တရားဟော 3:4Judson Bibleထိုအခါ ငါတို့သည် မြို့ခြောက်ဆယ်နှင့်ပြည့်စုံသော အာဂေါဘတိုင်း၊ ဗာရှန်ရှင်ဘုရင် ဩဃမင်း၏နိုင်ငံကို၊ တစ်မြို့မျှမကြွင်းစေခြင်းငှာ တိုက်ယူကြ၏။ အခန်းကိုကြည့်ပါ။ |
ဟေရမုန်တောင်နှင့် သာလကပြည်ကိုလည်းကောင်း၊ ဂေရှုရိလူ၊ မာခါသိလူနေသော ပြည်စွန်းတိုင်အောင် ဗာရှန်ပြည် တစ်လျှောက်လုံးကိုလည်းကောင်း၊ ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်ပိုင်သော နိုင်ငံစွန်းတိုင်အောင် ဂိလဒ်ပြည်တစ်ဝက်ကိုလည်းကောင်း အစိုးရ၍၊ အာရှတရုတ်မြို့၊ ဧဒြိမြို့၌နေသော အလွန်ကြီးမားသောလူမျိုးထဲက ကျန်ကြွင်းသောသူ ဗာရှန်ရှင်ဘုရင်ဩဃတစ်ပါး၊