Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 4:7

Judson Bible

ငါ​တို့​သည် ဆု​တောင်း​လေ​ရာ​ရာ၌၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ကြည့်​ရှု​ပြု​စု​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​သည်​နည်း​တူ၊ အ​ခြား​သော​ဘု​ရား​ကြည့်​ရှု​ပြု​စု​သော​ကျေး​ဇူး​ကို အ​ဘယ်​မည်​သော​လူ​မျိုး​ကြီး ခံ​ရ​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

နာ​မ​တော်​ကို​ထင်​ရှား​စေ၍ အဲ​ဂု​တ္တု​ပြည်​အ​စ​ရှိ​သော အ​ခြား​သော​ပြည်​များ၊ သူ​တို့​ဘု​ရား​များ​တို့​မှ ရွေး​နုတ်​တော်​မူ​သော ကိုယ်​တော်၏​လူ​မျိုး​ရှေ့​တွင် လူ​မျိုး​တော်​အ​ဖို့​နှင့် ပြည်​တော်​အ​ဖို့ ကြောက်​မက်​ဖွယ်​သော အ​မှု​ကြီး​တို့​ကို​ပြု​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​ကြွ၍ ကိုယ်​တော်​အ​ဖို့​ရွေး​နုတ်​တော်​မူ​သော ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​နှင့်​တူ​သော လူ​မျိုး​တစ်​စုံ​တစ်​မျိုး​သည် မြေ​ကြီး​ပေါ်​မှာ​ရှိ​ပါ​သ​လော။

ထာ​ဝ​ရ​ဘု​ရား​သည် ပ​တ္ထ​နာ​ပြု​သော​သူ​အ​ပေါင်း၊ သ​စ္စာ​နှင့်​တ​ကွ ပ​တ္ထ​နာ​ပြု​သော​သူ​အ​ပေါင်း​တို့၏​အ​နီး​အ​ပါး၌ ရှိ​တော်​မူ၏။

အ​ခြား​တစ်​ပါး​သော အ​မျိုး​သား​တို့၌ ထို​သို့​ပြု​တော်​မ​မူ။ စီ​ရင်​တော်​မူ​ချက်​များ​ကို သူ​တို့​မ​သိ​ရ​ကြ။ ဟာ​လေ​လု​ယ။

မိ​မိ​လူ​စု​တို့၏​ဦး​ချို​ကို ချီး​မြှင့်​တော်​မူ​သ​ဖြင့်၊ အ​နီး​တော်၌​ရှိ​သော​လူ​စု၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တည်း​ဟူ​သော မိ​မိ​သန့်​ရှင်း​သူ​အ​ပေါင်း​တို့၏ ချီး​မွမ်း​ရာ​ဖြစ်​တော်​မူ၏။ ဟာ​လေ​လု​ယ။

ဖြောင့်​မတ်​သော​သူ​တို့​သည် အော်​ဟစ်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် နား​ထောင်၍၊ သူ​တို့​ကို ခပ်​သိမ်း​သော ဆင်း​ရဲ​ထဲ​က ကယ်​လွှတ်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ကျိုး​ပဲ့​သော​စိတ်​ရှိ​သော သူ​တို့​နှင့် နှ​လုံး​ကြေ​ကွဲ​သော​သူ​တို့​ကို နီး​တော်​မူ၏။ နောင်​တ​ရှိ၍ စိတ်​နှိမ့်​ချ​သော​သူ​တို့​ကို​လည်း ကယ်​တင်​တော်​မူ၏။

ဘု​ရား​သ​ခင်​သည် ငါ​တို့​ခို​လှုံ​ရာ​ဖြစ်၍၊ ခွန်​အား​ကို​ပေး​တော်​မူ၏။ ဘေး​ရောက်​သည်​ကာ​လ အ​ထူး​သ​ဖြင့် ကူ​မ​တော်​မူ​ကြောင်း ထင်​ရှား​လျက်​ရှိ၏။

အ​ကျွန်ုပ်​မူ​ကား၊ ဘု​ရား​သ​ခင့်​ထံ​တော်​သို့ ချဉ်း​ကပ်၍ အ​ကျိုး​ရှိ​ပါ၏။ အ​မှု​တော်​ရှိ​သ​မျှ​တို့​ကို ကြား​ပြော​ခြင်း​အ​လို​ငှာ၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၌ ခို​လှုံ​လျက်​နေ​ပါ၏။

ငါ​တို့​ပြည်၌ ဘုန်း​တော်​ကျိန်း​ဝပ်​မည်​အ​ကြောင်း၊ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​သည်၊ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ​တို့၏​အ​နီး​သို့ ဧ​ကန်​အ​မှန် ရောက်​လေ​ပြီ။

သင်​သည် ငါ​မြတ်​နိုး​ရာ​ဖြစ်​သော​ကြောင့် အ​သ​ရေ​ရှိ​ပြီ။ ငါ​လည်း​ချစ်၏။ ထို​ကြောင့်၊ သင့်​အ​တွက် လူ​တို့​ကို​လည်း​ကောင်း၊ သင်၏​အ​သက်​အ​တွက် လူ​မျိုး​တို့​ကို​လည်း​ကောင်း ငါ​ပေး​မည်။

တွေ့​နိုင်​သည် ကာ​လ​တွင် ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​ကြ​လော့။ နီး​တော်​မူ​သည်​ကာ​လ​တွင် ဆု​တောင်း​ပ​တ္ထ​နာ ပြု​ကြ​လော့။

ယာ​ကုပ်​အ​မျိုး​ကို ညှဉ်း​ဆဲ​သော​အ​မှု၊ ဣ​သ​ရေ​လ​အ​မျိုး​တစ်​ဖက်၌​ပြု​သော နှောင့်​ယှက်​ခြင်း​အ​မှု​ကို ဘု​ရား​သ​ခင်​သည် ကြည့်​ရှု၍​နေ​တော်​မ​မူ။ သူ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​နှင့်​အ​တူ ရှိ​တော်​မူ၏။ ရှင်​ဘု​ရင်​ကြွေး​ကြော်​ခြင်း​အ​သံ​ကို သူ​တို့​တွင်​ကြား​ရ၏။

ကျောက်​ပေါ်​က သူ့​ကို​ငါ​မြင်၏။ တောင်​ပေါ်​က သူ့​ကို​ငါ​ကြည့်​ရှု၏။ ထို​လူ​မျိုး​သည် တစ်​မျိုး​တည်း​နေ၍ အ​ခြား​တစ်​ပါး​သော​လူ​မျိုး​တို့​နှင့် မ​ရော​နှော​ရ။

အ​ကြောင်း​မူ​ကား၊ လူ​တို့​သည် ဘု​ရား​သ​ခင်​ကို ရှာ​စမ်း​သ​ဖြင့် တွေ့​ကောင်း​တွေ့​ကြ​လိမ့်​မည် အ​ကြောင်း​တည်း။ သို့​ဆို​သော်​လည်း၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​တွင် အ​ဘယ်​သူ​နှင့်​မျှ ဝေး​တော်​မူ​သည်​မ​ဟုတ်။-

ဖန်​ဆင်း​တော်​မူ​သော လူ​မျိုး​တ​ကာ​တို့​ထက် သင်၏​ဂုဏ်​အ​သ​ရေ ကျော်​စော​ကိ​တ္တိ​ကို လွန်​ကဲ​စေ​တော်​မူ​မည်​ဟူ၍​လည်း​ကောင်း က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​သော​လူ​မျိုး​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ယ​နေ့ ဝန်​ခံ​တော်​မူ​ပြီ​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဟော​ပြော​လေ၏။

အို​ဣ​သ​ရေ​လ​အ​မျိုး၊ သင်​သည် မင်္ဂ​လာ​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား​ကယ်​တင်​တော်​မူ​သော​အ​မျိုး၊ သင်​နှင့်​အ​ဘယ်​သူ တူ​သ​နည်း။ ထို​ဘု​ရား​သည် သင့်​ကို ကွယ်​ကာ​သော​ဒိုင်း​လွှား၊ သင့်​ကို ချီး​မြှောက်​သော ဓား​လက်​နက်​ဖြစ်​တော်​မူ၏။ သင်၏​ရန်​သူ​တို့​သည် သင့်​ရှေ့​မှာ​ရှုံး၍၊ သင်​သည် သူ​တို့၏​မြင့်​မြတ်​သော​အ​ရပ်​တို့၌ နင်း​ရ​လိမ့်​မည်​ဟု မြွက်​ဆို၏။

ဘု​ရား​သ​ခင်​သည် မြေ​ကြီး​ပေါ်​မှာ လူ​ကို​ဖန်​ဆင်း​တော်​မူ​သော​နေ့​မှ​စ၍၊ သင်​တို့ မ​ဖြစ်​မီ လွန်​လေ​ပြီး​သော​ကာ​လ​ပတ်​လုံး၊ မိုး​ကောင်း​ကင်​တစ်​ဖက်​မှ တစ်​ဖက်​တိုင်​အောင် မေး​မြန်း​ကြ​လော့။ ဤ​မျှ​လောက် ကြီး​သော​အ​မှု ဖြစ်​ဖူး​သ​လော။ ဤ​ကဲ့​သို့​သော အ​မှု၏​သ​တင်း​ကို ကြား​ဖူး​သ​လော။

အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​သည် မီး​ထဲ​က​မိန့်​မြွက်​တော်​မူ​သော အ​သံ​တော်​ကို အ​ကျွန်ုပ်​တို့​ကြား​ရ​သ​ကဲ့​သို့ အ​ဘယ်​လူ​သ​တ္တ​ဝါ​သည်​ကြား၍ အ​သက်​ရှင်​သ​နည်း။

ဘု​ရား​သ​ခင်၌ ချဉ်း​ကပ်​ကြ​လော့။ သို့​ပြု​လျှင်၊ သင်​တို့၌ ချဉ်း​ကပ်​တော်​မူ​လိမ့်​မည်။ အ​ပြစ်​ရှိ​သော​သူ​တို့၊ သင်​တို့​လက်​ကို စင်​ကြယ်​စေ​ကြ​လော့။ စိတ်​နှစ်​ခွ​ရှိ​သော​သူ​တို့၊ သင်​တို့​စိတ်​နှ​လုံး​ကို သန့်​ရှင်း​စေ​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ