Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 7:10

Judson Bible

ကိုယ်​တော်​ကို​မုန်း​သော​သူ​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ၊ သူ​တို့​မျက်​မှောက်၌ အ​ပြစ်​ပေး​သော​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​ကို သိ​မှတ်​လော့။ ကိုယ်​တော်​ကို မုန်း​သော​သူ​တို့​ကို အား​မ​နာ​ဘဲ၊ သူ​တို့​မျက်​မှောက်၌ အ​ပြစ်​ပေး​တော်​မူ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ဦး​မ​ချ​ဝတ်​မ​ပြု​နှင့်။ အ​ကြောင်း​မူ​ကား၊ သင်၏​ဘု​ရား​သ​ခင် ငါ​ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်၌​အ​ပြစ်​ရှိ​သည်​ဟု ယုံ​လွယ်​သော​ဘု​ရား၊ ငါ့​ကို​မုန်း​သော​သူ​တို့၏ အ​မျိုး​အ​စဉ်​အ​ဆက်၊ တ​တိ​ယ​အ​ဆက်၊ စ​တု​တ္ထ​အ​ဆက်​တိုင်​အောင်၊ အ​ဘ​တို့၏​အ​ပြစ်​ကို သား​တို့​၌​ဆပ်​ပေး​စီ​ရင်​သော​ဘု​ရား၊

အ​ထောင်​အ​သောင်း​များ​သော​သူ​တို့​အား သ​နား​ခြင်း​ကျေး​ဇူး​တ​ရား​ကို စောင့်​တော်​မူ​ထ​သော၊ အ​ဓ​မ္မ​ကျင့်​ခြင်း၊ တ​ရား​တော်​ကို​လွန်​ကျူး​ခြင်း၊ ပြစ်​မှား​ခြင်း​အ​ပြစ်​တို့​ကို ဖြေ​လွှတ်​သော်​လည်း၊ အ​ချည်း​နှီး​သက်​သက် ဖြေ​လွှတ်​တော်​မ​မူ​ထ​သော၊ သား​စဉ်​မြေး​ဆက်၊ တ​တိ​ယ​အ​ဆက်၊ စ​တု​တ္ထ​အ​ဆက်​တိုင်​အောင်၊ အ​ဘ​တို့၏​အ​ပြစ်​ကို သား​တို့၌​ဆပ်​ပေး​စီ​ရင်​တော်​မူ​သော ဘု​ရား​သ​ခင်​ဟု ကြွေး​ကြော်​တော်​မူ၏။

ဖြောင့်​မတ်​သော​သူ​သော်​လည်း မြေ​ကြီး​ပေါ်​မှာ အ​ပြစ်​ဒဏ်​ကို​ခံ​ရ၏။ မ​တ​ရား​သော​သူ​နှင့် အ​ပြစ်​ထင်​ရှား​သော​သူ​ကို​မူ​ကား၊ အ​ဘယ်​ဆို​ဖွယ်​ရာ​ရှိ​သ​နည်း။

သူ​တို့​အ​ကျင့်​အ​တိုင်း အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​တော်​မူ​မည်။ ရန်​ဘက်​ပြု​သော​သူ​တို့​အား အ​မျက်​တော်​ကို​လည်း​ကောင်း၊ ရန်​သူ​တို့ ခံ​ထိုက်​သည်​အ​တိုင်း​အ​ပြစ်​ကို​လည်း​ကောင်း၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​အား အ​ကျိုး​အ​ပြစ်​ကို​လည်း​ကောင်း ဆပ်​ပေး​တော်​မူ​မည်။

ကိုယ်​တော်​သည် လူ​အ​ထောင်​အ​သောင်း​တို့​အား က​ရု​ဏာ​ကျေး​ဇူး​ပြု​လျက်၊ အ​ဘ​တို့၏​အ​ပြစ်​ကို နောက်​ဖြစ်​သော​သား​တို့၏ ခေါင်း​ပေါ်​သို့ သက်​ရောက်​စေ​တော်​မူ၏။ အ​လွန်​ကြီး​မြတ်​သော​ဘု​ရား၊ မ​ဟာ​တန်​ခိုး​တော်​နှင့် ပြည့်​စုံ​သော​ဘု​ရား​ဖြစ်၍၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ဟူ​သော ဘွဲ့​နာ​မ​ရှိ​တော်​မူ၏။

အ​ပြစ်​ရှိ​သည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် ယုံ​လွယ်၍ ဒဏ်​ပေး​သော​ဘု​ရား ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဒဏ်​ပေး၍ အ​မျက် ပြင်း​ထန်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ရန်​ဘက်​ပြု​သော​သူ​တို့​ကို ဒဏ်​ပေး၍၊ ရန်​သူ​တို့​ကို အ​ငြိုး​ထား​တော်​မူ၏။

သေ​တ္တာ​တော်​သွား​သော​အ​ခါ၊ မော​ရှေ​က အို​ထာ​ဝ​ရ​ဘု​ရား​ထ​တော်​မူ​ပါ။ ကိုယ်​တော်၏​ရန်​သူ​တို့​သည် လွင့်​ကြ​ပါ​စေ​သော။ ကိုယ်​တော်​ကို မုန်း​သော​သူ​တို့​သည် ရှေ့​တော်​မှ​ပြေး​ကြ​ပါ​စေ​သော ဟူ၍​လည်း​ကောင်း၊

အ​ဘ​တို့၏​အ​ပြစ်​ကို သား​တို့၌​ဆပ်​ပေး​စီ​ရင်​တော်​မူ​သော ဘု​ရား​သ​ခင်​ဖြစ်၏​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ အ​ကျွန်ုပ်​တို့၏​ဘု​ရား​ရှင် တန်​ခိုး​တော်​သည် ကြီး​ပါ​စေ​သော။

ချစ်​သူ​တို့၊ သူ​တစ်​ပါး​သည် သင်​တို့​ကို ပြစ်​မှား​လျှင်၊ ကိုယ်​တိုင် အ​ပြစ်​ပြန်၍ မ​တုံ့​ကြ​နှင့်။ အ​မျက်​တော်​ကို အ​ခွင့်​ပေး​ကြ​လော့။ ကျမ်း​စာ​လာ​သည်​ကား၊ ငါ​သည် အ​ပြစ်​တ​ရား​ကို စီ​ရင်​ပိုင်၏။ အ​ပြစ်​နှင့်​အ​လျောက် ငါ​ဆပ်​ပေး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။-

အိမ်​ပြင်၌ ဓား​ဘေး၊ အိမ်​အ​တွင်း၌ ကြောက်​မက်​ဖွယ်​သော​ဘေး​သည် လူ​ပျို​နှင့်​အ​ပျို​ကို​လည်း​ကောင်း၊ နို့​စို့​သူ​ငယ်​နှင့် ဦး​ဆံ​ဖြူ​သော​သူ​ကို​လည်း​ကောင်း ဖျက်​ဆီး​လိမ့်​မည်။

အ​ပြစ်​တ​ရား​ကို စီ​ရင်​ရ​သော​အ​ခွင့်၊ အ​ပြစ်​နှင့်​အ​လျောက် ဆပ်​ပေး​ရ​သော အ​ခွင့်​ကို​ငါ​ပိုင်၏။ အ​ချိန်​တန်​မှ သူ​တို့​ခြေ​သည် ချော်​လိမ့်​မည်။ သူ​တို့၌ ဘေး​ရောက်​သော​အ​ချိန် နီး​ပြီ။ သူ​တို့​တွေ့​ကြုံ​ရ​သော​အ​မှု​သည် အ​လျင်​အ​မြန် ရောက်​လာ​လိမ့်​မည်။

ငါ​သည် ပြောင်​လက်​သော​ဓား​ကို​သွေး၍၊ တ​ရား​စီ​ရင်​စ​ပြု​လျက် ငါ့​ရန်​သူ​တို့၌ အ​ပြစ်​တ​ရား​ကို စီ​ရင်​မည်။ ငါ့​ကို​မုန်း​သော​သူ​တို့ ခံ​ထိုက်​သော​အ​ပြစ်​အ​လျောက် ငါ​ဆပ်​ပေး​မည်။

ဦး​မ​ချ၊ ဝတ်​မ​ပြု​နှင့်။ အ​ကြောင်း​မူ​ကား၊ သင်၏​ဘု​ရား​သ​ခင်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင်၌​အ​ပြစ်​ရှိ​သည်​ဟု ယုံ​လွယ်​သော​ဘု​ရား၊ ငါ့​ကို​မုန်း​သော​သူ​တို့၏ အ​မျိုး​အ​စဉ်​အ​ဆက်၊ တ​တိ​ယ​အ​ဆက်၊ စ​တု​တ္ထ​အ​ဆက်​တိုင်​အောင်၊ အ​ဘ​တို့၏​အ​ပြစ်​ကို သား​တို့၌ ဆပ်​ပေး​စီ​ရင်​သော​ဘု​ရား၊

သို့​ဖြစ်၍ ယ​နေ့ ငါ​ထား​သော​စီ​ရင်​ထုံး​ဖွဲ့​ချက်၊ ပ​ညတ်​တ​ရား​တို့​ကို ကျင့်​အံ့​သော​ငှာ စောင့်​ရှောက်​ရ​မည်။

သို့​ဖြစ်၍ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မှန်​သော​ဘု​ရား၊ သ​စ္စာ​စောင့်​သော​ဘု​ရား၊ ကိုယ်​တော်​ကို​ချစ်၍ ပ​ညတ်​တော်​တို့​ကို​စောင့်​ရှောက်​သော သူ​တို့၏​အ​မျိုး​အ​စဉ်​အ​ဆက် အ​ထောင်​အ​သောင်း​တိုင်​အောင် ပ​ဋိ​ညာဉ်​စ​ကား​တည်၍ က​ရု​ဏာ​ကို​ပြ​သော​ဘု​ရား၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ