Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 5:20

Judson Bible

ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​တစ်​ဖက်၌ မ​မှန်​သော​သက်​သေ​ကို မ​ခံ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

အ​ဓ​မ္မ​လူ​နှစ်​ယောက်​သည်​လာ၍ သူ့​ရှေ့​မှာ​ထိုင်​လျက်၊ နာ​ဗုတ်​သည် ဘု​ရား​သ​ခင်​နှင့်​ရှင်​ဘု​ရင်​ကို စွန့်​ပယ်​ပြီ​ဟု လူ​များ​ရှေ့​တွင် နာ​ဗုတ်​တစ်​ဖက်၌ သက်​သေ​ခံ​ကြ​လျှင်၊ နာ​ဗုတ်​ကို မြို့​ပြင်​သို့​ထုတ်၍ သေ​အောင် ကျောက်​ခဲ​နှင့်​ပစ်​ကြ၏။

ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​တစ်​ဖက်၌ မ​မှန်​သော​သက်​သေ​ကို မ​ခံ​နှင့်။

သင်​သည် မှား​သော​သ​တင်း​စ​ကား​ကို မ​ကြား​မ​ပြော​ရ။ မ​တ​ရား​သော​သူ​တို့​နှင့် ဝိုင်း​ညီ၍ မ​မှန်​သော​သက်​သေ​ကို​မ​ခံ​ရ။

မ​မှန်​သော​သက်​သေ​သည် အ​ပြစ်​မ​ခံ​ဘဲ​မ​နေ​ရ။ မု​သား​ကို​သုံး​သော​သူ​သည်​လည်း ဒဏ်​နှင့်​မ​လွတ်​ရ။

မ​မှန်​သော​သက်​သေ​သည် အ​ပြစ်​မ​ခံ​ဘဲ မ​နေ​ရ။ မု​သား​ကို​သုံး​သော​သူ​သည်​လည်း၊ ပျက်​စီး​ခြင်း​သို့ ရောက်​လိမ့်​မည်။

မု​သား​စ​ကား​ကို​ပြော၍ မ​မှန်​သော​သက်​သေ​တစ်​ပါး၊ အ​ပေါင်း​အ​ဖော်​ချင်း ရန်​တွေ့​စေ​ခြင်း​ငှာ ပြု​တတ်​သော​သူ တစ်​ပါး​တည်း။

သင်​တို့​ကို စစ်​ကြော​စီ​ရင်​ခြင်း​ငှာ ငါ​ချဉ်း​မည်။ ပြု​စား​တတ်​သော​သူ၊ သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ၊ မ​မှန်​သော ကျိန်​ဆို​ခြင်း​ကို ပြု​သော​သူ၊ သူ​ငှား​ကို အ​ခ​မ​ပေး ညှဉ်း​ဆဲ​သော​သူ၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်​နှင့် မု​ဆိုး​မ​ကို ညှဉ်း​ဆဲ​သော​သူ၊ ဧည့်​သည်​ကို မ​တ​ရား​သ​ဖြင့် စီ​ရင်​သော​သူ၊ ငါ့​ကို​မ​ကြောက်​ရွံ့​သော​သူ​တို့​တစ်​ဖက်၌ ငါ​သည် လျင်​မြန်​သော​သက်​သေ​ဖြစ်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အ​ဘယ်​ပ​ညတ်​တို့​ကို စောင့်​ရှောက်​ရ​မည်​နည်း​ဟု လျှောက်​ပြန်​သော်၊ လူ​အ​သက်​ကို မ​သတ်​နှင့်။ သူ့​မ​ယား​ကို မ​ပြစ်​မှား​နှင့်။ သူ့​ဥ​စ္စာ​ကို မ​ခိုး​နှင့်။ မ​မှန်​သော​သက်​သေ​ကို မ​ခံ​နှင့်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ