Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 5:21

Judson Bible

ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏​မ​ယား​ကို တပ်​မက်​သော​စိတ် မ​ရှိ​စေ​နှင့်။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏​အိမ်၊ လယ်​ယာ၊ ကျွန်​ယောက်ျား မိန်း​မ၊ နွား​မြည်း​မှ​စ၍ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏​ဥ​စ္စာ တစ်​စုံ​တစ်​ခု​ကို​မျှ တပ်​မက်​လို​ချင်​သော​စိတ် မ​ရှိ​စေ​နှင့်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

နောက်​တစ်​နေ့​ညဉ့်​ဦး​ယံ၌ ဒါ​ဝိဒ်​သည် လျောင်း​စက်​ရာ​မှ​ထ၍ နန်း​တော်​မိုး​ပေါ်​မှာ စင်္ကြံ​သွား​စဉ်​တွင်၊ အ​လွန်​အ​ဆင်း​လှ​သော မိန်း​မ​တစ်​ယောက်​ရေ​ချိုး​သည်​ကို မြင်​တော်​မူ၏။

သူ့​မ​ယား​ကို ငါ​တပ်​မက်​မိ​သော်​လည်း​ကောင်း၊ အိမ်​နီး​ချင်း​တံ​ခါး​နား​မှာ ငါ​ချောင်း​မိ​သော်​လည်း​ကောင်း၊

ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏​အိမ်​ကို တပ်​မက်​လို​ချင်​သော​စိတ် မ​ရှိ​စေ​နှင့်။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏ မ​ယား၊ သူ၏ ကျွန်​ယောက်ျား၊ မိန်း​မ၊ နွား၊ မြည်း​မှ​စ၍ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏ ဥ​စ္စာ​တစ်​စုံ​တစ်​ခု​ကို​မျှ တပ်​မက်​လို​ချင်​သော​စိတ်​မ​ရှိ​စေ​နှင့်​ဟု မိန့်​တော်​မူ၏။

ထို​သို့​သော​မိန်း​မ​သည် အ​ဆင်း​လှ​သော်​လည်း၊ တပ်​မက်​သော​စိတ်​မ​ရှိ​နှင့်။ သူ​သည် မျက်​ခမ်း​တို့​ဖြင့် သင့်​ကို မ​ကျော့​မိ​စေ​နှင့်။

သူ​တစ်​ပါး၏​အိမ်​နှင့် လယ်​ယာ​တို့​ကို​တပ်​မက်၍ အ​နိုင်​အ​ထက် သိမ်း​ယူ​လျက်၊ လူ​နှင့် သူ၏​အိမ်​ကို​လည်း​ကောင်း၊ လူ​ကြီး​နှင့် သူ၏​အ​မွေ​ဥ​စ္စာ​ကို​လည်း​ကောင်း လု​ယက်၍ ညှဉ်း​ဆဲ​တတ်​ကြ၏။

မိ​မိ​အ​သိုက်​ကို မြင့်​သော အ​ရပ်၌​တင်၍ ဘေး​ဒဏ်​လက်​မှ မိ​မိ​လွတ်​စေ​ခြင်း​ငှာ၊ မ​ကောင်း​သော​အ​ဓ​မ္မ​စီး​ပွား​ကို မိ​မိ​အ​မျိုး​အ​ဖို့ ရှာ​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။

ထို​မှ​တစ်​ပါး လော​ဘ​လွန်​ကျူး​ခြင်း​ကို သ​တိ​နှင့် ကြဉ်​ရှောင်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ စည်း​စိမ်​ရှိ​သော်​လည်း စည်း​စိမ်၌ အ​သက်​မ​တည်​ဟု မိန့်​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ သူ့​မ​ယား​ကို မ​ပြစ်​မှား​နှင့်၊ လူ​အ​သက်​ကို မ​သတ်​နှင့်၊ သူ့​ဥ​စ္စာ​ကို မ​ခိုး​နှင့်၊ မ​မှန်​သော သက်​သေ​ကို မ​ခံ​နှင့်၊ သူ့​ဥ​စ္စာ​ကို တပ်​မက်​လို​ချင်​သော​စိတ် မ​ရှိ​စေ​နှင့်​ဟူ​သော ပ​ညတ်​မှ​စ၍ အ​ခြား​သော ပ​ညတ်​ရှိ​သ​မျှ​တို့​သည်၊ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ ချစ်​လော့​ဟူ​သော ပ​ညတ်​တစ်​ခု၌ အ​ပါ​အ​ဝင် ဖြစ်​ကြ၏။-

သင်​တို့၏​ကျင့်​ကြံ​ပြု​မူ​ခြင်း​သည် ငွေ​ကို​တပ်​မက်​ခြင်း​နှင့် ကင်း​လွတ်၍၊ ကိုယ်၌​ရှိ​သော​ဥ​စ္စာ​နှင့် ရောင့်​ရဲ​ခြင်း​ရှိ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ငါ​သည် သင့်​ကို​မ​စွန့်၊ သင့်​ကို​အ​လျှင်း​ပစ်၍​မ​ထား​ဟု က​တိ​တော်​ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ