Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 1:8

Judson Bible

ထို​နောက်​မှ​အဲ​ဂု​တ္တု​ပြည်၌ ယော​သပ်​ကို​မ​သိ​သော ရှင်​ဘု​ရင်​သစ်​ပေါ်​လာ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

မိ​မိ​လူ​တို့​ကို ရန်​သူ​တို့​သည်​မုန်း၍၊ မိ​မိ​ကျွန်​တို့​ကို​ပ​ရိ​ယာယ်​ပြု​မည်​အ​ကြောင်း၊ ထို​သူ​တို့ စိတ်​နှ​လုံး​ကို ပြောင်း​လဲ​စေ​တော်​မူ၏။

သွား၍ ဣ​သ​ရေ​လ​အ​မျိုး​အ​သက်​ကြီး​သူ​တို့​ကို​စု​ဝေး​စေ​ပြီး​လျှင်၊ သင်​တို့​ဘိုး​ဘေး​များ၏​ဘု​ရား​သ​ခင်၊ အာ​ဗြ​ဟံ၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား၊ ယာ​ကုပ်၏​ဘု​ရား​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ထင်​ရှား​တော်​မူ​လျက်၊ အ​ကယ်​စင်​စစ် သင်​တို့​ကို​ငါ​အ​ကြည့်​အ​ရှု​လာ၍၊ အဲ​ဂု​တ္တု​ပြည်၌ သင်​တို့​အား​ပြု​သော​အ​မှု​ကို ငါ​မြင်​ပြီ။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော​ငါ၏​လူ​တို့​ခံ​ရ​သော ညှဉ်း​ဆဲ​ခြင်း​ကို ငါ​စေ့​စေ့​မြင်​ခဲ့​ပြီ။ သူ​တို့​ကို​စေ​ခိုင်း​သော​သ​ခင်​တို့​ကြောင့် သူ​တို့​မြည်​တမ်း​သော​အ​သံ​ကို​လည်း ငါ​ကြား​ခဲ့​ပြီ။ သူ​တို့​နာ​ကြည်း​ခြင်း​ဝေ​ဒ​နာ​ကို ငါ​သိ၏။

ယ​ခု​တွင်​လည်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ငို​ကြွေး​သော​အ​သံ​သည် ငါ့​ထံ​သို့ တက်​ရောက်၍၊ သူ​တို့​ကို အဲ​ဂု​တ္တု​လူ​တို့​သည်​ညှဉ်း​ဆဲ​ခြင်း​အ​မှု​ကို​လည်း ငါ​မြင်​ရ​ပြီ။

ထို​မြို့၌​နေ​သော ဆင်း​ရဲ​သား​ပ​ညာ​ရှိ​တစ်​ယောက်​သည် မိ​မိ​ပ​ညာ​အား​ဖြင့် ထို​မြို့​ကို​ကယ်​တင်၏။ သို့​သော်​လည်း၊ ထို​ဆင်း​ရဲ​သား​ကို အ​ဘယ်​သူ​မျှ​မ​အောက်​မေ့။

ထို​လူ​မျိုး​သည် အဲ​ဂု​တ္တု​ပြည်၌ တိုး​ပွား၍၊ ယော​သပ်​ကို မ​သိ​မ​ကျွမ်း​သော မင်း​ကြီး​တစ်​ပါး​ပေါ်​လာ​သည်​တိုင်​အောင် များ​ပြား​ကြ​လေ၏။-

ထို​မင်း​ကြီး​သည် ငါ​တို့​အ​ဆွေ​အ​မျိုး​ကို ပ​ရိ​ယာယ်​ပြု​သ​ဖြင့်၊ သူ​ငယ်​များ​ကို အ​သက်​မ​ရှင်​စေ​ခြင်း​ငှာ ပစ်​ထား​ရ​မည်​အ​ကြောင်း ငါ​တို့ အ​ဘ​များ​ကို ညှဉ်း​ဆဲ​နှိပ်​စက်​လေ၏။-

အဲ​ဂု​တ္တု​လူ​တို့​သည် အ​ကျွန်ုပ်​တို့​ကို ညှဉ်း​ဆဲ​နှိပ်​စက်၍ ကျပ်​တည်း​စွာ ကျွန်​ခံ​စေ​ကြ၏။

ယော​ရှု​လက်​ထက် ကာ​လ၌ ဖြစ်​သော​သူ​အ​ပေါင်း​တို့​သည်​လည်း၊ ဘိုး​ဘေး​တို့ စု​ဝေး​ရာ​သို့​ရောက်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​အ​ဖို့ ပြု​တော်​မူ​သော​အ​မှု​တို့​ကို​လည်း​ကောင်း မ​သိ​သော နောင်​ကာ​လ​အ​မျိုး​သား​တို့​သည် ပေါ်​လာ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ