Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 26:5

Judson Bible

သင်​က​လည်း၊ အ​ရပ်​ရပ်​သို့ လှည့်​လည်​သော ရှု​ရိ​အ​မျိုး​သား​သည် အ​ကျွန်ုပ်​အ​ဘ ဖြစ်​ပါ၏။ သူ​သည် အဲ​ဂု​တ္တု​ပြည်​သို့​သွား၍ လူ​အ​နည်း​ငယ်​နှင့်​တ​ကွ တည်း​ခို​စဉ်​တွင် ကြီး​မား​များ​ပြား​သော လူ​မျိုး​ဖြစ်​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

28 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် သင့်​ကို လူ​မျိုး​ကြီး​ဖြစ်​စေ​မည်။ ငါ​ကောင်း​ချီး​ပေး၍ သင်၏​နာ​မ​ကို ကြီး​မြတ်​စေ​မည်။ သင်​သည် ကောင်း​ချီး​ခံ​ရ​သော​သူ​ဖြစ်​လိမ့်​မည်။

ငါ့​ပြည်​ငါ့​အ​မျိုး​သား​ချင်း​တို့​ထံ​သို့​သွား၍၊ ငါ့​သား​ဣ​ဇာက်​အ​ဖို့ မ​ယား​ကို​ယူ​ရ​မည်​ဟု၊ သင်၏​လက်​ကို ငါ့​ပေါင်​အောက်၌​ထား​ပြီး​မှ၊ ကောင်း​ကင်​မြေ​ကြီး​အ​ရှင်​ဘု​ရား​သ​ခင်၊ ထာ​ဝ​ရ​ဘု​ရား​ကို တိုင်​တည်၍၊ ငါ​ကျိန်​ဆို​စေ​ပါ​မည်​ဟု​ဆို၏။

ဣ​ဇာက်​သည်၊ အ​သက်​လေး​ဆယ်​ရှိ​သော​အ​ခါ၊ ပါ​ဒ​နာ​ရံ​အ​ရပ်​သူ၊ ရှု​ရိ​အ​မျိုး​ဗေ​သွေ​လ၏​သ​မီး၊ ရှု​ရိ​လူ​လာ​ဗန်၏​နှ​မ​ရေ​ဗ​က္က​နှင့် အိမ်​ထောင်​လေ၏။

အ​ဘ​သည် ယာ​ကုပ်​အား​ပေး​သော ကောင်း​ချီး​မင်္ဂ​လာ​ကြောင့်၊ ဧ​သော​သည် ယာ​ကုပ်​ကို​အ​ငြိုး​ထား၍၊ ငါ့​အ​ဘ​ကြောင့် ညည်း​တွား​ရ​သော​နေ့​ရက်​ကာ​လ​အ​ချိန်​နီး​ပြီ။ ထို​အ​ခါ ငါ့​ညီ​ယာ​ကုပ်​ကို​ငါ​သတ်​မည်​ဟု၊ အ​ကြံ​နှင့်​ပြော​လေ၏။

ထို​သို့​ယာ​ကုပ်​နှင့် ဧ​သော၏​အ​မိ၊ ရေ​ဗ​က္က၏​မောင်၊ ရှု​ရိ​လူ​ဗေ​သွေ​လ​သား လာ​ဗန်​နေ​ရာ ပါ​ဒ​နာ​ရံ​ပြည်​သို့ ယာ​ကုပ်​သွား​လေ၏။

ယာ​ကုပ်​သည် မိ​မိ​ပြေး​မည်​အ​ကြောင်း​ကို မ​ကြား​မ​ပြော​ဘဲ​နေ၍၊ ရှု​ရိ​လူ​ဖြစ်​သော​လာ​ဗန်​ကို ပ​ရိ​ယာယ်​အား​ဖြင့်​နိုင်​လေ၏။

ဘု​ရား​သ​ခင်​သည် ရှု​ရိ​လူ​လာ​ဗန်​ဆီ​သို့ ည​အ​ချိန်​တွင် အိပ်​မက်၌​ကြွ​တော်​မူ၍၊ သင်​သည် ယာ​ကုပ်​အား ကောင်း​မ​ကောင်း​ကို​မ​ပြော​နှင့်၊ သ​တိ​ပြု​လော့​ဟု မိန့်​တော်​မူ၏။

နေ့​အ​ချိန်၌​လည်း နေ​ပူ​ကို​လည်း​ကောင်း၊ ည​အ​ချိန်၌​လည်း​နှင်း​ခဲ​ကို​လည်း​ကောင်း ခံ​ရ​ပြီ။ အ​အိပ်​ပျက်​ခြင်း​ကို​လည်း​ခံ​ရ​ပြီ။

သင်​တို့​လက်၌ ငွေ​နှစ်​ဆ​ကို​လည်း​ယူ​ကြ​လော့။ အိတ်​ဝ​တွင် ဆောင်​ခဲ့​သော​ငွေ​ကို တစ်​ဖန်​လက်၌​ဆောင်​သွား​ကြ​ဦး​လော့။ ထို​အ​မှု​သည် သ​တိ​လစ်​သော​အ​မှု​ဖြစ်​ဟန်​ရှိ​၏။

ထို​အ​ရပ်၌ ကျွန်ုပ်​ကျွေး​မွေး​ပါ​မည်။ သို့​မ​ဟုတ် အ​ဘ​မှ​စ၍ အိမ်​သူ​အိမ်​သား​နှင့်​တ​ကွ ရှိ​သ​မျှ​တို့​သည် ဆင်း​ရဲ​ခြင်း​သို့​ရောက်​ကြ​လိမ့်​မည်။ အ​စာ​ခေါင်း​ပါး​သော​နှစ် ငါး​နှစ်​ရှိ​သေး​သည်​ဟု ပြော​ကြ​လော့။

ဘု​ရား​သ​ခင်​သည် သင်​တို့​ကို​မြေ​ကြီး​ပေါ်​မှာ ကျန်​ကြွင်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကြီး​စွာ​သော ကယ်​တင်​ခြင်း​အား​ဖြင့် သင်​တို့​အ​သက်​ကို ချမ်း​သာ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​ရှေ့​မှာ ကျွန်ုပ်​ကို​စေ​လွှတ်​တော်​မူ​ပြီ။

အဲ​ဂု​တ္တု​ပြည်၌ ယော​သပ်​ရ​နှင့်​သော​သား​နှစ်​ယောက်​ရှိ၏။ သို့​ဖြစ်​၍ အဲ​ဂု​တ္တု​ပြည်​သို့​ရောက်​သော​ယာ​ကုပ်၏​အ​မျိုး​သား​အ​ပေါင်း​ကား ခု​နစ်​ဆယ်​တည်း။

ဣ​သ​ရေ​လ​သား​တို့​သည်၊ အဲ​ဂု​တ္တု​ပြည် ဂေါ​ရှင်​အ​ရပ်၌​နေ​သ​ဖြင့်၊ ဥ​စ္စာ​ရ​တတ်၍ တိုး​ပွား​များ​ပြား​ကြ၏။

ခါ​နာန်​ပြည်၌ အ​လွန်​အ​စာ​ခေါင်း​ပါး၍ သိုး​နွား​ကျက်​စား​ရာ​မ​ရှိ​သော​ကြောင့်၊ ကိုယ်​တော်​ကျွန်​တို့​သည် ပြည်​တော်၌​တည်း​ခို​ခြင်း​ငှာ လာ​ကြ​ပါ၏။ သို့​ဖြစ်၍ ကိုယ်​တော်​ကျွန်​တို့​သည် ဂေါ​ရှင်​ပြည်၌​နေ​ရ​မည်​အ​ကြောင်း အ​ခွင့်​ပေး​တော်​မူ​ပါ​ဟူ၍​လည်း​ကောင်း လျှောက်​ကြ၏။

သို့​သော်​လည်း၊ နှိပ်​စက်​ခြင်း​ကို​ခံ​ရ​သည်​အ​တိုင်း၊ တိုး​ပွား​များ​ပြား​လျက် ရှိ​ကြ၏။ သူ​တို့​ကြောင့် အဲ​ဂု​တ္တု​လူ​တို့​သည်​စိတ်​ညစ်​၍၊

ယာ​ကုပ်​အ​မျိုး​သား​ပေါင်း​ကား၊ ခု​နစ်​ဆယ်​တည်း။ ယော​သပ်​သည် အဲ​ဂု​တ္တု​ပြည်၌​ရှိ​နှင့်​သ​တည်း။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သား​ကို​ဖွား၍ အ​လွန်​တိုး​ပွား​များ​ပြား​သ​ဖြင့်၊ အ​လွန်​အား​ကြီး​၍ တစ်​ပြည်​လုံး၌ နှံ့​ပြား​ကြ​လေ၏။

ယာ​ကုပ်​သည် ရှု​ရိ​ပြည်​သို့ ပြေး၏။ ဣ​သ​ရေ​လ​သည် မ​ယား​ကို​ရ​ခြင်း​ငှာ အ​စေ​ကျွန်​ခံ၍ သိုး​စု​ကို ထိန်း​ရ​လေ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရော​ဖက်​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​ကို အဲ​ဂု​တ္တု​ပြည်​မှ​ကယ်​နုတ်၍၊ ပ​ရော​ဖက်​အား​ဖြင့်​လည်း စောင့်​မ​တော်​မူ၏။

ယာ​ကုပ်​သည်​လည်း အဲ​ဂု​တ္တု​ပြည်​သို့​သွား၍ ကိုယ်​တိုင်​မှ​စ​သော ငါ​တို့​အ​ဘ​များ​သည် သေ​လွန်​ကြ၏။-

သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​များ​ပြား​စေ​တော်​မူ၍၊ သင်​တို့​သည် အ​ရေ​အ​တွက်​အား​ဖြင့် ကောင်း​ကင်​ကြယ်​ကဲ့​သို့ ယ​နေ့​ဖြစ်​ကြ၏။

သင်၏​ဘိုး​ဘေး​တို့​သည်၊ အ​ရေ​အ​တွက်​အား​ဖြင့် လူ​ခု​နစ်​ဆယ်​မျှ​သာ​ရှိ​လျက်၊ အဲ​ဂု​တ္တု​ပြည်​သို့ ဆင်း​သွား​ကြ၏။ ယ​ခု​မူ​ကား၊ အ​ရေ​အ​တွက်​အား​ဖြင့် မိုး​ကောင်း​ကင်​ကြယ်​နှင့်​အ​မျှ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် များ​ပြား​စေ​တော်​မူ​ပြီ။

ယဇ်​ပု​ရော​ဟိတ်​သည်​လည်း ခြင်း​တောင်း​ကို သင့်​လက်​မှ​ယူ၍ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပ​လ္လင်​ရှေ့​မှာ ချ​ထား​ရ​မည်။

သင်​သည် အ​ခြား​သော​လူ​မျိုး​ထက်​သာ၍​များ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ချစ်၍ ရွေး​ချယ်​တော်​မူ​သည် မ​ဟုတ်။ သင်​သည် အ​ခြား​သော​လူ​မျိုး​တ​ကာ​တို့​ထက် သာ၍​နည်း၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ