Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 8:8

Judson Bible

ဂျုံ၊ မု​ယော၊ စ​ပျစ်​ပင်၊ သင်္ဘော​သ​ဖန်း​ပင်၊ သ​လဲ​ပင်​နှင့် ပြည့်​စုံ​သော​ပြည်၊ သံ​လွင်​ဆီ၊ ပျား​ရည်​နှင့်​ပြည့်​စုံ​သော​ပြည်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

မိ​မိ​မြည်း​ကို​စ​ပျစ်​နွယ်​ပင်၌​လည်း​ကောင်း၊ မြည်း​က​လေး​ကို​အ​မြတ်​ဆုံး​သော စ​ပျစ်​နွယ်​ပင်၌​လည်း​ကောင်း ချည်​နှောင်​၍၊ မိ​မိ​အ​ဝတ်​ပု​ဆိုး​များ​ကို စ​ပျစ်​သီး​အ​သွေး​တည်း​ဟူ​သော​စ​ပျစ်​ရည်​ဖြင့် လျှော်​လိမ့်​မည်။

ထို​ညီ​အစ်​ကို ရေ​ခပ်​နှင့်​ဗာ​နာ​တို့​သည် စ​ပါး​ကို​ထုတ်​ဟန်​ဆောင်၍ အိမ်​အ​လယ်​သို့​ဝင်​ပြီး​လျှင်၊

ရှော​လ​မုန်​သည်​လည်း၊ ဟိ​ရံ၏​နန်း​တော်​သား​များ စား​စ​ရာ​ဖို့ တစ်​နှစ်​တစ်​နှစ်​လျှင် ဂျုံ​ဆန်​ကော​ရ နှစ်​သောင်း၊ စစ်​ပြီး​သော​ဆီ ကော​ရ​နှစ်​ဆယ်​ကို ပေး၏။

အာ​ရှု​ရိ​ရှင်​ဘု​ရင် မိန့်​တော်​မူ​သည်​ကား၊ ငါ​နှင့်​မိတ်​သ​ဟာ​ယ​ဖွဲ့​ကြ။ ငါ့​ထံ​သို့​ထွက်​လာ​ကြ။ သင်​တို့​သည်​မ​သေ၊ အ​သက်​ရှင်​မည်​အ​ကြောင်း၊ သင်​တို့​ပြည်​နှင့်​တူ​သော ပြည်​တည်း​ဟူ​သော၊ ဆန်​စ​ပါး၊ စ​ပျစ်​ရည်​နှင့်​ပြည့်​စုံ​သော​ပြည်၊ မုန့်​နှင့်​စ​ပျစ်​ဥ​ယျာဉ်၊ သံ​လွင်​ဆီ၊ ပျား​ရည်​များ​သော​ပြည်​သို့​ပို့​ခြင်း​ငှာ ငါ​မ​လာ​မီ​တိုင်​အောင် သင်​တို့​သည် ကိုယ်​စ​ပျစ်​ပင်၏ အ​သီး၊ ကိုယ်​သင်္ဘော​သ​ဖန်း​ပင်၏​အ​သီး​ကို​စား၍၊ ကိုယ်​ရေ​ကန်​က​ရေ​ကို​သောက်​လျက် နေ​ကြ​ဦး​လော့။

သင်၏ ပြည်​စွန်း​ပြည်​နား​မှာ အ​မှု​အ​ရေး​ကို​ငြိမ်း​စေ၍၊ အ​ကောင်း​ဆုံး​သော​စ​ပါး​နှင့် သင့်​ကို​ဝ​စွာ ကျွေး​မွေး​တော်​မူ၏။

အ​ကောင်း​ဆုံး​သော​ဆန်​စ​ပါး​နှင့် ငါ​ကျွေး​မည်။ ကျောက်​ထဲ​က​ထွက်​သော ပျား​ရည်​နှင့်​လည်း ဝ​ပြော​စေ​မည်။

ထို​အ​ခါ စ​ပျစ်​နွယ်​ပင်​တစ်​ထောင်​ရှိ၍၊ ငွေ​တစ်​ထောင် အ​ဖိုး​ထိုက်​သော စ​ပျစ်​ဥ​ယျာဉ်​တိုင်း၊ ဆူး​ပင်​မျိုး​သက်​သက် ဖြစ်​ရ​လိမ့်​မည်။

ဝ​ပြော​သော​ပြည်၏​အ​သီး​အ​နှံ ဆီ​ဥ​ဆီ​ကြည်​ကို​စား​စေ​ခြင်း​ငှာ သင်​တို့​ကို ငါ​ဆောင်​သွင်း၍၊ သင်​တို့​သည် ဝင်​စား​သော​အ​ခါ၊ ငါ့​ပြည်​ကို ညစ်​ညူး​စေ၍၊ ငါ၏​အ​မွေ​ကို ရွံ​ရှာ​ဖွယ်​ဖြစ်​စေ​ကြ​သည်​တ​ကား။

ထို​သူ​တို့​သည် သင်၏​အ​သီး​အ​နှံ​နှင့် သင်၏​မုန့်​ကို​စား​ကြ​လိမ့်​မည်။ သင်၏​သား​သ​မီး​တို့​ကို​လည်း စား​ကြ​လိမ့်​မည်။ သင်၏​သိုး​နွား​တို့​ကို​လည်း စား​ကြ​လိမ့်​မည်။ သင်၏​စ​ပျစ်​နွယ်​ပင်​နှင့် သင်္ဘော​သ​ဖန်း​ပင်​တို့​ကို​လည်း စား​ကြ​လိမ့်​မည်။ သင်​ခို​လှုံ၍ ခိုင်​ခံ့​သော​မြို့​တို့​ကို​လည်း​တိုက်၍ လုပ်​ကြံ​ကြ​လိမ့်​မည်။

ယု​ဒ​ပြည်​နှင့် ဣ​သ​ရေ​လ​ပြည်​သည် သင်​နှင့်​ကုန်​သွယ်၍၊ ဂျုံ​စ​ပါး၊ မု​ရန်​စေး၊ ပ​နက်​စေး၊ ဗာ​လ​စံ​စေး၊ ဆီ၊ ပျား​ရည်​တို့​ကို​သင့်​ဈေး၌ သွင်း​ကြ၏။

မြေ​ကြီး​သည်​လည်း ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​တို့၏​စ​ကား​ကို နား​ထောင်၍၊ သူ​တို့​သည်​လည်း ယေ​ဇ​ရေ​လ​စ​ကား​ကို နား​ထောင်​ကြ​လိမ့်​မည်။

ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​တို့​ကို ငါ​ပေး​သ​နား​သည် ဟူ၍​လည်း​ကောင်း၊ ဗာ​လ​ဘု​ရား​အား ပူ​ဇော်​သော​ရွှေ​နှင့် ငွေ​ကို သူ၌ ငါ​များ​ပြား​စေ​သည် ဟူ၍​လည်း​ကောင်း သူ​သည် မ​အောက်​မေ့​ပါ​တ​ကား။

လူ​အ​ပေါင်း​တို့​သည် ကိုယ်​ပိုင်​သော​စ​ပျစ်​ပင်၊ ကိုယ်​ပိုင်​သော သင်္ဘော​သ​ဖန်း​ပင်​အောက်​မှာ ထိုင်​ကြ​လိမ့်​မည်။ ကြောက်​စေ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ​ရ။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​တော်​ထွက် အ​မိန့်​တော်​ရှိ၏။

သင်္ဘော​သ​ဖန်း​ပင် မ​ပွင့်​ရ၊ စ​ပျစ်​ပင် မ​သီး​ရ၊ သံ​လွင်​ပင်၏​ကျေး​ဇူး​ကို မျှော်​လင့်၍​မ​ခံ​ရ၊ လယ်​တို့​သည် အ​သီး​အ​နှံ​ကို မ​ပေး​ရ၊ သိုး​ခြံ၌ သိုး​ကုန်၍ တင်း​ကုပ်၌ နွား​မ​ရှိ​ရ။

ဧ​ရှ​ကော​လ​ချိုင့်​သို့​ရောက်​လျှင် အ​သီး​တစ်​ပြွတ်​ပါ​သော စ​ပျစ်​နွယ်​ပင် အ​ခက်​တစ်​ခက်​ကို​ခုတ်၍ လူ​နှစ်​ယောက်​တို့​သည် ထမ်း​ပိုး​နှင့်​ထမ်း​ကြ၏။ သ​လဲ​သီး၊ သင်္ဘော​သ​ဖန်း​သီး​များ​ကို​လည်း ဆောင်​ခဲ့​ကြ၏။

စား​သော​သူ​တို့၌ ကျန်​ကြွင်း​သော မု​ယော​မုန့်​ငါး​လုံး၏ အ​ကျိုး​အ​ပဲ့​တို့​ကို ကောက်​သိမ်း၍ တစ်​ဆယ်​နှစ်​တောင်း အ​ပြည့်​ရ​ကြ၏။-

မု​ယော​မုန့်​ငါး​လုံး​နှင့် ငါး​က​လေး​နှစ်​ကောင်​ပါ​သော သူ​ငယ်​တစ်​ယောက်​ရှိ​ပါ၏။ သို့​သော်​လည်း ဤ​မျှ​လောက် များ​စွာ​သော​သူ​တို့​သည် ရှိ​ကြ​သည်​ဖြစ်၍၊ ထို​မုန့်​နှင့် ငါး​နှစ်​ကောင်​တို့​ကို အ​ဘယ်​ပြော​စ​ရာ​ရှိ​ပါ​သ​နည်း ဟု​လျှောက်၏။-

မြေ​ကြီး​ပေါ်​မှာ မြင့်​မြတ်​သော​အ​ရပ်​တို့၌ နေ​ရာ​ချ​တော်​မူ​သ​ဖြင့်၊ သူ​သည် မြေ​အ​သီး​အ​နှံ​ကို​စား၍ ကျောက်​ထဲ​က​ပျား​ရည်​ကို​လည်း​ကောင်း၊ မီး​ပါ​ကျောက်​ထဲ​က​ဆီ​ကို​လည်း​ကောင်း၊

သိုး​သ​ငယ်​ဆီ​ဥ၊ ဗာ​ရှန်​အ​မျိုး၏​သိုး​ထီး၊ ဆိတ်​ထီး​ဆီ​ဥ၊ ဂျုံ​စ​ပါး၊ ကျောက်​ကပ်​ဆီ​ဥ​နှင့်​တ​ကွ နွား​နို့​ဓမ်း​နှင့် သိုး​နို့​ကို​လည်း​ကောင်း စို့​မည်​အ​ကြောင်း​စီ​ရင်​တော်​မူ၍၊ သင်​သည် စ​ပျစ်​သီး​အ​သွေး​စစ်​ကို သောက်​ရ၏။

အို​ဣ​သ​ရေ​လ​အ​မျိုး၊ ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ သင်​သည် နို့​နှင့်​ပျား​ရည်​စီး​သော​ပြည်၌ ချမ်း​သာ​ရ၍ အ​လွန်​ပွား​များ​မည်​အ​ကြောင်း နား​ထောင်​လော့။ သ​တိ​နှင့် ကျင့်​စောင့်​လော့။

အ​ကြောင်း​မူ​ကား၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​သော​ပြည်၊ ချိုင့်​ထဲ၊ တောင်​ထဲ​က​ပေါက်​သော​မြစ်၊ ချောင်း၊ စမ်း​ရေ​တွင်း၊ ရေ​ကန်​များ​နှင့် ပြည့်​စုံ​သော​ပြည်၊

ဘာ​မျှ​မ​လို​ဘဲ ဝ​စွာ​စား​ရ​သော​ပြည်၊ သံ​ကျောက်​နှင့်​ပြည့်​စုံ၍၊ တောင်​ထဲ​က​ကြေး​နီ​ကို တူး​ရ​သော​ပြည်​သို့ သင့်​ကို​ဆောင်​သွား​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ