Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 3:3

Judson Bible

ထို​သို့ ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ ဗာ​ရှန်​ရှင်​ဘု​ရင်​ဩ​ဃ​နှင့် သူ၏​လူ​အ​ပေါင်း​တို့​ကို ငါ​တို့​လက်၌​အပ်​တော်​မူ​သ​ဖြင့်၊ တစ်​ယောက်​မျှ မ​ကြွင်း​စေ​ခြင်း​ငှာ လုပ်​ကြံ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ထို​မင်း​နှင့်​သား​များ၊ လူ​များ​အ​ပေါင်း​တို့​ကို တစ်​ယောက်​မျှ​မ​ကြွင်း​လုပ်​ကြံ၍ သူ၏​ပြည်​ကို​သိမ်း​ယူ​ကြ၏။

သင်​တို့​သည် မုန့်​ကို​မ​စား။ စ​ပျစ်​ရည်​နှင့် သေ​ရည်​သေ​ရက်​ကို မ​သောက်​ဘဲ နေ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​ကြောင်း​ကို သိ​ရ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သူ့​ကို​မ​ကြောက်​နှင့်။ သူ​နှင့်​တ​ကွ သူ၏​လူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ သူ့​မြေ​ကို​လည်း​ကောင်း၊ သင့်​လက်၌​ငါ​အပ်​ပေး​မည်။ ဟေ​ရှ​ဘုန်​မြို့​နေ အာ​မော​ရိ​ရှင်​ဘု​ရင် ရှိ​ဟုန်​ကို​ပြု​သ​ကဲ့​သို့ ဤ​မင်း​ကို​လည်း​ပြု​ရ​မည်​ဟု ငါ့​အား မိန့်​တော်​မူ၏။

ထို​အ​ခါ ငါ​တို့​သည် မြို့​ခြောက်​ဆယ်​နှင့်​ပြည့်​စုံ​သော အာ​ဂေါ​ဘ​တိုင်း၊ ဗာ​ရှန်​ရှင်​ဘု​ရင် ဩ​ဃ​မင်း၏​နိုင်​ငံ​ကို၊ တစ်​မြို့​မျှ​မ​ကြွင်း​စေ​ခြင်း​ငှာ တိုက်​ယူ​ကြ၏။

ဗာ​ရှန်​ရှင်​ဘု​ရင်​ဩ​ဃ​တည်း​ဟူ​သော၊ ယော်​ဒန်​မြစ်​အ​ရှေ့၊ နေ​ထွက်​ရာ​ဘက်၌​နေ​သော အာ​မော​ရိ​ရှင်​ဘု​ရင်​နှစ်​ပါး​ကို လုပ်​ကြံ၍၊ သူ​တို့​ပြည်​ကို၊

အ​လွန်​ကြီး​မား​သော​လူ​မျိုး​ထဲ​က ကျန်​ကြွင်း​သော​သူ၊ အာ​ရှ​တ​ရုတ်​မြို့၊ ဧ​ဒြိ​မြို့၌​မင်း​ပြု​သော ဗာ​ရှန်​ရှင်​ဘု​ရင်​ဩ​ဃ၏ နိုင်​ငံ​တစ်​လျှောက်​လုံး ပါ​သ​တည်း။ ထို​မင်း​တို့​ကို မော​ရှေ​သည် လုပ်​ကြံ၍​ပယ်​ရှား​လေ၏။

မ​ဟာ​နိမ်​မြို့​မှ​စ၍ ဗာ​ရှန်​ပြည်​တည်း​ဟူ​သော ဗာ​ရှန်​ရှင်​ဘု​ရင်​ဩ​ဃ၏ နိုင်​ငံ​တစ်​လျှောက်​လုံး၊ ဗာ​ရှန်​ပြည်၌​ပါ​သော ယာ​ဣ​ရ​မြို့​ခြောက်​ဆယ်​ကို အ​မွေ​ခံ​ရ​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ