တရားဟော 4:4Judson Bibleသင်တို့ဘုရားသခင်ထာဝရဘုရား၌ မှီဝဲသမျှသောသင်တို့မူကား၊ ယနေ့တိုင်အောင် အသက်ရှင်ရကြ၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍၊ သင်နှင့် သင့်အမျိုးအနွယ်သည် အသက်ရှင်မည် အကြောင်းနှင့်လည်းကောင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကိုချစ်၍ စကားတော်ကို နားထောင်သဖြင့်၊ အသက်ရှင်ခြင်းအကျိုး၊ အသက်တာရှည်ခြင်းအကျိုးကို ပေးတော်မူသော ကိုယ်တော်ကို ဆည်းကပ်မှီဝဲမည် အကြောင်းနှင့်လည်းကောင်း၊ ထာဝရဘုရားသည် သင်၏ဘိုးဘေး အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူသောပြည်၌ နေမည်အကြောင်းနှင့် ယှဉ်သောအသက်တရားကို ရွေးယူလော့ဟု ဣသရေလအမျိုးအား ဟောပြော၏။
သို့ရာတွင် ထာဝရဘုရား၏ကျွန် မောရှေမှာထားသော ပညတ်တရားအတိုင်း ကျင့်၍၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ချစ်ခြင်း၊ လမ်းတော်အလုံးစုံတို့၌ လိုက်သွားခြင်း၊ ပညတ်တော်တို့ကို စောင့်ရှောက်ခြင်း၊ ကိုယ်တော်၌ ဆည်းကပ်ခြင်း၊ အမှုတော်ကို ဆောင်ရွက်ခြင်းငှာကြိုးစား၍ သတိပြုကြလော့ဟုမှာထားလျက်၊
ပလ္လင်များကိုလည်း ငါမြင်၏။ ပလ္လင်ပေါ်မှာ ထိုင်သော သူတို့သည် တရားစီရင်ရသော အခွင့်ကို ရကြ၏။ သားရဲနှင့် သူ၏ရုပ်တုကို မကိုးကွယ်၊ သူ၏ တံဆိပ်လက်မှတ်ကို နဖူး၌မခံ၊ လက်၌မခံဘဲနေ၍ ယေရှု၏ သက်သေခံတော်မူချက်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်၊ လည်ပင်းဖြတ်ခြင်းကို ခံရသော သူတို့၏ ဝိညာဉ်များကို ငါမြင်၏။ သူတို့သည် အသက်ရှင်၍ အနှစ်တစ်ထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြ၏။-