Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 2:1

Judson Bible

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ငါ​တို့​သည်​လှည့်၍၊ ဧ​ဒုံ​ပင်​လယ်​လမ်း​ဖြင့် တော​သို့​ခ​ရီး​သွား​လျက်၊ စိ​ရ​တောင်​ကို ကြာ​မြင့်​စွာ​လှည့်​လည်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

အာ​မ​လက်​အ​မျိုး​သား​နှင့် ခါ​နာန်​အ​မျိုး​သား​တို့​သည် ချိုင့်​မှာ​နေ​ကြ​သည်​ဖြစ်၍ သင်​တို့​သည် နက်​ဖြန်​နေ့၌​လှည့်​လည်၍ ဧ​ဒုံ​ပင်​လယ်​လမ်း​ဖြင့် တော​သို့​သွား​ကြ​လော့​ဟု မိန့်​တော်​မူ၏။

ဟော​ရ​တောင်​မှ​ထွက်၍ ဧ​ဒုံ​ပြည်​ကို​ဝိုင်း​ခြင်း​ငှာ၊ ဧ​ဒုံ​ပင်​လယ်​လမ်း​ဖြင့် ချီ​သွား​ကြ​စဉ်၊ အ​သွား​ခက်​သော​ကြောင့်၊ လူ​များ​တို့​သည် စိတ်​အား​လျော့​ကြ၍၊

ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်​သည်၊ စိ​ရ​တောင်​လမ်း​ဖြင့် ဟော​ရပ်​အ​ရပ်​နှင့် ဆ​ယ်​တစ်​ရက်​ခ​ရီး ကွာ​သ​တည်း။

သင်​တို့​မူ​ကား၊ လှည့်၍ ဧ​ဒုံ​ပင်​လယ်​လမ်း​ဖြင့် တော​သို့​ခ​ရီး​သွား​ကြ​ဦး​လော့​ဟု မိန့်​တော်​မူ၏။

အဲ​ဂု​တ္တု​စစ်​သူ​ရဲ အ​လုံး​အ​ရင်း​တည်း​ဟူ​သော မြင်း​စီး​သူ​ရဲ၊ ရ​ထား​စီး​သူ​ရဲ​တို့​အား ပြု​တော်​မူ​သော​အ​မှု​ကို​လည်း​ကောင်း၊ သင်​တို့​ကို​လိုက်​သော​သူ​တို့​ကို ဧ​ဒုံ​ပင်​လယ်​ရေ​လွှမ်း​မိုး​စေ၍၊ ယ​နေ့​တိုင်​အောင် ဖျက်​ဆီး​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​တို့​သည် ကာ​လ​အ​ချိန်​စေ့​အောင် ဤ​တောင်​ကို လှည့်​လည်​ကြ​ပြီ။ တစ်​ဖန် မြောက်​မျက်​နှာ​သို့ သွား​ကြ​ဦး​လော့။

နောက်​တစ်​ဖန် တော​ကို​လျှောက်​လျက်၊ ဧ​ဒုံ​ပြည်​နှင့် မော​ဘ​ပြည်​ကို ဝိုင်း၍ မော​ဘ​ပြည်​အ​ရှေ့​ဘက်​သို့ ရောက်​ပြီး​မှ အာ​နုန်​မြစ်​တစ်​ဖက်၌ တပ်​ချ​ကြ၏။ ထို​အ​ခါ မော​ဘ​ပြည်​နယ်​အ​တွင်း​သို့ မ​ဝင်​ကြ။ အာ​နုန်​မြစ်​သည် မော​ဘ​ပြည်​အ​ပိုင်း​အ​ခြား ဖြစ်​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ