Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 4:3

Judson Bible

ထာ​ဝ​ရ​ဘု​ရား​သည် ဗာ​လ​ပေ​ဂု​ရ​ကြောင့် ပြု​တော်​မူ​သော​အ​မှု​ကို သင်​တို့​သည် ကိုယ်​တိုင်​မြင်​ရ​ကြ​ပြီ။ ဗာ​လ​ပေ​ဂု​ရ၌ ဆည်း​ကပ်​သော​သူ​အ​ပေါင်း​တို့​ကို သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​ထဲ​က သုတ်​သင်​ပယ်​ရှင်း​တော်​မူ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

သား​မြေး​တို့​အား​လည်း၊ သင်​တို့၏​ဘိုး​ဘေး စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို မ​စောင့်​ရှောက်​ကြ​နှင့်။ သူ​တို့၏​ရုပ်​တု​များ​အား​ဖြင့် ကိုယ်​ကို​မ​ညစ်​ညူး​စေ​ကြ​နှင့်။

တော၌ စ​ပျစ်​သီး​ကဲ့​သို့ ဣ​သ​ရေ​လ​အ​မျိုး​ကို ငါ​တွေ့၏။ သီး​စ​သော သင်္ဘော​သ​ဖန်း​ပင်၌ အ​ဦး​ဆုံး​မှည့်​သော သင်္ဘော​သ​ဖန်း​သီး​ကဲ့​သို့ သင်​တို့​ဘိုး​ဘေး​များ​ကို ငါ​မြင်၏။ သူ​တို့​သည် ကိုယ်​အ​လို​အ​လျောက် ဗာ​လ​ပေ​ဂု​ရ​ဘု​ရား​ထံ​သို့​သွား၍၊ ထို​ရှက်​ဖွယ်​သော​အ​ရာ​အ​ဖို့ ကိုယ်​ကို အပ်​နှံ​သ​ဖြင့် တပ်​မက်​သည်​အ​တိုင်း စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​တို့​ကို ပြု​ကြ၏။

မော​ရှေ​နှင့် ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​တို့​သည်၊ သိ​နာ​တော၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို စာ​ရင်း​ယူ၍၊ ထို​စာ​ရင်း၌​ဝင်​သော​သူ တစ်​ယောက်​မျှ​မ​ပါ။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ပေ​ဂု​ရ​ဘု​ရား​အ​မှု၌ ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​စေ​ခြင်း​ငှာ၊ ဤ​မိန်း​မ​တို့​သည် ဗာ​လမ်​ပေး​သော အ​ကြံ​ကို​လိုက်၍ ပြု​ကြ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​ရိ​သတ်၌ ဘေး​ရောက်​လေ​သည်​တ​ကား။

ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အ​မှု​ကြီး​အ​လုံး​စုံ​တို့​ကို သင်​တို့​သည် ကိုယ်​တိုင်​မြင်​ကြ​ပြီ။

သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၌ မှီ​ဝဲ​သ​မျှ​သော​သင်​တို့​မူ​ကား၊ ယ​နေ့​တိုင်​အောင် အ​သက်​ရှင်​ရ​ကြ၏။

သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့​မ​လိုက် လွှဲ​သွား​ရ​မည်​အ​ကြောင်း၊ ပေ​ဂု​ရ​အ​ပြစ်​သည် ငါ​တို့​အ​ဖို့​မ​လောက်​သ​လော။ ထာ​ဝ​ရ​ဘု​ရား၏​ပ​ရိ​သတ်​တော်၌ ဘေး​ကြီး​ရောက်​သော်​လည်း၊ ယ​နေ့​တိုင်​အောင် ထို​အ​ပြစ်​မ​ရှင်း​လင်း​သေး။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ