Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 4:6

Judson Bible

သို့​ဖြစ်၍ ထို​ပ​ညတ်​တ​ရား​တို့​ကို ကျင့်​စောင့်​ကြ​လော့။ သို့​ပြု​လျှင်၊ ထို​ပ​ညတ်​တ​ရား​ရှိ​သ​မျှ​တို့​ကို ကြား​ရ​သော​လူ​မျိုး​များ​ရှေ့​မှာ၊ သင်​တို့၏​ဉာဏ်​ပ​ညာ​သည် ထင်​ရှား​လိမ့်​မည်။ သူ​တို့​က​လည်း၊ ဤ​ကြီး​မြတ်​သော​လူ​မျိုး​သည် အ​ကယ်​စင်​စစ် ဉာဏ်​ပ​ညာ​နှင့် ပြည့်​စုံ​သော​အ​မျိုး​ဖြစ်၏​ဟု ဆို​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

27 ပူးပေါင်းရင်းမြစ်များ  

ရှော​လ​မုန်​မင်း၏ ပ​ညာ​သ​တင်း​ကို​ကြား​သော ရှင်​ဘု​ရင်​အ​မျိုး​မျိုး​စေ​လွှတ်​သော သူ​တို့​သည် ပ​ညာ​စ​ကား​တော်​ကို နား​ထောင်​ခြင်း​ငှာ လာ​ကြ၏။

လူ​တို့​အား​လည်း ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း​သည် ပ​ညာ​ဖြစ်​ကြောင်း​နှင့်၊ ဒု​စ​ရိုက်​ကို​ရှောင်​ခြင်း​သည် ဉာဏ်​ဖြစ်​ကြောင်း​ကို မိန့်​တော်​မူ​ပြီ​ဟု မြွက်​ဆို၏။

ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​သည် ပ​ညာ၏​အ​ချုပ်​အ​ခြာ​ဖြစ်၏။ ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​သ​မျှ​သော​သူ​တို့​သည် ကောင်း​သော​ဉာဏ်​ရှိ​ကြ၏။ ဂုဏ်​အ​သ​ရေ​တော်​သည် အ​စဉ်​အ​မြဲ တည်​သ​တည်း။

ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​တော်​သည် စုံ​လင်​သည်​ဖြစ်၍ စိတ်​ဝိ​ညာဉ်​ကို ပြု​ပြင်​တတ်၏။ ထာ​ဝ​ရ​ဘု​ရား၏ သက်​သေ​ခံ​တော်​မူ​ချက်​သည် ဟုတ်​မှန်​သည်​ဖြစ်၍ မ​လိ​မ္မာ​သော​သူ​တို့​ကို လိ​မ္မာ​စေ​တတ်၏။

ထာ​ဝ​ရ​ဘု​ရား၏​နည်း​ဥ​ပ​ဒေ​သ​တို့​သည် ဖြောင့်​မတ်​သည်​ဖြစ်၍ စိတ်​နှ​လုံး​ကို ရွှင်​လန်း​စေ​တတ်၏။ ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တော်​သည် စင်​ကြယ်​သည်​ဖြစ်၍၊ မျက်​စိ​ကို​ရှင်း​လင်း​စေ​တတ်၏။

ပ​ညာ​ရှိ​သော​သူ​သည် နား​ထောင်​သ​ဖြင့်၊ ပ​ညာ​အ​တတ် တိုး​ပွား​ရ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​သည် ပ​ညာ၏​အ​ချုပ်​အ​ခြာ​ဖြစ်၏။ လူ​မိုက်​တို့​သည် ပ​ညာ​နှင့် ဥ​ပ​ဒေ​သ​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်​ကြ၏။

ဖြောင့်​မတ်​ခြင်း​တ​ရား​သည် ပြည်​သား​တို့​ကို ချီး​မြှောက်​တတ်၏။ ဒု​စ​ရိုက်​အ​ပြစ်​မူ​ကား၊ ပြည်​သား​များ​တို့​ကို ရှုတ်​ချ​တတ်၏။

ပ​ညာ​သ​တိ​ရှိ​သော သူ၏​ပ​ညာ​ကား၊ ကိုယ်​သွား​ရ​သော​လမ်း​ကို သိ​ခြင်း​တည်း။ မိုက်​သော​သူ၏​မိုက်​ခြင်း​မူ​ကား၊ ပ​ရိ​ယာယ်​တည်း။

ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ဖြောင့်​မတ်​ခြင်း​ကြောင့် အား​ရ​နှစ်​သက်​သ​ဖြင့်၊ တ​ရား​တော်​ကို ချီး​မြှောက်၍ ဂုဏ်​အ​သ​ရေ​နှင့် ပြည့်​စုံ​စေ​တော်​မူ​မည်။

ပ​ညာ​ရှိ​တို့​သည် အ​ရှက်​ကွဲ​ကြ၏။ ထိတ်​လန့်၍ ကျော့​ကွင်း​ထဲ​သို့ ဝင်​ကြ​ပြီ။ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ကို ပယ်​ကြ​ပြီ။ သူ​တို့၌ ပ​ညာ​မည်​မျှ​ရှိ​သ​နည်း။

တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​ပုံ​သည် ယေ​ရု​ရှ​လင်​မြို့​ဖြစ်၏။ ပတ်​လည်၌​ရှိ​သော တိုင်း​ပြည်​များ​တို့​အ​လယ်​မှာ ထို​မြို့​ကို ငါ​ထား၍၊

ရှင်​ဘု​ရင်​မေး​တော်​မူ​သ​မျှ​သော အ​တတ်​ပ​ညာ​ကို ထို​လု​လင်​တို့​သည် နိုင်​ငံ​တော်၌​ရှိ​သ​မျှ​သော မာ​ဂု​ပ​ညာ​ရှိ၊ ဗေ​ဒင်​တတ်​များ​ထက်​သာ၍ ဆယ်​ဆ​တတ်​ကြ​သည်​ကို တွေ့​မြင်​တော်​မူ၏။

အ​ချင်း​မာ​ဂု​ဆ​ရာ​ချုပ် ဗေ​လ​တ​ရှာ​ဇာ၊ သင်​သည် သန့်​ရှင်း​သော ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​နှင့် ပြည့်​စုံ​သည်​ကို​လည်း​ကောင်း၊ နက်​နဲ​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို ဖွင့်​ပြ​နိုင်​သည်​ကို​လည်း​ကောင်း ငါ​သိ၏။ သို့​ဖြစ်၍၊ ငါ​မြင်​မက်​သော အိပ်​မက်၏ အ​နက်​ကို ဖော်​ပြ​လော့။

ငါ့​တ​ရား၏​ထူး​ဆန်း​သော​အ​ရာ​တို့​ကို သူ့​အ​ဖို့ ငါ​ရေး​ထား​ပြီ။ သို့​သော်​လည်း၊ ရိုင်း​သော​အ​ရာ​ဟူ၍ သူ​သည် မှတ်​လေ​ပြီ​တ​ကား။

လူ​မျိုး​အ​ပေါင်း​တို့​သည် သင်​တို့​ကို မင်္ဂ​လာ​ရှိ​သော​သူ​ဟူ၍ ခေါ်​ဝေါ်​ကြ​လိမ့်​မည်။ သင်​တို့ ပြည်​သည်​လည်း နှစ်​သက်​ဖွယ်​သော ပြည်​ဖြစ်​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သို့​ဖြစ်၍ သင်​တို့​ပြု​လေ​ရာ​ရာ၌ အောင်​နိုင်​မည်​အ​ကြောင်း ဤ​ပ​ဋိ​ညာဉ်​စ​ကား​တို့​ကို စောင့်​ရှောက်၍​ကျင့်​ကြ​လော့။

သင်​တို့​အား ယ​နေ့​ငါ​သက်​သေ​ခံ​သ​မျှ​သော စ​ကား​တို့​ကို နှ​လုံး​သွင်း​ကြ​လော့။ သင်​တို့​သား​သ​မီး​တို့​သည် ဤ​ပ​ညတ်​တ​ရား စ​ကား​တော်​အ​လုံး​စုံ​တို့​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ၊ သူ​တို့​အား ထပ်​ဆင့်၍ မှာ​ထား​ရ​ကြ​မည်။

ဤ​အ​မှု​သည် သာ​မ​ည​အ​မှု​မ​ဟုတ်။ သင်​တို့ အ​သက်​နှင့်​ဆိုင်​သော အ​မှု​ဖြစ်၏။ ယော်​ဒန်​မြစ်​ကို​ကူး၍ ဝင်​စား​လ​တ္တံ့​သော​ပြည်၌ ဤ​အ​မှု​ကို​စောင့်​ရှောက်​လျှင်၊ ကိုယ်​အ​သက်​တာ ရှည်​ကြ​လိမ့်​မည်​ဟု ပြော​ဆို၏။

သင်​တို့​တွင် အ​တတ်​အ​လိ​မ္မာ​နှင့်​ပြည့်​စုံ​သော ပ​ညာ​ရှိ တစ်​စုံ​တစ်​ယောက်​ရှိ​လျှင်၊ ထို​သူ​သည် ပ​ညာ၏ နူး​ညံ့​သိမ်​မွေ့​ခြင်း​နှင့်​တ​ကွ၊ ကောင်း​မြတ်​သော ကျင့်​ကြံ​ပြု​မူ​ခြင်း​အား​ဖြင့် မိ​မိ​အ​မှု​တို့​ကို ပြ​ပါ​စေ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ