တရားဟော 2:7Judson Bibleသင်တို့ပြုလေရာရာ၌ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် ကောင်ချီးပေးတော်မူပြီ။ ဤတောကြီး၌ သင်တို့လှည့်လည်သော အကြောင်းအရာတို့ကို သိတော်မူ၏။ အနှစ်လေးဆယ်ပတ်လုံး သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့နှင့်အတူရှိတော်မူသည်ဖြစ်၍၊ သင်တို့၌ဘာမျှမလိုဟု ဆင့်ဆိုရ၏။ အခန်းကိုကြည့်ပါ။ |
အဲဂုတ္တုပြည်မှထွက်လာသော စစ်သူရဲအပေါင်းတို့သည် ထာဝရဘုရား၏ စကားတော်ကို နားမထောင်ဘဲနေ၍၊ မသေမပျောက်မီတိုင်အောင် ဣသရေလအမျိုးသားတို့သည် အနှစ်လေးဆယ်ပတ်လုံး တော၌ လှည့်လည်ရကြ၏။ ထာဝရဘုရားသည်၊ ငါပေးမည်ဟု ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်၊ နို့နှင့် ပျားရည်စီးသောပြည်ကို ထိုသူတို့သည် မမြင်ရကြဟု ကျိန်ဆိုတော်မူ၏။