Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 5:12

Judson Bible

သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဥ​ပုသ်​နေ့​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ၊ ထို​နေ့​ရက်​ကို​စောင့်​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​ကာ​လ၊ ယု​ဒ​ပြည်​မှာ အ​ချို့​တို့​သည် ဥ​ပုသ်​နေ့၌ စ​ပျစ်​သီး​ကို နယ်​လျက်၊ ကောက်​လှိုင်း​ကို​သွင်း​လျက်၊ မြည်း​ပေါ်​မှာ ဝန်​ကို​တင်​လျက် လုပ်​ဆောင်​ကြ​သည်​ကို​လည်း​ကောင်း၊ ဥ​ပုသ်​နေ့၌ စ​ပျစ်​ရည်၊ စ​ပျစ်​သီး၊ သင်္ဘော​သ​ဖန်း​သီး အ​စ​ရှိ​သည်​တို့​ကို တင်၍ ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​ခဲ့​ကြ​သည်​ကို​လည်း​ကောင်း ငါ​မြင်၍၊ ဤ​မည်​သော နေ့​ရက်၌​သာ စား​စ​ရာ​များ​ကို ရောင်း​အပ်​သည်​ဟု သူ​တို့​အား​ကြား​ပြော၏။

သူ​က​လည်း၊ နက်​ဖြန်​နေ့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့၌ သန့်​ရှင်း​သော​ဥ​ပုသ်​နေ့၊ ငြိမ်​ဝပ်​စွာ​နေ​ရ​သော​နေ့​ဖြစ်၏။ မုန့်​ကို​ပေါင်း​ချင်​သည်​အ​တိုင်း ပေါင်း​ကြ​လော့။ ပြုတ်​ချင်​သည်​အ​တိုင်း​ပြုတ်​ကြ​လော့။ ကျန်​သော​အ​ရာ​ကို နံ​နက်​တိုင်​အောင်​စောင့်၍ သို​ထား​ကြ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ကို ပြန်​ပြော​လေ၏။

ထို​ကြောင့် လူ​များ​တို့​သည်​ခု​နစ်​ရက်​မြောက်​သော​နေ့၌ ငြိမ်​ဝပ်​စွာ​နေ​ကြ၏။

ငါ​သည် သင်​တို့​ကို​သန့်​ရှင်း​စေ​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​စေ​ခြင်း​ငှာ၊ ငါ​နှင့် သင်​တို့​၏​သား​စဉ်​မြေး​ဆက်​စပ်​ကြား၌ လ​က္ခ​ဏာ​သက်​သေ​ဖြစ်​ဖို့​ရာ၊ ငါ့​ဥ​ပုသ်​နေ့​ကို စင်​စစ်​စောင့်​ရ​ကြ​မည်။

ခြောက်​ရက်​ပတ်​လုံး အ​လုပ်​လုပ်​ရ​မည်။ သ​တ္တ​မ​နေ့​သည် ထာ​ဝ​ရ​ဘု​ရား​အား သန့်​ရှင်း၍ ငြိမ်​ရ​သော​ဥ​ပုသ်​နေ့​ဖြစ်၏။ ဥ​ပုသ်​နေ့၌ အ​လုပ်​လုပ်​သော​သူ​မည်​သည်​ကား၊ ဧ​ကန်​အ​မှန်​အ​သေ​ခံ​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား​ထံ၌ အ​မှု​စောင့်​ခြင်း၊ နာ​မ​တော်​ကို​ချစ်​ခြင်း၊ ကျွန်​တော်​ရင်း​ဖြစ်​ခြင်း​အ​လို​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၌ မှီ​ဝဲ​သော တစ်​ပါး​အ​မျိုး​သား တို့​ကို​လည်း​ကောင်း၊ ဥ​ပုသ်​နေ့​ကို မ​ရှုတ်​ချ၊ စောင့်​ရှောက်၍၊ ငါ၏​ပ​ဋိ​ညာဉ်​ကို စွဲ​လမ်း​သော​သူ အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊

သင်​သည် ဥ​ပုသ်​နေ့​ကို မ​ရှုတ်​ချ။ ငါ​သန့်​ရှင်း​သော​နေ့​မှာ ကိုယ်​အ​လို​သို့​မ​လိုက်၊ ဥ​ပုသ်​နေ့​ကို မွေ့​လျော်​ရာ​နေ့၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​သော​နေ့၊ ရို​သေ​ဖွယ်​သော​နေ့​ဟူ၍ ခေါ်​သ​ဖြင့် ကိုယ်​အ​မှု​ကို​မ​ပြု၊ ကိုယ်​အ​လို​သို့​မ​လိုက်၊ ကိုယ်​စ​ကား​ကို မ​ပြော​ဘဲ​နေ၍ ထို​နေ့​ကို ရို​သေ​လျှင်၊

ဥ​ပုသ်​နေ့၌ သင်​တို့​အိမ်​ထဲ​က ဝန်​ကို မ​ထုတ်​မ​ဆောင်​ကြ​နှင့်။ အ​ဘယ်​အ​လုပ်​ကို​မျှ မ​လုပ်​ကြ​နှင့်။ သင်​တို့​ဘိုး​ဘေး​များ​ကို ငါ​မှာ​ထား​သည်​အ​တိုင်း၊ ဥ​ပုသ်​နေ့​ကို သန့်​ရှင်း​စေ​ကြ​လော့။

ထို​မှ​တစ်​ပါး ဥ​ပုသ်​နေ့​သည် လူ​အ​ဖို့​ဖြစ်၏။ လူ​သည် ဥ​ပုသ်​နေ့​အ​ဖို့ ဖြစ်​သည်​မ​ဟုတ်။-

ခြောက်​ရက်​ပတ်​လုံး အ​လုပ်​မျိုး​ကို ကြိုး​စား၍​လုပ်​ဆောင်​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ