တရားဟော 5:11Judson Bibleသင်၏ဘုရားသခင် ထာဝရဘုရား၏နာမတော်ကို မုသားနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကို မုသားနှင့်ဆိုင်၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရားမှတ်တော်မမူ။ အခန်းကိုကြည့်ပါ။ |
သင်ကလည်း၊ ထာဝရဘုရားအသက်ရှင်တော်မူသည်ဟု သစ္စာစောင့်ခြင်း၊ တရားစီရင်ခြင်း၊ ဖြောင့်မတ်ခြင်းအားဖြင့် ကျိန်ဆိုလိမ့်မည်။ လူအမျိုးမျိုးတို့သည်လည်း၊ ထိုဘုရားသခင်အားဖြင့် မိမိတို့ကိုကောင်းချီးပေး၍၊ ထိုဘုရားသခင်ကို အမှီပြုလျက် ဝါကြွားကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
ငါ့ညီအစ်ကိုတို့၊ ခပ်သိမ်းသောအမှုအရာတို့တွင် ကျိန်ဆိုခြင်းကို သာ၍ရှောင်ကြလော့။ ကောင်းကင်ဘုံကို တိုင်တည်၍ မကျိန်ကြနှင့်။ မြေကြီးကိုတိုင်တည်၍ မကျိန်ကြနှင့်။ ထိုမှတစ်ပါး၊ အဘယ်အကျိန်အားဖြင့်မျှ မကျိန်ကြနှင့်။ အပြစ်စီရင်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ သင်တို့စကားမှာ၊ ဟုတ်သည်ကို အဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေကြလော့။