တရားဟော 26:13Judson Bibleသင်၏ဘုရားသခင် ထာဝရဘုရားအား၊ ကိုယ်တော်သည် အကျွန်ုပ်ကို မှာထားတော်မူသမျှအတိုင်း၊ သန့်ရှင်းသောဥစ္စာတို့ကို အိမ်မှထုတ်၍ လေဝိသား၊ တစ်ပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုဆိုးမတို့အားပေးပါပြီ။ ပညတ်တော်တို့ကို မလွန်ကျူး၊ မမေ့လျော့ပါ။ အခန်းကိုကြည့်ပါ။ |
ငါတို့ဝါကြွားဝမ်းမြောက်ခြင်း အကြောင်းဟူမူကား၊ လောကီပညာကို အမှီမပြု၊ ဘုရားသခင်၏ ကျေးဇူးတော်ကို အမှီပြု၍ လျစ်လျူသောစိတ်နှင့်လည်းကောင်း၊ ဘုရားသခင် အလိုတော်ရှိသော ကြည်ဖြူခြင်းနှင့်လည်းကောင်း၊ ငါတို့သည် ဤလောက၌ ကျင့်ကြံပြုမူ၍ သင်တို့ဆီမှာလည်း ထိုသို့အထူးသဖြင့် ကျင့်ကြံပြုမူသည်ဟု ကိုယ်ကိုကိုယ်သိသော စိတ်သည် သက်သေခံသတည်း။-
မသာအမှုကို ဆောင်စဉ်အခါ ထိုဥစ္စာကို အကျွန်ုပ်မစားပါ။ မစင်ကြယ်သော အသုံးအဆောင်ဖို့ အနည်းငယ်ကိုမျှ မယူပါ။ သေသောသူတို့အဖို့ အနည်းငယ်ကိုမျှ မပေးပါ။ အကျွန်ုပ်ဘုရားသခင် ထာဝရဘုရား၏စကားတော်ကို နားထောင်ပါပြီ။ ကိုယ်တော်မှာထားတော်မူသမျှအတိုင်း ပြုပါပြီ။
မိမိနိုင်ငံတော်နှင့် ဘုန်းတော်ထဲသို့၊ သင်တို့ကို ခေါ်သွင်းတော်မူသော ဘုရားသခင်နှင့် အထိုက်အလျောက် သင်တို့သည် ကျင့်ဆောင်စေခြင်းငှာ၊ အဘသည် မိမိသားတို့ကို ပြုသကဲ့သို့ ငါတို့သည် သင်တို့ရှိသမျှကို အဘယ်သို့ တိုက်တွန်းသွေးဆောင်၍ မှာထားသည်ကို သင်တို့သိကြသည်နှင့်အညီ၊ ယုံကြည်ခြင်းသို့ရောက်သော သင်တို့တွင် ငါတို့သည် အဘယ်သို့ သန့်ရှင်းဖြောင့်မတ်လျက်၊ အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျက်နေကြသည်ကို သင်တို့သည် သက်သေဖြစ်ကြ၏။ ဘုရားသခင်သည်လည်း သက်သေဖြစ်တော်မူ၏။