Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 7:11

Judson Bible

သို့​ဖြစ်၍ ယ​နေ့ ငါ​ထား​သော​စီ​ရင်​ထုံး​ဖွဲ့​ချက်၊ ပ​ညတ်​တ​ရား​တို့​ကို ကျင့်​အံ့​သော​ငှာ စောင့်​ရှောက်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ငါ့​ကို​ချစ်​လျှင် ငါ့​ပ​ညတ်​တို့​ကို စောင့်​ရှောက်​ကြ​လော့။ ငါ​သည် ခ​မည်း​တော်​ကို​တောင်း၍၊-

အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​သည် အ​သက်​ရှင်၍၊ သင်​တို့​ဘိုး​ဘေး​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်​ကို ဝင်​စား​မည်​အ​ကြောင်း၊ သင်​တို့​ကျင့်​စ​ရာ​ဖို့ ငါ​သွန်​သင်​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို နား​ထောင်​ကြ​လော့။

သင်​တို့​သည်​သွား၍ ဝင်​စား​သော​ပြည်၌ ကျင့်​စ​ရာ​ဖို့၊ ငါ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်​တို့​ကို သင်​တို့​အား ငါ​သွန်​သင်​ပြီ။

သို့​ဖြစ်၍ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ သင်​တို့​သည်​ကျင့်​အံ့​သော​ငှာ စောင့်​နေ​ရ​ကြ​မည်။ လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​သို့ မ​လွှဲ​မ​ရှောင်​ရ​ကြ။

ကိုယ်​တော်​ကို​မုန်း​သော​သူ​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ၊ သူ​တို့​မျက်​မှောက်၌ အ​ပြစ်​ပေး​သော​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​ကို သိ​မှတ်​လော့။ ကိုယ်​တော်​ကို မုန်း​သော​သူ​တို့​ကို အား​မ​နာ​ဘဲ၊ သူ​တို့​မျက်​မှောက်၌ အ​ပြစ်​ပေး​တော်​မူ​မည်။

ထို​ပ​ညတ်​တို့​ကို သင်​သည် ကျင့်​ဆောင်​အံ့​သော​ငှာ နား​ထောင်​လျှင်၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော ပ​ဋိ​ညာဉ်​နှင့် က​ရု​ဏာ​တော်​ကို စောင့်​တော်​မူ​မည်။

ယ​နေ့​ငါ​ဆင့်​ဆို​သော စီ​ရင်​ထုံး​ဖွဲ့​ချက်၊ ပ​ညတ်​တ​ရား​တော်​တို့​ကို သင်​သည်​မ​စောင့်၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို မေ့​လျော့​သော​အ​ပြစ်​ကို သ​တိ​နှင့်​ရှောင်​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ