Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 18:9

Judson Bible

သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်​သို့ သင်​သည် ဝင်​စား​သော​အ​ခါ၊ ထို​ပြည်၌​နေ​သော လူ​မျိုး​တို့​ပြု​တတ်​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို ပြု​ခြင်း​ငှာ မ​သင်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​ရှေ့​မှ ထာ​ဝ​ရ​ဘု​ရား​နှင်​ထုတ်​တော်​မူ​သော တစ်​ပါး​အ​မျိုး​သား​ပြု​သ​ကဲ့​သို့ မြင့်​သော​အ​ရပ်​ရှိ​သ​မျှ​အ​ပေါ်​မှာ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍ ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို နှိုး​ဆော်​ခြင်း​ငှာ အ​ဓ​မ္မ​အ​မှု​တို့​ကို ပြု​ကြ၏။

သူ​တို့​ရှေ့​မှ ထာ​ဝ​ရ​ဘု​ရား​နှင်​ထုတ်​တော်​မူ​သော တစ်​ပါး​အ​မျိုး​သား​တို့​ထုံး​စံ​နှင့် မိ​မိ​တို့​ချီး​မြှောက်​သော ရှင်​ဘု​ရင်​တို့​ထုံး​စံ​သို့​လိုက်​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှ နှင်​ထုတ်​တော်​မူ​သော တစ်​ပါး​အ​မျိုး​သား​တို့၏ ရွံ​ရှာ​ဖွယ် ထုံး​စံ​အ​တိုင်း၊ ဟိ​န္နုံ​သား​ချိုင့်၌ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍၊ မိ​မိ​သား​တို့​ကို​လည်း မီး​ဖြင့်​ပူ​ဇော်၏။

ထို​မှ​တစ်​ပါး၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​များ​နှင့် ပြည်​သူ​ပြည်​သား ရှိ​သ​မျှ​တို့​သည်၊ တစ်​ပါး​အ​မျိုး​သား ရွံ​ရှာ​ဖွယ်​ပြု​သည်​အ​တိုင်း၊ အ​လွန်​ပြစ်​မှား​ကြ၏။ ယေ​ရု​ရှ​လင်​မြို့၌ ထာ​ဝ​ရ​ဘု​ရား​သန့်​ရှင်း​စေ​တော်​မူ​သော ဗိ​မာန်​တော်​ကို ညစ်​ညူး​စေ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သာ​သ​နာ​ပ​လူ​တို့၏​ဘာ​သာ​ဓ​လေ့၌ မ​ကျင်​လည်​ကြ​နှင့်။ သာ​သ​နာ​ပ​လူ​တို့ ထိတ်​လန့်​ကြောက်​တတ်​သော မိုး​ကောင်း​ကင်​နိ​မိတ်​တို့​မှ မ​ထိတ်​လန့် မ​ကြောက်​ကြ​နှင့်။

သို့​ဖြစ်၍ သင်​တို့​ရှေ့၌​ပြု​ဖူး​သော ထို​ရွံ​ရှာ​ဖွယ်​ထုံး​စံ​ဓ​လေ့​သို့ သင်​တို့​သည်​လိုက်၍၊ ကိုယ်​ကို​ကိုယ်​မ​ညစ်​ညူး​စေ​ခြင်း​ငှာ၊ ငါ့​ပ​ညတ်​တ​ရား​ကို စောင့်​ရှောက်​ရ​ကြ​မည်။ ငါ​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏​ဟု မိန့်​တော်​မူ၏။

သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို​သင့်​ရှေ့​မှ နှင်​ထုတ်​တော်​မူ​သော​နောက်၊ သင်​က၊ ငါ့​ကု​သိုလ်​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​သွင်း၍၊ ဤ​ပြည်​ကို အ​ပိုင်​ပေး​တော်​မူ​သည်​ဟူ၍ မ​အောက်​မေ့​ရ။ ထို​လူ​မျိုး​တို့၏ မ​ကောင်း​မှု​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ငါ့​ရှေ့​မှ​နှင်​ထုတ်​တော်​မူ​သည်​ဟူ၍ စိတ်​ထဲ​မှာ အောက်​မေ့​ရ​မည်။

သင်​ပြု​သော​ကု​သိုလ်​ကြောင့်​လည်း​ကောင်း၊ ဖြောင့်​မတ်​သော သ​ဘော​ကြောင့်​လည်း​ကောင်း၊ ထို​ပြည်​ကို​သွား၍ ဝင်​စား​ရ​မည်​မ​ဟုတ်။ ထို​လူ​မျိုး​တို့၏​မ​ကောင်း​မှု​ကြောင့်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​အ​ဘ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား ကျိန်​ဆို​တော်​မူ​သော​စ​ကား​တော်​ကို တည်​စေ​လို​သော​ငှာ​လည်း​ကောင်း၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို သင့်​ရှေ့​မှ​နှင်​ထုတ်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ