Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 8:7

Judson Bible

အ​ကြောင်း​မူ​ကား၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​သော​ပြည်၊ ချိုင့်​ထဲ၊ တောင်​ထဲ​က​ပေါက်​သော​မြစ်၊ ချောင်း၊ စမ်း​ရေ​တွင်း၊ ရေ​ကန်​များ​နှင့် ပြည့်​စုံ​သော​ပြည်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

မိ​မိ​မြည်း​ကို​စ​ပျစ်​နွယ်​ပင်၌​လည်း​ကောင်း၊ မြည်း​က​လေး​ကို​အ​မြတ်​ဆုံး​သော စ​ပျစ်​နွယ်​ပင်၌​လည်း​ကောင်း ချည်​နှောင်​၍၊ မိ​မိ​အ​ဝတ်​ပု​ဆိုး​များ​ကို စ​ပျစ်​သီး​အ​သွေး​တည်း​ဟူ​သော​စ​ပျစ်​ရည်​ဖြင့် လျှော်​လိမ့်​မည်။

အာ​ရှု​ရိ​ရှင်​ဘု​ရင် မိန့်​တော်​မူ​သည်​ကား၊ ငါ​နှင့်​မိတ်​သ​ဟာ​ယ​ဖွဲ့​ကြ။ ငါ့​ထံ​သို့​ထွက်​လာ​ကြ။ သင်​တို့​သည်​မ​သေ၊ အ​သက်​ရှင်​မည်​အ​ကြောင်း၊ သင်​တို့​ပြည်​နှင့်​တူ​သော ပြည်​တည်း​ဟူ​သော၊ ဆန်​စ​ပါး၊ စ​ပျစ်​ရည်​နှင့်​ပြည့်​စုံ​သော​ပြည်၊ မုန့်​နှင့်​စ​ပျစ်​ဥ​ယျာဉ်၊ သံ​လွင်​ဆီ၊ ပျား​ရည်​များ​သော​ပြည်​သို့​ပို့​ခြင်း​ငှာ ငါ​မ​လာ​မီ​တိုင်​အောင် သင်​တို့​သည် ကိုယ်​စ​ပျစ်​ပင်၏ အ​သီး၊ ကိုယ်​သင်္ဘော​သ​ဖန်း​ပင်၏​အ​သီး​ကို​စား၍၊ ကိုယ်​ရေ​ကန်​က​ရေ​ကို​သောက်​လျက် နေ​ကြ​ဦး​လော့။

ထာ​ဝ​ရ​ဘု​ရား​သည် ချိုင့်​များ​ထဲ​သို့ စမ်း​ရေ​ကို​လွှတ်​တော်​မူ၍၊ ရေ​သည် တောင်​တို့​တွင်​စီး​လျက်၊

ထို​သူ​တို့​သည်​လည်း စ​ကား​တော်​ကို​မ​ယုံ၊ သာ​ယာ​သော​ပြည်​ကို မ​ထီ​မဲ့​မြင်​ပြု​ကြ၏။

သူ​တို့​ကို​အဲ​ဂု​တ္တု​ပြည်၊ အဲ​ဂု​တ္တု​လူ​တို့​လက်​မှ​ကယ်​နုတ်၍၊ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ အာ​မော​ရိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​နေ​ရာ၊ နို့​နှင့်​ပျား​ရည်​စီး​တတ်​သော ပြည်​သို့​ပို့​ဆောင်​ခြင်း​ငှာ ငါ​ဆင်း​လာ​ပြီ။

သင်​တို့​ပြည်​နှင့် တူ​သော​ပြည်​တည်း​ဟူ​သော၊ ဆန်​စ​ပါး​စ​ပျစ်​ရည်​နှင့် ပြည့်​စုံ​သော​ပြည်၊ မုန့်​နှင့် စ​ပျစ်​ဥ​ယျာဉ်​များ​သော​ပြည်​သို့၊ သင်​တို့​ကို​ပို့​ခြင်း​ငှာ ငါ​မ​လာ​မီ​တိုင်​အောင်၊ သင်​တို့​သည် ကိုယ်​စ​ပျစ်​ပင်၏​အ​သီး၊ ကိုယ်​သင်္ဘော​သ​ဖန်း​ပင်၏ အ​သီး​ကို​စား၍၊ ကိုယ်​ရေ​ကန်​က ရေ​ကို သောက်​လျက်​နေ​ကြ​ဦး​လော့။

ငါ​ချစ်​ရာ​သ​ခင်၏ စ​ပျစ်​ဥ​ယျာဉ်​တော်​ကို​အ​ကြောင်း​ပြု၍၊ မေ​တ္တာ​သီ​ချင်း​ကို ရှေ့​တော်၌​ဆို​ပေ​အံ့။ မြေ​ကောင်း​သော​တောင်​ပေါ်​မှာ ငါ​ချစ်​ရာ​သ​ခင်၏ စ​ပျစ်​ဥ​ယျာဉ်​တော် တစ်​ဆူ​ရှိ၏။

ဝ​ပြော​သော​ပြည်၏​အ​သီး​အ​နှံ ဆီ​ဥ​ဆီ​ကြည်​ကို​စား​စေ​ခြင်း​ငှာ သင်​တို့​ကို ငါ​ဆောင်​သွင်း၍၊ သင်​တို့​သည် ဝင်​စား​သော​အ​ခါ၊ ငါ့​ပြည်​ကို ညစ်​ညူး​စေ၍၊ ငါ၏​အ​မွေ​ကို ရွံ​ရှာ​ဖွယ်​ဖြစ်​စေ​ကြ​သည်​တ​ကား။

မျိုး​စေ့​ကို​လည်း​ယူ၍ ရေ​များ​ရာ​လယ်​ကွက်၌ ပျိုး​လျက်၊ မိုး​မ​ခ​ပင်​ကဲ့​သို့ ထား​လေ၏။

သူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ ငါ​နုတ်​ပြီး​လျှင်၊ ပြည်​တ​ကာ​တို့၏ အထွတ်​ဖြစ်၍ နို့​နှင့်​ပျား​ရည် စီး​သော​ပြည်၊ သူ​တို့​အ​ဖို့​ငှာ ကြည့်​ရှု​သော ပြည်​သို့​ဆောင်​သွား​ခြင်း​ငှာ ကျိန်​ဆို​သော​အ​ခါ၊

သို့​ဖြစ်၍ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ​သော​လမ်း​သို့ လိုက်၍၊ ကိုယ်​တော်​ကို​ကြောက်​ရွံ့​သ​ဖြင့် ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​ရ​မည်။

ဂျုံ၊ မု​ယော၊ စ​ပျစ်​ပင်၊ သင်္ဘော​သ​ဖန်း​ပင်၊ သ​လဲ​ပင်​နှင့် ပြည့်​စုံ​သော​ပြည်၊ သံ​လွင်​ဆီ၊ ပျား​ရည်​နှင့်​ပြည့်​စုံ​သော​ပြည်၊

သွား​လျှင် သ​တိ​မ​ရှိ​သော​လူ​မျိုး​နှင့် ကျယ်​ဝန်း​သော​ပြည်​ကို တွေ့​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည် သင်​တို့​လက်၌ အပ်​တော်​မူ​မည်။ ထို​ပြည်၌ မြေ​ကြီး​ဥ​စ္စာ စုံ​လင်​လျက်​ရှိ​သည်​ဟု ပြော​ဆို​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ