ယဇ်ပုရောဟိတ်သည်လည်း ခြင်းတောင်းကို သင့်လက်မှယူ၍ သင်၏ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပလ္လင်ရှေ့မှာ ချထားရမည်။
လူမိုက်လူကန်းတို့၊ အဘယ်အရာသည်သာ၍ မြတ်သနည်း။ ထိုပူဇော်သကာကား မြတ်သလော။ ထိုပူဇော်သကာကို သန့်ရှင်းစေသော ယဇ်ပလ္လင်ကား မြတ်သလော။-
ထိုကာလ၌ ယဇ်ပုရောဟိတ်လုပ်သော သူထံသို့ချဉ်းလျက်၊ ထာဝရဘုရားသည် ငါ့အားပေးခြင်းငှာ၊ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်သို့ အကျွန်ုပ်ရောက်ပါပြီဟု ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားအား ယနေ့အကျွန်ုပ်ဝန်ခံပါသည်ဟု ယဇ်ပုရောဟိတ်အား ပြောဆိုရမည်။
သင်ကလည်း၊ အရပ်ရပ်သို့ လှည့်လည်သော ရှုရိအမျိုးသားသည် အကျွန်ုပ်အဘ ဖြစ်ပါ၏။ သူသည် အဲဂုတ္တုပြည်သို့သွား၍ လူအနည်းငယ်နှင့်တကွ တည်းခိုစဉ်တွင် ကြီးမားများပြားသော လူမျိုးဖြစ်ပါ၏။