Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 1:46

Judson Bible

ထို​ကြောင့် ကာ​ဒေ​ရှ​အ​ရပ်၌ အ​ရင်​နေ​သ​ကဲ့​သို့ ကြာ​မြင့်​စွာ​နေ​ပြန်​ရ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

အာ​မ​လက်​အ​မျိုး​သား​နှင့် ခါ​နာန်​အ​မျိုး​သား​တို့​သည် ချိုင့်​မှာ​နေ​ကြ​သည်​ဖြစ်၍ သင်​တို့​သည် နက်​ဖြန်​နေ့၌​လှည့်​လည်၍ ဧ​ဒုံ​ပင်​လယ်​လမ်း​ဖြင့် တော​သို့​သွား​ကြ​လော့​ဟု မိန့်​တော်​မူ၏။

ထို​ပြည်​ကို စူး​စမ်း​ရာ​နေ့​ရက်​ပေါင်း အ​ရက်​လေး​ဆယ်​နှင့်​အ​ညီ၊ တစ်​ရက်​ကို တစ်​နှစ်​ထား၍ အ​နှစ်​လေး​ဆယ်​ပတ်​လုံး ကိုယ်​အ​ပြစ်​ကို​ဆောင်​လျက်၊ ငါ့​စွန့်​ပစ်​ခြင်း​ကို သိ​ရ​ကြ​လိမ့်​မည်။

သ​က္က​ရာဇ်​လေး​ဆယ်၊ ပ​ထ​မ​လ၌ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်၊ ဇိ​န​တော​သို့​ရောက်၍၊ ကာ​ဒေ​ရှ​အ​ရပ်၌ နေ​ကြ၏။ ထို​အ​ရပ်၌ မိ​ရိ​အံ​သေ၍ သင်္ဂြိုဟ်​လေ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ကာ​ဒေ​ရှ​အ​ရပ်​မှ​ပြောင်း၍ ဟော​ရ​တောင်​သို့​ရောက်​ကြ၏။

ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်​သို့ အ​ရင်​ရောက်​သော​ကာ​လ​မှ​စ၍ ဇေ​ရက်​ချောင်း​ကို ကူး​သော​ကာ​လ​တိုင်​အောင် နှစ်​ပေါင်း​သုံး​ဆယ်​ရှစ်​နှစ် လွန်​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား ကျိန်​ဆို​တော်​မူ​သည်​အ​တိုင်း၊ အ​ရင်​စစ်​သူ​ရဲ​မျိုး​အ​ပေါင်း​တို့​သည် လူ​အ​လုံး​အ​ရင်း​ထဲ​က သေ​ကြေ​ကွယ်​ပျောက်​ရ​ကြ၏။

သင်​တို့​ပြု​လေ​ရာ​ရာ၌ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ကောင်​ချီး​ပေး​တော်​မူ​ပြီ။ ဤ​တော​ကြီး၌ သင်​တို့​လှည့်​လည်​သော အ​ကြောင်း​အ​ရာ​တို့​ကို သိ​တော်​မူ၏။ အ​နှစ်​လေး​ဆယ်​ပတ်​လုံး သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သည်​ဖြစ်၍၊ သင်​တို့၌​ဘာ​မျှ​မ​လို​ဟု ဆင့်​ဆို​ရ၏။

ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်​သော​အ​ခါ၊ သင်​တို့​နှင့် အဲ​ဂု​တ္တု​လူ​တို့​စပ်​ကြား​မှာ မှောင်​မိုက်​ကို​ငါ​ထား၍ သူ​တို့​ကို ပင်​လယ်​ရေ​လွှမ်း​မိုး​စေ၏။ အဲ​ဂု​တ္တု​ပြည်၌ ငါ​ပြု​သော​အ​မှု​ကို သင်​တို့​သည် ကိုယ်​တိုင်​မြင်​ကြ​ပြီ။ တော၌​လည်း ကာ​လ​ကြာ​မြင့်​စွာ နေ​ရ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ