Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 18:10

Judson Bible

သင်​တို့​တွင် မိ​မိ​သား​သ​မီး​ကို မီး​ဖြင့်​ပူ​ဇော်​သော​သူ၊ ဖြစ်​လ​တ္တံ့​သော​အ​မှု​ကို ကိုယ်​ဉာဏ်​နှင့် ဟော​ပြော​သော​သူ၊ ကာ​လ​ဗေ​ဒင်​ကို ကြည့်​သော​သူ၊ မ​ကောင်း​သော​အ​တတ်​ကို ပြု​စု​သော​သူ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

36 ပူးပေါင်းရင်းမြစ်များ  

ငါ့​သ​ခင်​သောက်​သော​ဖ​လား​မ​ဟုတ်​လော။ ထူး​ဆန်း​သော​ဉာဏ်​ကို​ဖြစ်​စေ​တတ်​သော ဖ​လား​မ​ဟုတ်​လော။ သင်​တို့​ပြု​သော​ဤ​အ​မှု​သည် မ​ကောင်း​ပါ​တ​ကား​ဟု ပြော​ဆို​လော့​ဟု မှာ​သည်​အ​တိုင်း၊

ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တို့ လိုက်​သော​လမ်း​သို့ လိုက်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​မှ၊ နှင်​ထုတ်​တော်​မူ​သော တစ်​ပါး​အ​မျိုး​သား​တို့၏ ရွံ​ရှာ​ဖွယ်​ထုံး​စံ​အ​တိုင်း၊ မိ​မိ​သား​ကို မီး​ဖြင့်​ပူ​ဇော်၏။

စီ​ရင်​တော်​မူ​ချက်၊ ဘိုး​ဘေး​တို့​နှင့် ဖွဲ့​တော်​မူ​သော​ပ​ဋိ​ညာဉ်၊ သူ​တို့၌ သက်​သေ​ခံ​တော်​မူ​သော သက်​သေ​တို့​ကို​ပယ်၍ အ​န​တ္တ​တ​ရား​ကို ကျင့်​လျက် အ​ချည်း​နှီး​သက်​သက် ဖြစ်​ကြ၏။ အ​ကြင်​တစ်​ပါး​အ​မျိုး​သား​ကျင့်​သ​ကဲ့​သို့ မ​ကျင့်​ကြ​နှင့်​ဟု ထာ​ဝ​ရ​ဘု​ရား​ပ​ညတ်​တော်​မူ၏၊ ပတ်​လည်၌​နေ​သော ထို​အ​မျိုး​သား​နောက်​သို့​လိုက်​ကြ၏။

သား​သ​မီး​တို့​ကို မီး​ဖြင့်​ပူ​ဇော်​ကြ၏။ နတ်​ဝိ​ဇ္ဇာ​အ​တတ်၊ ပြု​စား​သော​အ​တတ်​ကို သုံး​ဆောင်၍ ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို နှိုး​ဆော်​ခြင်း​ငှာ၊ ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု​မည်​ဟု ကိုယ်​ကို​ရောင်း​ကြ၏။

မိ​မိ​သား​ကို မီး​ဖြင့်​ပူ​ဇော်၏။ ကာ​လ​ဗေ​ဒင်​ကို ကြည့်​တတ်၏။ ပြု​စား​သော​အ​တတ်​ကို​သုံး​ဆောင်၍ စုန်း​နှင့် နတ်​ဝင်​တို့​ကို​လည်း အ​ခွင့်​ပေး၏။ ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို နှိုး​ဆော်​ခြင်း​ငှာ ရှေ့​တော်၌ များ​စွာ​သော​ဒု​စ​ရိုက်​ကို​ပြု၏။

ထို​မှ​တစ်​ပါး၊ ဗိ​မာန်​တော်၌ ယဇ်​ပု​ရော​ဟိတ်​ဟိ​လ​ခိ​တွေ့​သော ကျမ်း​စာ၌​ပါ​သော စ​ကား​အ​တိုင်း ကျင့်​လို​သော​ငှာ၊ ယော​ရှိ​မင်း​သည် စုန်း၊ နတ်​ဝင်၊ တေ​ရပ်​ရုပ်​တု​မှ​စ၍ ရုပ်​တု​ဆင်း​တု​များ​ကို​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​နှင့် ယု​ဒ​ပြည်​လုံး​တွင် ရွံ​ရှာ​ဖွယ်​သော​အ​ရာ တွေ့​သ​မျှ​တို့​ကို​လည်း​ကောင်း၊ သုတ်​သင်​ပယ်​ရှင်း​တော်​မူ၏။

ထို​သို့​ရှော​လု​သည် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​မ​ထောင်၊ လွန်​ကျူး၍ ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​သော​ကြောင့်​လည်း​ကောင်း၊

ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှ နှင်​ထုတ်​တော်​မူ​သော တစ်​ပါး​အ​မျိုး​သား​တို့၏ ရွံ​ရှာ​ဖွယ် ထုံး​စံ​အ​တိုင်း၊ ဟိ​န္နုံ​သား​ချိုင့်၌ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍၊ မိ​မိ​သား​တို့​ကို​လည်း မီး​ဖြင့်​ပူ​ဇော်၏။

မိ​မိ​သား​တို့​ကို ဟိ​န္နုံ​သား​ချိုင့်၌ မီး​ဖြင့်​ပူ​ဇော်၏။ ကာ​လ​ဗေ​ဒင်​ကို​ကြည့်​တတ်၏။ ပြု​စား​သော​အ​တတ်၊ နတ်​ဝိ​ဇ္ဇာ​အ​တတ်​ကို သုံး​ဆောင်၍၊ စုန်း​နှင့် နတ်​ဝင်​တို့​ကို​လည်း အ​ခွင့်​ပေး၏။ ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို နှိုး​ဆော်​ခြင်း​ငှာ ရှေ့​တော်၌​များ​စွာ​သော ဒု​စ​ရိုက်​ကို​ပြု၏။

မိန်း​မ၏​အ​ဘ သ​ဘော​မ​တူ မ​ပေး​စား​လို​လျှင်၊ ကန်​တော့​ရ​သည်​နှင့်​အ​မျှ ငွေ​ကို လျော်​ရ​မည်။

စုန်း​မ​ကို အ​သက်​ရှင်​စေ​ခြင်း​ငှာ အ​ခွင့်​မ​ပေး​ရ။

သင်​သည် များ​ပြား​သော​တိုင်​ပင်​ခြင်း​အား​ဖြင့် ပင်​ပန်း​လှ​ပြီ။ မိုး​ကောင်း​ကင်​ကို ကြည့်​ရှု​သော​သူ၊ ကြယ်​န​က္ခတ်​တို့​ကို မှတ်​သော​သူ၊ သင်၌​ဖြစ်​လ​တ္တံ့​သော​အ​မှု​ကို၊ လ၏​အ​ခြင်း​အ​ရာ​အား​ဖြင့် ဟော​တတ်​သော သူ​တို့​သည်​ထ၍ သင့်​ကို​ယ​ခု ကယ်​တင်​ကြ​စေ။

ထို​သူ​တို့​သည် သင်​တို့​ကို သင်​တို့​ပြည်​မှ အ​ဝေး​သို့​ရွှေ့​သွား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​ကို ငါ​နှင်​ထုတ်၍ ဆုံး​ရှုံး​စေ​ခြင်း​ငှာ​လည်း​ကောင်း မု​သား​စ​ကား​ကို ဟော​ပြော​တတ်​ကြ၏။

သို့​ဖြစ်၍၊ သင်​တို့​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏ အ​စေ​ကို မ​ခံ​ရ​ဟု၊ သင်​တို့​အား ပြော​တတ်​သော ပ​ရော​ဖက်၊ အ​နာ​ဂတ်​ဆ​ရာ၊ အိပ်​မက်​မြင်​သော​ဆ​ရာ၊ နတ်​ဝိ​ဇ္ဇာ​ဆ​ရာ၊ ပြု​စား​တတ်​သော​ဆ​ရာ​တို့၏ စ​ကား​ကို​နား​မ​ထောင်​ကြ​နှင့်။

သူ​တို့​သား​သ​မီး​တို့​ကို မော​လုပ်​ဘု​ရား​အား​ပူ​ဇော်​ခြင်း​ငှာ၊ ဟိ​န္နုံ​သား၏​ချိုင့်၌​ရှိ​သော ဗာ​လ​ဘု​ရား၏​ကုန်း​တို့​ကို တည်​လုပ်​ကြ​ပြီ။ ယု​ဒ​အ​မျိုး​အ​ပေါ်​သို့ အ​ပြစ်​ရောက်​စေ​ခြင်း​ငှာ၊ ထို​မျှ​လောက် စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​ကို ငါ​မ​မှာ​ထား၊ ငါ​အ​လျှင်း​အ​လို​မ​ရှိ​ဘဲ ပြု​ကြ​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ငါ​မ​မှာ​ထား၊ ငါ​အ​လျှင်း​အ​လို​မ​ရှိ​သော်​လည်း၊ သူ​တို့​သား​သ​မီး​များ​ကို မီး​ရှို့​ခြင်း​ငှာ ဟိ​န္နုံ​သား၏​ချိုင့်၌​ရှိ​သော တော​ဖက်​ကုန်း​တို့​ကို တည်​ကြ​ပြီ။

အ​သွေး​ပါ​သော အ​သေ​ကောင်​ကို မ​စား​ရ။ မ​ကောင်း​သော အ​တတ်​ကို​မ​ပြု​စု​ရ။ ကာ​လ​ဗေ​ဒင်​ကို မ​ကြည့်​ရ။

ကိုယ်​ကို​ကိုယ်​ညစ်​ညူး​စေ​ခြင်း​ငှာ၊ နတ်​ဝင်​သူ​ကို​မ​မှီ​ဝဲ​ရ။ စုန်း​လုပ်​သူ​ကို​လည်း မ​ရှာ​ဖွေ​ရ။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

လမ်း​လွဲ၍ နတ်​ဝင်​သူ၊ စုန်း​လုပ်​သူ​နောက်​သို့​လိုက်​လျက်၊ မှား​ယွင်း​သော​သူ​ကို ငါ​သည်​မျက်​နှာ​ထား၍ သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​မည်။

သင်၏​နယ်၌ စုန်း​လုပ်​သော​သူ​တို့​ကို ငါ​ပယ်​ရှင်း၍၊ သင်၌ ဗေ​ဒင်​ဟော​သော​သူ​မ​ရှိ​ရ။

သင်​တို့​ကို စစ်​ကြော​စီ​ရင်​ခြင်း​ငှာ ငါ​ချဉ်း​မည်။ ပြု​စား​တတ်​သော​သူ၊ သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ၊ မ​မှန်​သော ကျိန်​ဆို​ခြင်း​ကို ပြု​သော​သူ၊ သူ​ငှား​ကို အ​ခ​မ​ပေး ညှဉ်း​ဆဲ​သော​သူ၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်​နှင့် မု​ဆိုး​မ​ကို ညှဉ်း​ဆဲ​သော​သူ၊ ဧည့်​သည်​ကို မ​တ​ရား​သ​ဖြင့် စီ​ရင်​သော​သူ၊ ငါ့​ကို​မ​ကြောက်​ရွံ့​သော​သူ​တို့​တစ်​ဖက်၌ ငါ​သည် လျင်​မြန်​သော​သက်​သေ​ဖြစ်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

နတ်​ဝိ​ဇ္ဇာ​အ​တတ်​ကို​သုံး​ဆောင်​သော သူ​အ​များ​တို့​သည်​လည်း မိ​မိ​တို့​စာ​စောင်​ကို​ယူ​ခဲ့၍ လူ​အ​ပေါင်း​တို့​ရှေ့​မှာ မီး​ရှို့​ကြ၏။ စာ​စောင်​အ​ဖိုး​ကို ချင့်​တွက်​သော်၊ ငွေ​အ​သ​ပြာ ငါး​သောင်း​ထိုက်​သည်​ကို သိ​ကြ၏။-

ရှိ​မုန်​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည်၊ ထို​မြို့၌ နတ်​ဝိ​ဇ္ဇာ​အ​တတ်​နှင့်​ပြု​ပြင်၍၊ ငါ​သည် ထူး​ဆန်း​သော​သူ​ဖြစ်​သည်​ဟု​ဆို​လျက်၊ ရှ​မာ​ရိ​အ​မျိုး​သား​တို့​ကို မိန်း​မော​တွေ​ဝေ​စေ​ခြင်း​ငှာ ပြု၏။-

ရုပ်​တု​ကို​ကိုး​ကွယ်​ခြင်း၊ သူ​တစ်​ပါး​ကို​ပြု​စား​ခြင်း၊ ရန်​ငြိုး​ဖွဲ့​ခြင်း၊ ရန်​တွေ့​ခြင်း၊ ဂုဏ်​ပြိုင်​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ ငြင်း​ခုန်​ခြင်း၊ အ​ချင်း​ချင်း​ကွဲ​ပြား​ခြင်း၊ သင်း​ခွဲ​ခြင်း၊-

သူ​တို့​ပြု​သ​ကဲ့​သို့၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား သင်​မ​ပြု​ရ။ သူ​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​သ​မျှ​တို့​ကို သူ​တို့​ဘု​ရား၌ ပြု​ကြ​ပြီ။ ကိုယ်​သား​သ​မီး​ကို​ပင် သူ​တို့​ဘု​ရား​အား​ဝတ်​ပြု၍ မီး​ရှို့​ကြ​ပြီ။

ငြင်း​ဆန်​သော​သ​ဘော​သည် နတ်​ဆိုး​နှင့် ပေါင်း​ခြင်း​ကဲ့​သို့​လည်း​ကောင်း၊ ခိုင်​မာ​သော​သ​ဘော​သည် ဗေ​ဒင်​တန်​ဆာ​ကို သုံး​ခြင်း​ကဲ့​သို့​လည်း​ကောင်း အ​ပြစ်​ကြီး၏။ သင်​သည် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို ပယ်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ရှင်​ဘု​ရင်​အ​ရာ​ကို​နုတ်၍ သင့်​ကို​ပယ်​တော်​မူ​ပြီ​ဟု ဆို၏။

ထို​ကာ​လ၌ ရှ​မွေ​လ​မ​ရှိ၊ သေ​လွန်​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​လျက်၊ သူ့​ကို သူ​နေ​ရင်း​ရာ​မ​မြို့၌ သင်္ဂြိုဟ်​ကြ​ပြီ။ ရှော​လု​သည် စုန်း​နှင့် နတ်​ဝင်​အ​ပေါင်း​တို့​ကို တစ်​ပြည်​လုံး​တွင် သုတ်​သင်​ပယ်​ရှင်း​နှင့်​ပြီ။

ထို​အ​ခါ ရှော​လု​က၊ နတ်​ဝင်​မိန်း​မ​ကို ရှာ​ကြ​လော့။ ငါ​သွား၍​မေး​မြန်း​မည်​ဟု ကျွန်​တို့​အား ဆို​သည်​အ​တိုင်း၊ ကျွန်​တို့​က အင်္ဒေါ​ရ​မြို့​မှာ နတ်​ဝင်​မိန်း​မ​တစ်​ယောက်​ရှိ​ပါ၏​ဟု လျှောက်​သော်၊

ရှော​လု​သည် အ​ဝတ်​လဲ၍ ထူး​ခြား​သော အ​ယောင်​ကို​ဆောင်​လျက်၊ ည​အ​ခါ လူ​နှစ်​ယောက်​နှင့်​တ​ကွ ထို​မိန်း​မ​ဆီ​သို့​သွား၍ ရောက်​ပြီး​လျှင်၊ သင်​ပေါင်း​သော​နတ်​ကို​အ​မှီ​ပြု၍ သင့်​အား​ငါ​ပြော​မည့်​သူ​ကို ဖော်​ပါ​လော့​ဟု တောင်း​ပန်​လေ၏။

မိန်း​မ​က​လည်း၊ ရှော​လု​ပြု​သော​အ​မှု၊ စုန်း​နှင့်​နတ်​ဝင်​တို့​ကို တစ်​ပြည်​လုံး​တွင် သုတ်​သင်​ဖယ်​ရှင်း​သော အ​မှု​ကို သင်​သည်​သိ​လျက်​နှင့် ငါ့​ကို​သေ​စေ​ခြင်း​ငှာ အ​ဘယ်​ကြောင့် ငါ့​အ​သက်​ကို ကျော့​စမ်း​သ​နည်း​ဟု ပြန်​ပြော​သော်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ