Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 26:12

Judson Bible

သုံး​နှစ်​တွင် ဆယ်​ဖို့​တစ်​ဖို့​ပေး​ရ​သော တ​တိ​ယ​နှစ် ရောက်​သော​အ​ခါ၊ အ​စီး​အ​ပွား​ရှိ​သ​မျှ​တို့​ကို ဆယ်​ဖို့​တစ်​ဖို့​ကောက်​ယူ၍၊ လေ​ဝိ​သား၊ တစ်​ပါး​အ​မျိုး​သား၊ မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ​တို့​ကို သင့်​နေ​ရာ​မြို့​များ၌ ဝ​စွာ​ကျွေး​မွေး​ပြီး​မှ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

အ​သီး​အ​နှံ​ကို​ရ​သော​အ​ခါ၊ ငါး​ဖို့​တွင်​တစ်​ဖို့​ကို ဖာ​ရော​မင်း​အား​ဆက်​ရ​ကြ​မည်။ လေး​ဖို့​ကို​ကား သင်​တို့​ယူ၍ နောက်​တစ်​ဖန်​မျိုး​စေ့​ကို ကြဲ​ကြ​လော့။ သင်​တို့​စား၍ အိမ်​သား​များ၊ သူ​ငယ်​များ​တို့​ကို​ကျွေး​ကြ​လော့​ဟု ပြည်​သား​တို့​အား​ဆို၏။

ထို​ကြောင့် ဖာ​ရော​မင်း​မ​ပိုင်​သော ယဇ်​ပု​ရော​ဟိတ်​တို့​မြေ​ကို​ထား၍၊ ဖာ​ရော​မင်း​သည် ငါး​ဖို့​တွင်​တစ်​ဖို့​ကို​ပိုင်​တော်​မူ​စေ​ဟု ယ​နေ့​တိုင်​အောင် အဲ​ဂု​တ္တု​ပြည်၌​တည်​သော​ဓ​မ္မ​သတ်​ကို ယော​သပ်​စီ​ရင်၍​ထား​သ​တည်း။

မိ​မိ​အိမ်​နီး​ချင်း​ကို မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည် အ​ပြစ်​ရှိ၏။ ဆင်း​ရဲ​သော​သူ​ကို သ​နား​သော​သူ​မူ​ကား၊ မင်္ဂ​လာ​ရှိ၏။

စ​ပါး​ဖြစ်​စေ၊ သစ်​သီး​ဖြစ်​စေ၊ မြေ​က​ဖြစ်​သ​မျှ​သော​အ​သီး​အ​နှံ ဆယ်​စု​တစ်​စု​သည် ထာ​ဝ​ရ​ဘု​ရား၏​ဘ​ဏ္ဍာ​တော်​ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​သန့်​ရှင်း​ရ​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ပြု​သော ကိုယ်​ဥ​စ္စာ​ဆယ်​ဖို့​တစ်​ဖို့​ကို၊ လေ​ဝိ​သား​အ​မွေ​ခံ​စ​ရာ​ဖို့ ငါ​ပေး​ပြီ။ ထို​ကြောင့် သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​ရော၍ အ​မွေ​မ​ခံ​ရ​ဟု ငါ့​အ​မိန့်​တော်​ရှိ၏။

ထို​ပွဲ​ခံ​စဉ်၊ ကိုယ်​တိုင်​မှ​စ၍၊ သား​သ​မီး၊ ကျွန် ယောက်ျား မိန်း​မ၊ သင့်​နေ​ရာ၌ တည်း​ခို​သော​လေ​ဝိ​သား၊ ဧည့်​သည်​အာ​ဂ​န္တု၊ မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ​တို့​သည် ရွှင်​လန်း​ခြင်း​ကို ပြု​ရ​ကြ​မည်။

ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို​ခံ​သော လေ​ဝိ​သား​တို့​သည် အာ​ဗြ​ဟံ​အ​မျိုး​ဖြစ်​သော သူ​တည်း​ဟူ​သော၊ မိ​မိ​တို့ ညီ​အစ်​ကို​များ​လက်​မှ ပ​ညတ်​တ​ရား​အ​တိုင်း ဆယ်​ဖို့​တစ်​ဖို့​ကို ခံ​ရ​သော​အ​ခွင့်​ရှိ​ကြ၏။-

ထို​မှ​တစ်​ပါး၊ ဆယ်​ဖို့​တစ်​ဖို့​ကို​ခံ​တတ်​သော လေ​ဝိ​သည် အာ​ဗြ​ဟံ​အား​ဖြင့် ဆယ်​ဖို့​တစ်​ဖို့​ကို​ပေး​ပြီ​ဟု ဆို​စ​ရာ အ​ခွင့်​ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ