Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 2:6

Judson Bible

သင်​တို့​သည်​စား​ဖို့​ရာ​အ​စာ​ကို​လည်း​ကောင်း၊ သောက်​ဖို့​ရာ​ရေ​ကို​လည်း​ကောင်း သူ​တို့​ထံ ငွေ​နှင့်​ဝယ်​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​လည်း၊ မင်း​လမ်း​သို့​သာ လျှောက်​လိုက်​ပါ​မည်။ ကိုယ်​တိုင်​မှ​စ၍ တိ​ရ​စ္ဆာန်​တို့​သည် ကိုယ်​တော့်​ရေ​ကို​သောက်​လျှင် အ​ဖိုး​ကို​ပေး​ပါ​မည်။ အ​ခြား​သော​အ​မှု​ကို​မ​ပြု​ဘဲ၊ ခြေ​ဖြင့်​သွား​ရုံ​မျှ​သာ​ပြု​ပါ​မည်​ဟု ဆို​သော်​လည်း၊

သင်​တို့​သည် ကိုယ်၌ သူ​တစ်​ပါး​ပြု​စေ​လို​သ​မျှ​အ​တိုင်း သူ​တစ်​ပါး၌ ပြု​ကြ​လော့။ ဤ​ပ​ညတ်​ကား ပ​ည​တ္တိ​ကျမ်း​နှင့် အ​နာ​ဂ​တ္တိ​ကျမ်း​တို့၏ အ​ချုပ်​အ​ချာ​ပင် ဖြစ်​သ​တည်း။

အ​ဘယ်​သူ​ကို​မျှ ရန်​တုံ့​မ​မူ​ကြ​နှင့်။ လူ​အ​ပေါင်း​တို့​ရှေ့​မှာ တင့်​တယ်​လျောက်​ပတ်​သော​အ​ကျင့်​ကို ကြံ​စည်​ကြ​လော့။-

သူ​တို့​ကို​အ​လျှင်း​မ​ပြု​ကြ​နှင့်။ သူ​တို့​ပြည်​ကို သင်​တို့​အား​ငါ​မ​ပေး။ ခြေ​နင်း​ရာ​ခန့်​ကို​မျှ မ​ပေး။ စိ​ရ​တောင်​ကို ဧ​သော​အား ငါ​အ​ပိုင်​ပေး​ပြီ။

သင်​တို့​ပြု​လေ​ရာ​ရာ၌ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ကောင်​ချီး​ပေး​တော်​မူ​ပြီ။ ဤ​တော​ကြီး၌ သင်​တို့​လှည့်​လည်​သော အ​ကြောင်း​အ​ရာ​တို့​ကို သိ​တော်​မူ၏။ အ​နှစ်​လေး​ဆယ်​ပတ်​လုံး သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သည်​ဖြစ်၍၊ သင်​တို့၌​ဘာ​မျှ​မ​လို​ဟု ဆင့်​ဆို​ရ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ