တရားဟော 8:11Judson Bibleယနေ့ငါဆင့်ဆိုသော စီရင်ထုံးဖွဲ့ချက်၊ ပညတ်တရားတော်တို့ကို သင်သည်မစောင့်၊ သင်၏ဘုရားသခင်ထာဝရဘုရားကို မေ့လျော့သောအပြစ်ကို သတိနှင့်ရှောင်လော့။ အခန်းကိုကြည့်ပါ။ |
မိုးကောင်းကင်ကို ကြက်တော်မူထသော၊ မြေကြီးကိုလည်း တည်တော်မူထသော၊ သင့်ကို ဖန်ဆင်းတော်မူသော ထာဝရဘုရားကို သင်သည် မေ့လျော့၍၊ ညှဉ်းဆဲသောသူသည် ငါ့ကိုဖျက်ဆီးလုပြီဟု စိတ်ထင်နှင့်၊ သူ၏ဒေါသအမျက်ကို အစဉ်ကြောက်ရမည်အကြောင်း၊ အဘယ်သို့သော သဘောရှိသနည်း။ ယခုမှာ ညှဉ်းဆဲသောသူ၏ ဒေါသအမျက်သည် အဘယ်မှာရှိသနည်း။
သင်တို့သည်၊ ဟောရပ်အရပ်မှာ သင်တို့၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ရပ်နေကြသောအခါ၊ ကိုယ်တိုင်မြင်သော အမှုအရာတို့ကို မမေ့မလျော့။ နောက်တစ်သက်လုံး နှလုံးသွင်းနိုင်မည်အကြောင်း ကိုယ်ကိုကိုယ်သတိပြုကြလော့။ ကိုယ်စိတ်နှလုံးကိုကြိုးစား၍ စောင့်ရှောက်ကြလော့။ ထိုအရာတို့ကို သားမြေးတို့အားလည်း သွန်သင်ကြလော့။
သင်မတူးသော ရေတွင်းတို့ကိုလည်းကောင်း၊ သင်မစိုက်မပျိုးသော စပျစ်ဥယျာဉ်နှင့် သံလွင်ပင်တို့ကိုလည်းကောင်း၊ သင့်အားပေးခြင်းငှာ၊ သင်၏အဘအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူသောပြည်သို့ သင်၏ ဘုရားသခင်ထာဝရဘုရားသည် သင့်ကိုဆောင်သွင်းတော်မူ၍၊ သင်သည် ဝစွာစားလျက်နေရသောအခါ၊