Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 3:21

Judson Bible

ထို​အ​ခါ​ယော​ရှု​ကို​လည်း၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ဤ​ရှင်​ဘု​ရင်​နှစ်​ပါး၌ ပြု​တော်​မူ​သော​အ​မှု​အ​လုံး​စုံ​ကို သင်​သည်​ကိုယ်​တိုင်​မြင်​ရ​ပြီ။ ထို​အ​တူ၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​ရောက်​သ​မျှ​သော​တိုင်း​နိုင်​ငံ​တို့၌ ပြု​တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

နာ​မ​တော်​ကို သိ​သော​သူ​တို့​သည် ကိုယ်​တော်​ကို ယုံ​ကြည်​ကြ​ပါ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို​ရှာ​သော သူ​တို့​ကို​စွန့်​ပစ်​တော်​မ​မူ​တတ်​ပါ။

ထို​ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ထို​မျှ​လောက် ကြီး​စွာ​သော သေ​ဘေး​မှ ကယ်​လွှတ်​တော်​မူ​ပြီ။ ယ​ခု၌​လည်း ကယ်​လွှတ်​တော်​မူ​သေး၏။-

သို့​ဖြစ်၍ ခ​ရစ်​တော်​ကြောင့်​ခံ​ရ​သော အား​နည်း​ခြင်း၊ ကဲ့​ရဲ့​ခြင်း၊ ဆင်း​ရဲ​ခြင်း၊ ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း၊ ကျပ်​တည်း​စွာ​သော ဒု​က္ခ​ဝေ​ဒ​နာ​ခံ​ခြင်း​တို့​ကို ငါ​နှစ်​သက်၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် အား​နည်း​သော​အ​ခါ တန်​ခိုး​နှင့် ပြည့်​စုံ​လျက်​ရှိ၏။

ငါ​တို့၌ ပြု​ပြင်​သော​တန်​ခိုး​တော်​အ​တိုင်း၊ ငါ​တို့ တောင်း​ပန်​ကြံ​စည်​သ​မျှ​ထက် အ​လွန်​ထူး​ခြား​စွာ ပြု​ခြင်း​ငှာ တတ်​နိုင်​တော်​မူ​သော ဘု​ရား​သ​ခင်​သည်၊-

ထို​သူ​တို့​ကို မ​ကြောက်​နှင့်။ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ဘက်၌ စစ်​ကူ​တော်​မူ​မည်​ဟု ငါ​မှာ​ထား​လေ၏။

ကိုယ်​တိုင်​မြင်၍ ကြီး​စွာ​သော​စုံ​စမ်း​ခြင်း​တို့​ကို​လည်း​ကောင်း၊ သင်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​နုတ်​ဆောင်​သော​အ​ခါ၊ ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ အံ့​ဖွယ်​သော​အ​မှု​တို့​ကို​လည်း​ကောင်း၊ အား​ကြီး​သော​လက်​ရုံး​တော်​ကို ဆန့်​တော်​မူ​ခြင်း​ကို​လည်း​ကောင်း စေ့​စေ့​အောက်​မေ့​ရ​မည်။ ထို​နည်း​တူ၊ သင်​ကြောက်​တတ်​သော လူ​မျိုး​ရှိ​သ​မျှ​တို့၌ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​မည်။

ယော​ရှု​က​လည်း သင်​တို့​တိုက်​ရ​သော ရန်​သူ​အ​ပေါင်း​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည် ဤ​ကဲ့​သို့​ပြု​တော်​မူ​မည်​ဖြစ်၍ မ​ကြောက်​ကြ​နှင့်၊ စိတ်​မ​ပျက်​ကြ​နှင့်။ အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​ကြ​လော့​ဟု ဆို​ပြီး​မှ၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ