ထွက်မြောက် 1:7Judson Bibleဣသရေလအမျိုးသားတို့သည် သားကိုဖွား၍ အလွန်တိုးပွားများပြားသဖြင့်၊ အလွန်အားကြီး၍ တစ်ပြည်လုံး၌ နှံ့ပြားကြလေ၏။ အခန်းကိုကြည့်ပါ။ |
အချင်းတို့၊ များပြားစွာမွေးဖွားကြလော့။ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့ဟုမိန့်တော်မူ၍၊ သူတို့ကိုကောင်းချီးပေးတော်မူ၏။
ငါ့ကိုခပ်သိမ်းသောဘေးဒဏ်အထဲက ကယ်နုတ်တော်မူသော ကောင်းကင်တမန်သည်၊ ဤသူငယ်တို့ကို ကောင်းချီးပေးတော်မူပါစေသော။ သူတို့ကိုငါ့အမည်ဖြင့်လည်းကောင်း၊ ငါ့အဘအာဗြဟံနှင့် ဣဇာက်၏အမည်ဖြင့်လည်းကောင်း၊ ထပ်၍မှည့်ပါစေသော။ သူတို့သည် မြေကြီးပေါ်မှာ အလွန်တိုးပွားများပြားပါစေသောဟု မြွက်ဆို၏။