​ပူ​ဇော်​သ​ကာ​များ​အား​ဖြင့် ငါ​ညစ်​ညူး​စေ၏။

သူ​တို့​အား​ပေး​ခြင်း​ငှာ ငါ​ကျိန်​ဆို​သော​ပြည်​သို့ ဆောင်​သွင်း​သော​အ​ခါ၊ သူ​တို့​သည်​မြင့်​သော​တောင်၊ ထူ​ထပ်​သော သစ်​ပင်​ရှိ​သ​မျှ​တို့​ကို ကြည့်​ရှု၍၊ ထို​အ​ရပ်​တို့၌ ယဇ်​ပူ​ဇော်​ခြင်း၊ ငါ့​အ​မျက်​ကို နှိုး​ဆော်​သော​အ​လှူ​ဒါ​န​ကို​တင်​ခြင်း၊ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ခြင်း၊ အ​ရည်​ပူ​ဇော်​သ​ကာ သွန်း​လောင်း​ခြင်း​တို့​ကို ပြု​ကြ၏။

ကိုယ်​သား​တို့​အား ပြော​ကြ​လော့။ သူ​တို့​သည် သူ​တို့​သား​တို့​အား ပြော​ကြ​စေ။ သူ​တို့​သား​တို့​သည်​လည်း ဆက်​နွယ်​သော အ​ခြား​သူ​တို့​အား ပြော​ကြ​စေ။

အ​ဘ​တို့၊ ကိုယ်​သား​သ​မီး​ကို စိတ်​ဆိုး​စေ​ခြင်း​ငှာ မ​ပြု​ကြ​နှင့်။ သ​ခင်​ဘု​ရား၏ အ​လို​တော်​နှင့်​ညီ​သော ဆုံး​မ သွန်​သင်​ခြင်း​ကို​ပြု​လျက် ကျွေး​မွေး​ကြ​လော့။

သင်​တို့​သည်၊ ဟော​ရပ်​အ​ရပ်​မှာ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရပ်​နေ​ကြ​သော​အ​ခါ၊ ကိုယ်​တိုင်​မြင်​သော အ​မှု​အ​ရာ​တို့​ကို မ​မေ့​မ​လျော့။ နောက်​တစ်​သက်​လုံး နှ​လုံး​သွင်း​နိုင်​မည်​အ​ကြောင်း ကိုယ်​ကို​ကိုယ်​သ​တိ​ပြု​ကြ​လော့။ ကိုယ်​စိတ်​နှ​လုံး​ကို​ကြိုး​စား၍ စောင့်​ရှောက်​ကြ​လော့။ ထို​အ​ရာ​တို့​ကို သား​မြေး​တို့​အား​လည်း သွန်​သင်​ကြ​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ