Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 7:7

Judson Bible

သင်​သည် အ​ခြား​သော​လူ​မျိုး​ထက်​သာ၍​များ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ချစ်၍ ရွေး​ချယ်​တော်​မူ​သည် မ​ဟုတ်။ သင်​သည် အ​ခြား​သော​လူ​မျိုး​တ​ကာ​တို့​ထက် သာ၍​နည်း၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား၏​ကျွန် အာ​ဗြ​ဟံ​အ​မျိုး၊ ရွေး​ကောက်​တော်​မူ​သော ယာ​ကုပ်​အ​နွယ်​တို့၊

အ​ကျွန်ုပ်​တို့၌ ဘုန်း​မ​ရှိ​စေ​ဘဲ၊ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့၌ ဘုန်း​မ​ရှိ​စေ​ဘဲ၊ ကိုယ်​တော်၏​နာ​မ၌ က​ရု​ဏာ​တော်​နှင့် သ​စ္စာ​တော်​ကြောင့် ဘုန်း​ရှိ​ပါ​စေ​သ​တည်း။

သူ​တို့​သည် ကိုယ်​ဓား​ဖြင့် ထို​မြေ​ကို​အ​စိုး​ရ​ကြ​သည် မ​ဟုတ်​ပါ။ ကိုယ်​လက်​ဖြင့် ကိုယ်​ကို ကယ်​တင်​ကြ​သည် မ​ဟုတ်​ပါ။ ကိုယ်​တော်​အ​လို​ရှိ​သော​ကြောင့် လက်​ယာ​လက်​ရုံး​တော်​နှင့် မျက်​နှာ​တော်​အ​လင်း​အား​ဖြင့် သူ​တို့​ကို ကယ်​တင်​တော်​မူ၏။

သင်​တို့၏​အ​ဘ အာ​ဗြ​ဟံ​နှင့်၊ သင်​တို့​ကို​ဖွား​သော​သူ စာ​ရာ​တို့​ကို ကြည့်​ရှု​ကြ​လော့။ ငါ​သည် တစ်​ယောက်​တည်း​သော​သူ အာ​ဗြ​ဟံ​ကို ခေါ်၍၊ ကောင်း​ချီး​ပေး​သ​ဖြင့် များ​ပြား​စေ၏။

အ​မှု​ရောက်​လေ​ရာ​ရာ၌ သူ​တို့​ကို ညှဉ်း​ဆဲ​တော်​မ​မူ။ ရှေ့​တော်​မှ စေ​လွှတ်​သော ကောင်း​ကင်​တ​မန်​သည် ကယ်​တင်​လျက်၊ မေ​တ္တာ​က​ရု​ဏာ​တော် ရှိ​သည်​အ​တိုင်း ရွေး​နုတ်​တော်​မူ၏။ ရှေး​ကာ​လ​ပတ်​လုံး သူ​တို့​ကို ချီ​ဆောင်​တော်​မူ၏။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို​ဆင့်​ဆို​ရ​မည်​မှာ၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ငါ​ရွေး​ကောက်၍၊ အဲ​ဂု​တ္တု​ပြည်၌ သူ​တို့​အား ထင်​ရှား​လျက်၊ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု၊ ယာ​ကုပ်​အ​မျိုး​သား​တို့​အား ကျိန်​ဆို​သည်​ကာ​လ၊

သို့​ဖြစ်၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့​ကို​ထောက်၍ ဤ​အ​မှု​ကို ငါ​ပြု​သည်​မ​ဟုတ်။ သင်​တို့​ရောက်​သ​မျှ​သော​အ​ရပ်​တို့၌ လူ​အ​မျိုး​မျိုး​တို့​ရှေ့​မှာ ရှုတ်​ချ​သော ငါ၏​နာ​မ​မြတ်​ကို​သာ ထောက်၍ ပြု၏။

အ​သက်​ရှင်​ခြင်း​သို့ ရောက်​သော​လမ်း​နှင့် တံ​ခါး​သည် အ​လွန်​ကျဉ်း​မြောင်း​သည် ဖြစ်၍၊ တွေ့​ဝင်​သော​သူ​တို့​သည် နည်း​ကြ၏။-

သိုး​စု​ငယ်၊ သင်​တို့​သည် မ​ကြောက်​ကြ​နှင့်။ သင်​တို့​အ​ဘ​သည် သင်​တို့​အား နိုင်​ငံ​ကို​ပေး​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ၏။-

ကျေး​ဇူး​တော်​အား​ဖြင့်​ရှိ​လျှင်၊ ကိုယ်​ကျင့်​သော​အ​ကျင့်​အား​ဖြင့် မ​ရှိ၊ ရှိ​လျှင် ကျေး​ဇူး​သည် ကျေး​ဇူး​မ​ဟုတ်။ ကိုယ်​ကျင့်​သော​အ​ကျင့်​အား​ဖြင့် ရှိ​လျှင်၊ ကျေး​ဇူး​အား​ဖြင့် မ​ရှိ၊ ရှိ​လျှင် ကိုယ်​ကျင့်​သော​အ​ကျင့်​သည် အ​ကျင့်​မ​ဟုတ်။

ထို​သို့​နှင့်​အ​ညီ၊ ကျေး​ဇူး​ပြု​လို​သော​သူ​ကို ကျေး​ဇူး​ပြု​တော်​မူ၏။ ခိုင်​မာ​စေ​လို​သော သူ​ကို​လည်း ခိုင်​မာ​စေ​တော်​မူ၏။

အိုး​ထိန်း​သ​မား​သည် အိုး​မြေ​ကို ပိုင်​သည် မ​ဟုတ်​လော။ အိုး​မြေ​တစ်​ပုံ​တည်း​နှင့် အိုး​မြတ်၊ အိုး​ယုတ်​ကို လုပ်​ပိုင်​သည်​မ​ဟုတ်​လော။-

သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​များ​ပြား​စေ​တော်​မူ၍၊ သင်​တို့​သည် အ​ရေ​အ​တွက်​အား​ဖြင့် ကောင်း​ကင်​ကြယ်​ကဲ့​သို့ ယ​နေ့​ဖြစ်​ကြ၏။

သင်၏​ဘိုး​ဘေး​တို့​သည်၊ အ​ရေ​အ​တွက်​အား​ဖြင့် လူ​ခု​နစ်​ဆယ်​မျှ​သာ​ရှိ​လျက်၊ အဲ​ဂု​တ္တု​ပြည်​သို့ ဆင်း​သွား​ကြ၏။ ယ​ခု​မူ​ကား၊ အ​ရေ​အ​တွက်​အား​ဖြင့် မိုး​ကောင်း​ကင်​ကြယ်​နှင့်​အ​မျှ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် များ​ပြား​စေ​တော်​မူ​ပြီ။

သင်​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖို့၊ သန့်​ရှင်း​သော​လူ​မျိုး ဖြစ်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​ပေါ်​မှာ​ရှိ​သ​မျှ​သော လူ​မျိုး​ထက်၊ ကိုယ်​တော်​ပိုင်​ထိုက်​သော​အ​မျိုး​ဖြစ်​စေ​ခြင်း​ငှာ သင်​တို့​ကို ရွေး​ချယ်​တော်​မူ​ပြီ။

သင်​တို့​ဘိုး​ဘေး​များ​ကို ချစ်​တော်​မူ​သော​ကြောင့်၊ သူ​တို့​အ​မျိုး​အ​နွယ်​ကို ရွေး​ကောက်​တော်​မူ​ပြီ။

ဘု​ရား​သ​ခင်၏ သား​တော်​ဟု ခေါ်​ဝေါ်​ခြင်း​အ​ခွင့်​ကို ငါ​တို့​သည်​ရ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို အ​ဘယ်​မျှ​လောက် ချစ်​တော်​မူ​သည်​ကို ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ လော​ကီ​သား​တို့​သည် ဘု​ရား​သ​ခင်​ကို မ​သိ​သော​ကြောင့်၊ ငါ​တို့​ကို​လည်း မ​သိ​ကြ။-

ငါ​တို့​သည် ဘု​ရား​သ​ခင်​ကို​ချစ်​ကြ​သည်​ဟု မ​ဆို။ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို​ချစ်၍ ငါ​တို့၏​အ​ပြစ် ဖြေ​စ​ရာ​အ​ကြောင်း ဖြစ်​စေ​ခြင်း​ငှာ၊ သား​တော်​ကို စေ​လွှတ်​တော်​မူ​သော​အ​ရာ၌ ချစ်​ခြင်း​မေ​တ္တာ​ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ