Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 8:10

Judson Bible

ထို​ကောင်း​မွန်​သော​ပြည်​ကို ပေး​သ​နား​တော်​မူ​သည်​ဖြစ်၍၊ သင်​သည် ဝ​စွာ​စား​ရ​သော​အ​ခါ၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင် ကြည်​ညို​သော​စိတ်​နှင့် ဤ​မျှ​လောက် ပူ​ဇော်​နိုင်​အောင် အ​ကျွန်ုပ်​နှင့် အ​ကျွန်ုပ်၏​လူ​တို့​သည် အ​ဘယ်​သို့​သော​သူ ဖြစ်​ပါ​သ​နည်း။ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် တန်​ခိုး​တော်​ကြောင့် ဖြစ်​ပါ၏။ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်၏​ဥ​စ္စာ​ထဲ​က​သာ ကိုယ်​တော်​အား ပူ​ဇော်​ပါ၏။

အို ငါ့​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​လော့။ ကျေး​ဇူး​တော်​အ​ပေါင်း​ကို မ​မေ့​လျော့​နှင့်။

သင်​သည် ကိုယ်​ဥ​စ္စာ​နှင့် အ​ဦး​သီး​သော​အ​သီး​အ​နှံ​ရှိ​သ​မျှ​ကို ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​လော့။

ငါ​ချစ်​ရာ​သ​ခင်၏ စ​ပျစ်​ဥ​ယျာဉ်​တော်​ကို​အ​ကြောင်း​ပြု၍၊ မေ​တ္တာ​သီ​ချင်း​ကို ရှေ့​တော်၌​ဆို​ပေ​အံ့။ မြေ​ကောင်း​သော​တောင်​ပေါ်​မှာ ငါ​ချစ်​ရာ​သ​ခင်၏ စ​ပျစ်​ဥ​ယျာဉ်​တော် တစ်​ဆူ​ရှိ၏။

သင်​တို့​သည် ဝ​စွာ စား​ရ​ကြ​လိမ့်​မည်။ အံ့​ဩ​ဖွယ်​သော အ​မှု​တို့​ကို သင်​တို့၌​ပြု​သော သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။ နောက်​တစ်​ဖန် ငါ၏​လူ​တို့​သည်​လည်း ရှက်​ကြောက်​ခြင်း မ​ရှိ​ရ​ကြ။

မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​ကို​လည်း​ယူ၍ ကောင်း​ကင်​သို့ ကြည့်​မျှော်​လျက်၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​နှင့် ငါး​ကို​ဖဲ့၍ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။-

အ​ထက်​က​သ​ခင်​ဘု​ရား​သည် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​မှ၊ လူ​များ​သည် မုန့်​ကို​စား​ကြ​ရာ​အ​ရပ်​နှင့် အ​နီး၊ တိ​ဗေ​ရိ​မြို့​မှ အ​ခြား​သော​လှေ​ငယ်​များ​လာ​သော်​လည်း၊ မ​နေ့၌ တ​ပည့်​တော်​တို့​ဝင်​သော လှေ​မှ​တစ်​ပါး အ​ဘယ်​လှေ​မျှ မ​ရှိ​သည်​ကို​လည်း​ကောင်း၊ ယေ​ရှု​သည် ထို​လှေ​ထဲ​သို့ တ​ပည့်​တော်​တို့ နှင့်​အ​တူ ဝင်​တော်​မ​မူ​ဘဲ​လျက်၊ တ​ပည့်​တော်​တို့​သာ သွား​သည်​ကို​လည်း​ကောင်း မြင်​ကြ၍၊-

နေ့​ရက်​ကို​စောင့်​သော​သူ​သည် သ​ခင်​ဘု​ရား​ကို ထောက်၍ စောင့်၏။ နေ့​ရက်​ကို မ​စောင့်​သော​သူ​သည်​လည်း၊ သ​ခင်​ဘု​ရား​ကို ထောက်၍ မ​စောင့်​ဘဲ​နေ၏။ စား​သော​သူ​သည် သ​ခင်​ဘု​ရား​ကို ထောက်​သော​စိတ်​နှင့် စား၍ ကျေး​ဇူး​တော်​ရှိ​သည်​ဟု ဝန်​ခံ၏။ မ​စား​သော​သူ​သည်​လည်း၊ သ​ခင်​ဘု​ရား​ကို ထောက်​သော​စိတ်​နှင့် မ​စား​ဘဲ​နေ၍၊ ကျေး​ဇူး​တော်​ရှိ​သည်​ဟု ဝန်​ခံ၏။-

သင်​တို့​သည် စား​သော်​လည်း​ကောင်း၊ သောက်​သော်​လည်း​ကောင်း၊ မည်​သည့်​အ​မှု​ကို ပြု​သော်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ ဘုန်း​တော်​ကို ထောက်၍ ခပ်​သိမ်း​သော​အ​မှု​ကိ​စ္စ​ကို ပြု​ကြ​လော့။-

အ​ကြောင်း​မူ​ကား၊ သူ​တို့၏​ဘိုး​ဘေး​တို့​အား ငါ​ကျိန်​ဆို၍ နို့​နှင့်​ပျား​ရည်​စီး​သော​ပြည်​သို့ သူ​တို့​ကို ငါ​ဆောင်​သွင်း​သ​ဖြင့် သူ​တို့​သည် ဝ​စွာ​စား​ရ၍ ဆူ​ဖြိုး​သော​အ​ခါ၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​ထံ​သို့​လွှဲ​သွား၍ ဝတ်​ပြု​ကြ​လိမ့်​မည်။ ငါ့​ကို​ပုန်​ကန်၍ ငါ့​ပ​ဋိ​ညာဉ်​တ​ရား​ကို ဖျက်​ကြ​လိမ့်​မည်။

ဘာ​မျှ​မ​လို​ဘဲ ဝ​စွာ​စား​ရ​သော​ပြည်၊ သံ​ကျောက်​နှင့်​ပြည့်​စုံ၍၊ တောင်​ထဲ​က​ကြေး​နီ​ကို တူး​ရ​သော​ပြည်​သို့ သင့်​ကို​ဆောင်​သွား​တော်​မူ၏။

အ​ရာ​ရာ၌ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ထို​သို့​ကျင့်​စေ​ခြင်း​ငှာ၊ ယေ​ရှု​ခ​ရစ်၌ ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ