တရားဟော 7:6Judson Bibleအကြောင်းမူကား၊ သင်သည် သင်၏ ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းသောအမျိုးဖြစ်၏။ မြေကြီးပေါ်မှာရှိသမျှသော လူမျိုးထက် သင်၏ဘုရားသခင် ထာဝရဘုရား ပိုင်ထိုက်သောအမျိုးဖြစ်စေခြင်းငှာ သင့်ကိုရွေးချယ်တော်မူပြီ။ အခန်းကိုကြည့်ပါ။ |
အလိုလိုသေသောအကောင်ကို မစားရ။ သင်တို့၌ တည်းခိုသော တစ်ပါးအမျိုးသားစားစရာဖို့ ပေးရမည်။ သို့မဟုတ် တစ်ကျွန်းတစ်နိုင်ငံသားတို့အား ရောင်းရမည်။ သင်တို့သည် သင်တို့၏ ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းသောလူမျိုးဖြစ်ကြ၏။ ဆိတ်သငယ်ကို အမိနို့ရည်နှင့် မပြုတ်မချက်ရ။
ဖန်ဆင်းတော်မူသော လူမျိုးတကာတို့ထက် သင်၏ဂုဏ်အသရေ ကျော်စောကိတ္တိကို လွန်ကဲစေတော်မူမည်ဟူ၍လည်းကောင်း ကတိတော်ရှိသည်အတိုင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားအဖို့ သန့်ရှင်းသောလူမျိုးဖြစ်စေခြင်းငှာလည်းကောင်း ယနေ့ ဝန်ခံတော်မူပြီဟု ဣသရေလအမျိုးသားတို့အား ဟောပြောလေ၏။
ဘုရားဝတ်၌ မွေ့လျော်သော သူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းအထဲက ကယ်နုတ်ခြင်းငှာလည်းကောင်း၊ မတရားသောသူတို့ကို ဒဏ်ခံစေမည် အကြောင်း၊ ညစ်ညူးသော တပ်မက်ခြင်း ကိလေသာနှင့်တကွ၊ ကာမဂုဏ်အလိုသို့လိုက်၍၊ အာဏာစက်ကို မထီမဲ့မြင်ပြုသော သူတို့ကို အထူးသဖြင့် ဒဏ်ခံစေမည်အကြောင်း၊ တရားဆုံးဖြတ်သောနေ့အဖို့ ချုပ်ထားခြင်းငှာလည်းကောင်း၊ ထာဝရဘုရားသည် တတ်နိုင်တော်မူ၏။ ထိုသူတို့သည် ရဲရင့်သောသူ၊ ကိုယ်အလိုသို့ လိုက်တတ်သောသူဖြစ်၍၊ ဘုန်းတန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့ဝံ့ကြ၏။-