Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 16:2

Judson Bible

ထာ​ဝ​ရ​ဘု​ရား​သည် နာ​မ​တော်​ကို တည်​စေ​ဖို့​ရာ ရွေး​ကောက်​တော်​မူ​သော​အ​ရပ်၌ သိုး​နွား​တို့​ကို ယဇ်​ပူ​ဇော်၍၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ပ​သ​ခါ​ပွဲ​ကို​ခံ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန် ရှင်​ဘု​ရင်​က​လည်း၊ ဤ​ပ​ဋိ​ညာဉ်​ကျမ်း​စာ၌​လာ​သည်​အ​တိုင်း၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ပ​သ​ခါ​ပွဲ​ကို​ဆောင်​ကြ​လော့​ဟု လူ​အ​ပေါင်း​တို့​ကို​မိန့်​တော်​မူ၏။

စည်း​ဝေး​သော​သူ​အ​ပေါင်း​တို့​သည် ပ​သ​ခါ​ပွဲ​ခံ​စ​ရာ​ဖို့၊ ယော​ရှိ​မင်း​သည် မိ​မိ​ဥ​စ္စာ၊ သိုး​သ​ငယ်၊ ဆိတ်​သ​ငယ်​သုံး​သောင်း​နှင့် နွား​သုံး​ထောင်​ကို ပေး​တော်​မူ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ချိန်း​ချက်​သော​ကာ​လ​အ​ချိန်၌ ပ​သ​ခါ​ပွဲ​ကို ခံ​ရ​ကြ​မည်။

အ​ဇု​မ​ပွဲ​ပ​ထ​မ​နေ့၌ တ​ပည့်​တော်​တို့​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်၍၊ ကိုယ်​တော်​သည် ပ​သ​ခါ​ပွဲ​ကို စား​တော်​မူ​ဖို့​ရာ အ​ဘယ်​အ​ရပ်၌ အ​ကျွန်ုပ်​တို့​သည် ပြင်​ဆင်​စေ​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ​သ​နည်း​ဟု မေး​လျှောက်​ကြ​သော်၊-

နှစ်​ရက်​လွန်​မှ ပ​သ​ခါ​ပွဲ​နေ့​ရောက်​မည်​ကို သင်​တို့​သိ​ကြ၏။ ထို​အ​ခါ လူ​သား​ကို​လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​သတ်​စေ​ခြင်း​ငှာ အပ်​နှံ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-

ပ​သ​ခါ​သိုး​သ​ငယ်​ကို သတ်​သော​နေ့​တည်း​ဟူ​သော အ​ဇု​မ​ပွဲ​ပ​ထ​မ​နေ့၌ တ​ပည့်​တော်​တို့​သည် အ​ထံ​တော်​သို့ ချဉ်း​ကပ်၍၊ ကိုယ်​တော်​သည် ပ​သ​ခါ​ပွဲ​ကို စား​တော်​မူ​ဖို့​ရာ အ​ဘယ်​အ​ရပ်၌ အ​ကျွန်ုပ်​တို့​သည် သွား၍ ပြင်​ဆင်​စေ​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ​သ​နည်း​ဟု မေး​လျှောက်​ကြ​သော်၊-

ငါ​သည် အ​သေ​မ​ခံ​မီ ဤ​ပ​သ​ခါ​ပွဲ​ကို သင်​တို့​နှင့်​အ​တူ စား​ခြင်း​ငှာ အ​လွန်​အ​လို​ရှိ​လေ​ပြီ။-

ကိုယ်​တော်​က၊ ငါ​တို့ စား​ဖို့​ရာ သင်​တို့​သည်​သွား၍ ပ​သ​ခါ​ပွဲ​ကို ပြင်​ဆင်​ကြ​လော့​ဟု ပေ​တ​ရု​နှင့် ယော​ဟန်​ကို စေ​လွှတ်​တော်​မူ၏။-

သင်​တို့​သည် တ​ဆေး​မဲ့​ဖြစ်​သည်​နှင့်​အ​ညီ၊ အ​သစ်​သော မုန့်​စိမ်း​ဖြစ်​မည်​အ​ကြောင်း၊ ဟောင်း​သော​တ​ဆေး​ကို သုတ်​သင်​ပယ်​ရှင်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​တည်း​ဟူ​သော ငါ​တို့​ပ​သ​ခါ သိုး​သ​ငယ်​သည် ငါ​တို့​အ​ဖို့ ယဇ်​ပူ​ဇော်​ရာ​ဖြစ်၏။-

နာ​မ​တော်​ကို​တည်​စေ​ဖို့​ရာ၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ် ရှိ​ရ​မည်။ ထို​အ​ရပ်​သို့ ငါ​မှာ​ထား​သ​မျှ​အ​တိုင်း၊ သင်​တို့​မီး​ရှို့​ရာ​ယဇ် အ​စ​ရှိ​သော​ယဇ်​များ၊ ဆယ်​ဖို့​တစ်​ဖို့​ပူ​ဇော်​သ​ကာ၊ ချီ​မြှောက်​ရာ ပူ​ဇော်​သ​ကာ၊ ထာ​ဝ​ရ​ဘု​ရား​အား​က​တိ​ရှိ​သည်​အ​တိုင်း၊ မြတ်​သော​ပူ​ဇော်​သ​ကာ​တို့​ကို ဆောင်​ခဲ့​ရ​ကြ​မည်။

သင်​တို့​အ​မျိုး​တစ်​မျိုး​တွင် ထာ​ဝ​ရ​ဘု​ရား​ရွေး​ကောက်​တော်​မူ​သော​အ​ရပ်၌ မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်၍၊ ငါ​မှာ​ထား​သ​မျှ​တို့​ကို ပြု​ရ​ကြ​မည်။

သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ရွေး​ကောက်​တော်​မူ​သော​အ​ရပ်၌၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ ကိုယ်​တိုင်​မှ​စ၍​သား​သ​မီး၊ ကျွန်​ယောက်ျား​မိန်း​မ၊ တည်း​ခို​သော​လေ​ဝိ​သား​တို့​သည် စား​ရ​ကြ​မည်။ ပြု​လေ​ရာ​ရာ၌ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ ရွှင်​လန်း​ခြင်း​ကို​ပြု​ရ​ကြ​မည်။

သင်၌ သန့်​ရှင်း​သော​ပူ​ဇော်​သ​ကာ၊ သ​စ္စာ​က​တိ​အ​တိုင်း​ပြု​သော ပူ​ဇော်​သ​ကာ​တို့​ကို​ယူ၍၊ ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ်​သို့ သွား​ရ​မည်။

သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​တို့​အ​မျိုး​အ​နွယ်​ရှိ​သ​မျှ​တို့​တွင် နာ​မ​တော်​ကို​တည်​စေ​ဖို့​ရာ ရွေး​ကောက်​တော်​မူ​သော အ​ရပ်​တည်း​ဟူ​သော ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ်​ကို ရှာ၍​လာ​ရ​ကြ​မည်။

ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ်၌ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ ထို​သိုး​နွား​တို့​ကို နှစ်​စဉ်​မ​ပြတ် အိမ်​သူ​အိမ်​သား​တို့​နှင့်​တ​ကွ ကိုယ်​တိုင်​စား​ရ​မည်။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် အ​ဗိ​ဗ​လ၊ ည​အ​ခါ၌ သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​သော​ကြောင့်၊ အ​ဗိ​ဗ​လ​ကို​မှတ်၍၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ပ​သ​ခါ​ပွဲ​ကို​ခံ​လော့။

သင်​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​လာ​သော​နေ့​ရက်​ကို တစ်​သက်​လုံး​အောက်​မေ့​ဖို့​ရာ ပ​သ​ခါ​ပွဲ​ခံ​စဉ်၊ တ​ဆေး​ပါ​သော​မုန့်​ကို မ​စား​ရ​ဘဲ၊ တ​ဆေး​မ​ပါ​သော မုန့်​တည်း​ဟူ​သော ဒု​က္ခ​မုန့်​ကို ခု​နစ်​ရက်​ပတ်​လုံး​စား​ရ​မည်။ အ​ကြောင်း​မူ​ကား၊ သင်​သည် အဲ​ဂု​တ္တု​ပြည်​မှ အ​လျင်​တ​ဆော ထွက်​လာ​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ