Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 3:19

Judson Bible

ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား ချမ်း​သာ​ပေး​တော်​မူ​သည်​နည်း​တူ၊ ညီ​အစ်​ကို​တို့​အား ပေး​တော်​မ​မူ​မီ​တိုင်​အောင်​လည်း​ကောင်း၊ ယော်​ဒန်​မြစ်​တစ်​ဖက်၌ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​မြေ​ကို သူ​တို့​သည် မ​သိမ်း​မ​ယူ​မီ​တိုင်​အောင်​လည်း​ကောင်း၊ သင်​တို့​မ​ယား၊ သား​သူ​ငယ်​များ၊ တိ​ရ​စ္ဆာန်​များ​တို့​သည် ငါ​ပေး​သော​မြို့​တို့၌ နေ​ရ​ကြ​မည်။ သင်​တို့​တွင် တိ​ရ​စ္ဆာန်​များ​စွာ​ရှိ​သည်​ကို ငါ​သိ၏။ အ​မှု​ပြီး​မှ ငါ​ပေး​နှင့်​သည်​အ​တိုင်း၊ သင်​တို့​ရှိ​သ​မျှ​သည် အ​သီး​အ​သီး ပိုင်​ထိုက်​သော​မြေ​သို့ ပြန်​လာ​ရ​ကြ​မည်​ဟု သင်​တို့​အား​ငါ​မှာ​ထား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

4 ပူးပေါင်းရင်းမြစ်များ  

အ​မျိုး​မျိုး​သော​လူ​အ​များ​တို့​သည်​လည်း၊ သိုး​နွား​အ​စ​ရှိ​သော များ​စွာ​သော​တိ​ရ​စ္ဆာန်​တို့​နှင့်​တ​ကွ လိုက်​ကြ​၏။

ထို​သူ​တို့​သည်၊ အ​နီး​အ​ပါး​သို့​ချဉ်း​ကပ်၍၊ ကျွန်​တော်​တို့​သည် ကျွန်​တော်​တို့ တိ​ရ​စ္ဆာန်​များ​အ​ဖို့ ဤ​အ​ရပ်၌​သိုး​ခြံ​တို့​ကို​လည်း​ကောင်း၊ ကျွန်​တော်​တို့ သူ​ငယ်​များ​အ​ဖို့ မြို့​တို့​ကို​လည်း​ကောင်း တည်​ပါ​မည်။

ကျွန်​တော်​တို့​မ​ယား သား​သူ​ငယ်​များ​နှင့် သိုး​နွား​အ​လုံး​စုံ​တို့​သည် ဤ​အ​ရပ်၊ ဂိ​လဒ်​မြို့​တို့၌ နေ​ရစ်​ရ​ပါ​မည်။

သင်​တို့​သား​မ​ယား၊ သူ​ငယ်​များ​နှင့် တိ​ရ​စ္ဆာန်​များ​တို့​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက် မော​ရှေ​ပေး​သော​ပြည်၌ နေ​ရစ်​ရ​ကြ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ