Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 2:14

Judson Bible

ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်​သို့ အ​ရင်​ရောက်​သော​ကာ​လ​မှ​စ၍ ဇေ​ရက်​ချောင်း​ကို ကူး​သော​ကာ​လ​တိုင်​အောင် နှစ်​ပေါင်း​သုံး​ဆယ်​ရှစ်​နှစ် လွန်​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား ကျိန်​ဆို​တော်​မူ​သည်​အ​တိုင်း၊ အ​ရင်​စစ်​သူ​ရဲ​မျိုး​အ​ပေါင်း​တို့​သည် လူ​အ​လုံး​အ​ရင်း​ထဲ​က သေ​ကြေ​ကွယ်​ပျောက်​ရ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

ထို​ကြောင့် သူ​တို့​ကို တော၌​လှဲ​ခြင်း​ငှာ​လည်း​ကောင်း၊

အ​ကျွန်ုပ်​တို့​ကို ညှဉ်း​ဆဲ​တော်​မူ​သော နေ့​ရက်​ကာ​လ၊ ဒု​က္ခ​ခံ​ရ​ခဲ့​ပြီး​သော နှစ်​ပေါင်း​များ​သည်​အ​တိုင်း၊ ဝမ်း​မြောက်​ရ​သော​အ​ခွင့်​ကို ပေး​သ​နား​တော်​မူ​ပါ။

လူ​မျိုး​ကို​ကား၊ ကြေ​မွ​စေ​တော်​မူ၏။ အ​ချင်း​လူ​သား​တို့၊ ပြန်​ကြ​လော့​ဟု မိန့်​တော်​မူ၏။

အ​ကျွန်ုပ်​တို့​သည် အ​မျက်​တော်​ကို​ခံ​ရ​သော​ကြောင့်၊ နေ့​ရက်​ကာ​လ​ရွေ့​သွား၍၊ နှစ်​များ​တို့​သည် စိတ်​ထင်​ကဲ့​သို့ လွန်​တတ်​ကြ​ပါ၏။

ထို​ကြောင့် သူ​တို့​သည် ငါ၏​ချမ်း​သာ​ထဲ​သို့ မ​ဝင်​ရ​ကြ​ဟု အ​မျက်​ထွက်၍ ငါ​ကျိန်​ဆို၏။

တစ်​ဖန်၊ ပြည်​တ​ကာ​တို့၏ အထွတ်​ဖြစ်၍ နို့​နှင့် ပျား​ရည်​စီး​သော​ပြည်၊ သူ​တို့​အား​ငါ​ပေး​သော​ပြည်​သို့ မ​ပို့​ဆောင်​ခြင်း​ငှာ၊ တော၌ ငါ​ကျိန်​ဆို၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်၍ ဒု​တိ​ယ​နှစ်၊ ဒု​တိ​ယ​လ၊ ပ​ထ​မ​နေ့၌ သိ​နာ​တော​တွင် ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​မှာ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊

မော​ရှေ​နှင့်​အာ​ရုန်​မှ​စ၍ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​နေ​ရာ ပါ​ရန်​တော၊ ကာ​ဒေ​ရှ​အ​ရပ်​သို့ ရောက်​သော​အ​ခါ ပ​ရိ​သတ်​အ​ပေါင်း​တို့​အား သ​တင်း​ကြား​ပြော၍ ထို​ပြည်၌​သီး​သော​အ​သီး​ကို ပြ​ကြ၏။

သို့​သော်​လည်း ထို​သူ​တို့​တွင် များ​စွာ​သော သူ​တို့​ကို ဘု​ရား​သ​ခင်​သည် အား​ရ​နှစ်​သက်​တော်​မ​မူ။ သူ​တို့​သည် တော၌​သေ​ကြေ​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ၏။

ငါ​တို့​သည် ဟော​ရပ်​အ​ရပ်​မှ​ထွက်​သော​နောက်၊ အာ​မော​ရိ​တောင်​သို့ သွား​သော​လမ်း​နား​မှာ ကြောက်​မက်​ဖွယ်​ဖြစ်၍ သင်​တို့​တွေ့​မြင်​သော တော​ကြီး​အ​လယ်၌၊ ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း လျှောက်​သွား၍၊ ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်​သို့ ရောက်​ကြ၏။

ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်​သည်၊ စိ​ရ​တောင်​လမ်း​ဖြင့် ဟော​ရပ်​အ​ရပ်​နှင့် ဆ​ယ်​တစ်​ရက်​ခ​ရီး ကွာ​သ​တည်း။

ထို​ကြောင့် ကာ​ဒေ​ရှ​အ​ရပ်၌ အ​ရင်​နေ​သ​ကဲ့​သို့ ကြာ​မြင့်​စွာ​နေ​ပြန်​ရ​ကြ၏။

ယ​ခု​ထ၍ ဇေ​ရက်​ချောင်း​ကို​ကူး​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ သင်​တို့​သည် ဇေ​ရက်​ချောင်း​ကို ကူး​ကြ၏။

စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် လူ​စု​ထဲ​က သေ​ကြေ​ကွယ်​ပျောက်​ပြီး​မှ၊

သင်​တို့​ပြု​လေ​ရာ​ရာ၌ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ကောင်​ချီး​ပေး​တော်​မူ​ပြီ။ ဤ​တော​ကြီး၌ သင်​တို့​လှည့်​လည်​သော အ​ကြောင်း​အ​ရာ​တို့​ကို သိ​တော်​မူ၏။ အ​နှစ်​လေး​ဆယ်​ပတ်​လုံး သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သည်​ဖြစ်၍၊ သင်​တို့၌​ဘာ​မျှ​မ​လို​ဟု ဆင့်​ဆို​ရ၏။

ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်​သော​အ​ခါ၊ သင်​တို့​နှင့် အဲ​ဂု​တ္တု​လူ​တို့​စပ်​ကြား​မှာ မှောင်​မိုက်​ကို​ငါ​ထား၍ သူ​တို့​ကို ပင်​လယ်​ရေ​လွှမ်း​မိုး​စေ၏။ အဲ​ဂု​တ္တု​ပြည်၌ ငါ​ပြု​သော​အ​မှု​ကို သင်​တို့​သည် ကိုယ်​တိုင်​မြင်​ကြ​ပြီ။ တော၌​လည်း ကာ​လ​ကြာ​မြင့်​စွာ နေ​ရ​ကြ၏။

ထို​သို့ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို ပေး​ရ​သော​အ​ကြောင်း​ဟူ​မူ​ကား၊ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​လာ​သော စစ်​သူ​ရဲ​ယောက်ျား​အ​ပေါင်း​တို့​သည် တော၌​သေ​ကြ၏။

အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​လာ​သော စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​ကို နား​မ​ထောင်​ဘဲ​နေ၍၊ မ​သေ​မ​ပျောက်​မီ​တိုင်​အောင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​နှစ်​လေး​ဆယ်​ပတ်​လုံး တော၌ လှည့်​လည်​ရ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည်၊ ငါ​ပေး​မည်​ဟု ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်၊ နို့​နှင့် ပျား​ရည်​စီး​သော​ပြည်​ကို ထို​သူ​တို့​သည် မ​မြင်​ရ​ကြ​ဟု ကျိန်​ဆို​တော်​မူ၏။

ထို​ကြောင့် သင်​တို့​သည် သိ​နှင့်​သော်​လည်း ငါ​သည် သ​တိ​ပေး၍ ပြော​ချင်​သော အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​လူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ ကယ်​လွှတ်​တော်​မူ​ပြီး​လျှင်၊ မ​ယုံ​ကြည်​သော သူ​တို့​ကို တစ်​ဖန် ဖျက်​ဆီး​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ