သို့ဖြစ်၍ သင်တို့သည် ဤကောင်းသောပြည်ကိုပိုင်၍ သင်တို့၏ သားမြေးအစဉ်အဆက် အမွေခံရာဖို့ ချန်ထားလိုသောငှာ၊ ထာဝရဘုရား၏ပရိသတ်တည်းဟူသော ဣသရေလအမျိုးသားအပေါင်းတို့ ရှေ့၌လည်းကောင်း၊ ငါတို့ဘုရားသခင့် အထံတော်၌လည်းကောင်း၊ သင်တို့ဘုရားသခင် ထာဝရဘုရား၏ပညတ်တော်ရှိသမျှတို့ကို ရှာ၍ စောင့်ရှောက်ကြလော့။