Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 27:2

Judson Bible

သင်​သည် ယော်​ဒန်​မြစ်​ကို​ကူး၍၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်​သို့​ရောက်​သော​အ​ခါ၊ ကြီး​သော​ကျောက်​တို့​ကို ထူ​ထောင်၍ အင်္ဂ​တေ​နှင့်​မွမ်း​မံ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ခဲ​ပြား​ပေါ်​မှာ​က​ညစ်​နှင့် အ​က္ခ​ရာ​တင်​လျက်၊ ကျောက်​စာ​ထိုး​လျက်​မြဲ​ပါ​စေ​သော။

ငါ​သည်​လည်း၊ ညီ​ညွတ်​သော​စိတ်​နှ​လုံး​နှင့် အ​သစ်​သော​သ​ဘော​ကို သွင်း​ပေး​မည်။ သူ​တို့​ကိုယ်​ခ​န္ဓာ​ထဲ​က ကျောက်​နှ​လုံး​ကို​နုတ်၍၊ အ​သား​နှ​လုံး​ကို ပေး​သော​ကြောင့်၊

စိတ်​နှ​လုံး​သစ်​ကို ငါ​ပေး​မည်။ သ​ဘော​သစ်​ကို သွင်း​ထား​မည်။ သင်​တို့​ကိုယ်​ခ​န္ဓာ​ထဲ​က ကျောက်​နှ​လုံး​ကို​နုတ်၍ အ​သား​နှ​လုံး​ကို ပေး​မည်။

သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်​ကို ဝင်​စား​ခြင်း​ငှာ၊ ယော်​ဒန်​မြစ်​တစ်​ဖက်​သို့​ကူး​သွား၍၊ ထို​ပြည်​ကို ဝင်​စား​လျက်​နေ​ရ​ကြ​မည်။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင့်​အ​မွေ​ခံ​စ​ရာ​ဖို့ ပေး​တော်​မူ​သော​ပြည်​သို့ သင်​သည်​ဝင်​စား၍ နေ​သော​အ​ခါ၊

တစ်​ဖန် မော​ရှေ​သည်၊ ဣ​သ​ရေ​လ​အ​မျိုး၌ အ​သက်​ကြီး​သူ​တို့​နှင့်​တ​ကွ လူ​များ​တို့​ကို​မှာ​ထား​သည်​ကား၊ ယ​နေ့​ငါ​ထား​သ​မျှ​သော ပ​ညတ်​တို့​ကို စောင့်​ရှောက်​ကြ​လော့။

ဘိုး​ဘေး​တို့ ကိုး​ကွယ်​သော​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ က​တိ​တော်​ရှိ​သည်​အ​တိုင်း သင့်​အား​ပေး​တော်​မူ​သော​ပြည်၊ နို့​နှင့်​ပျား​ရည်​စီး​သော​ပြည်​သို့ ဝင်​စား​အံ့​သော​ငှာ ကူး​သွား​ပြီး​မှ၊ ဤ​တ​ရား​စ​ကား​တော် အ​လုံး​စုံ​တို့​ကို ထို​ကျောက်​ပေါ်​မှာ ရေး​ထား​ရ​မည်။

ယော်​ဒန်​မြစ်​ကို ကူး​ပြီး​မှ၊ ယ​နေ့​ငါ​မှာ​ထား​သော ကျောက်​တို့​ကို ဧ​ဗ​လ​တောင်​ပေါ်​မှာ ထူ​ထောင်၍ အင်္ဂ​တေ​နှင့်​မွမ်း​မံ​ရ​မည်။

သင်​တို့​နှင့် သား​မြေး​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့၍၊

အို ဣ​သ​ရေ​လ​အ​မျိုး၊ နား​ထောင်​လော့။ သင့်​ထက်​အား​ကြီး၍ များ​ပြား​သော​လူ​မျိုး​တို့​ကို​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​ကို​ထိ​သော​မြို့​ရိုး​နှင့် ပြည့်​စုံ​သော မြို့​ကြီး​တို့​ကို​လည်း​ကောင်း၊

တပ်​တစ်​လျှောက်​လုံး​သို့ သွား​ကြ​လော့။ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​ပိုင်​ပေး​တော်​မူ​သော​ပြည်​ကို ဝင်​စား​ခြင်း​ငှာ၊ သုံး​ရက်​အ​တွင်း​တွင် ဤ​ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ ကူး​ရ​သော​ကြောင့် ရိ​က္ခာ​ကို ပြင်​ဆင်​ရ​ကြ​မည်​အ​ကြောင်း၊ လူ​များ​တို့​အား ဆင့်​ဆို​ကြ​လော့​ဟု မှာ​ထား​လေ၏။

လူ​အ​ပေါင်း​တို့​သည် တစ်​ယောက်​မျှ​မ​ကြွင်း ယော်​ဒန်​မြစ်​ကို ကူး​ကြ​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား​က၊

ထို​အ​ခါ ယော​ရှု​သည်၊ ဧ​ဗ​လ​တောင်​ပေါ်​မှာ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့၊ ယဇ်​ပ​လ္လင်​ကို​တည်​လေ၏။

ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို မှာ​ထား၍ မော​ရှေ၏​ပ​ည​တ္တိ​ကျမ်း၌ ရေး​မှတ်​လျက်​ရှိ​သည်​အ​တိုင်း၊ သံ​တန်​ဆာ​မ​ပါ​မ​သုံး​ဘဲ မ​ကွဲ​မ​ပြတ်​သော​ကျောက်​တို့​ဖြင့် ယဇ်​ပ​လ္လင်​ကို​တည်၍၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ပူ​ဇော်​ကြ၏။

ယော​ရှု​သည်​လည်း၊ ထို​ကျောက်​ပေါ်၌ မော​ရှေ၏​ပ​ညတ်​တ​ရား​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​မှာ ရေး​ကူး​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ